တရုတ်ဘက်ခြမ်းတွင် အလုပ်လုပ်သည့် မြန်မာလုပ်သား ၇ ဦး မှိုဆိပ်သင့် တဦးသေဆုံး

တရုတ်ဘက်ခြမ်းတွင် အလုပ်လုပ်သည့် မြန်မာလုပ်သား ၇ ဦး မှိုဆိပ်သင့် တဦးသေဆုံး

မြန်မာ တရုတ်နယ်စပ် ယူနန်ပြည်နယ် လုံချွမ်တွင် မြန်မာ အလုပ်သမား (၇) ဦး မှိုအဆိပ်သင့် ကာ တဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် လုံချွမ်မြို့ တွင် ခြံအလုပ်လုပ်သည့် မြန်မာ အလုပ်သမား (၇) ဦး သည် ၄င်းတို့အလုပ်လုပ်သည့်ခြံဝင်းအတွင်း ထွက်သည့် အမည်မသိ မှိုကို စားမိကာ မှိုအဆိပ်သင့် ပြီး ယမန်နေ့ ဇွန် ၂၆ ညနေပိုင်းက တရုတ်ပြည်မှ မြန်မာပြည်နယ်စပ် မူဆယ် နန်းတော်ဂိတ်( အလယ်ပေါက်) သို့ ပြန်လည် ပို့ ဆောင် ခြင်းခံရကြောင်း သိရသည်။

မှိုဆိပ်သင့်သူများသည် မကွေးတိုင်း ဒေသကြီးတွင် နေထိုင်ကြသူများဖြစ်ပြီး၊ အမျိုးသား ၄ ဦး အမျိုးသမီး ၃ ဦး တို့ဖြစ်ကြသည်။

ထိုသူများသည် အသက် (၃၆) နှစ်အရွယ် ဦးထွန်းထွန်းဦး၊ အသက် (၄၃)နှစ် အရွယ် ဦးထွန်းလင်း၊ အသက် ၁၈နှစ် အရွယ် မောင် တင်ဆန်းလင်း၊ အသက် ၂၆နှစ် အရွယ် မောင်စူပါ၊ အသက် ၂၈ နှစ်အရွယ် မသိန်းသိန်းဝင်း၊ အသက် ၂၃နှစ် အရွယ် မစုမြတ်ခိုင် နှင့် အသက် ၁၈နှစ် အရွယ် မကေဇင် တို့ ဖြစ်ကြသည်။

ထိုထဲတွင် အသက် ၃၆ နှစ် အရွယ် ဦးထွန်းထွန်းဦး သည် မူဆယ် ဂရုဏာလူမှုရေး အဖွဲ့မှ မူဆယ် မှ မန္တလေးသို့ ပို့ဆောင်နေစဉ် နမ့်ဖတ်ကာ အနီးရှိ ပန်ဂျလော့ ကျေးရွာတွင် သေဆုံးခဲ့သည် ဟု သိရသည်။

“ မနေ့က ညနေပိုင်း မှာ မှိုဆိပ်သင့် တဲ့ သူ ရဦး ကို မူဆယ်မြို့ အလယ်ပေါက်(နန်းတော်ပေါက်)မှာ ကျနော်တို့သွားစောင့်ခေါ်ပြီး၊ မန္တလေးကို ပို့ပါတယ်။ ည ၆ နာရီ မှာတော့ နမ့်ဖတ်ကာ အနီး ပန်ဂျလော့ မှာ အမျိုးသား တဦး ဆုံးသွားပါတယ်။ ကျန်သူကိုတော့ မန္တလေး ဆေးရုံ ကို ပို့ဆောင်ပေးခဲ့ပြီ ”ဟု မူဆယ်မြို့ ဂရုဏာ လူမှု ကူညီရေး အသင်းမှ ဦးသောင်းထွန်း က ပြောပြသည်။

ထို မှိုအဆိပ်သင့် သူများသည် ယခု ဇွန် ၂၀ ရက ်ညနေ တွင် စတင် အဆိပ်သင့်ခဲ့ပြီး၊ တရုတ်နိုင်ငံ ဝမ်းဇူးရို ဆေးရုံတွင် ဆေးကုသ သော်လည်း ထူးခြားမှု မရှိသဖြင့် မြန်မာပြည်သို့ပြန်လည် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

ထိုနည်းတူ ယမန်နှစ် ၂၀၁၈ ခုနစ်တွင်လည်း တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်သည့် မြန်မာနိုင်ငံသား များ မှိုဆိပ်တက်မှုကြောင့် (၇) ဦးသေဆုံးခဲ့ သေးကြောင်း သိရသည်။

မိုးရာသီတွင် တွေ့ရာ မှိုများခူးယူစားသုံးမှုကြောင့် မကြာခဏ မှိုဆိပ်သင့် ဖြစ်ပွားမှု များရှိပြီး အသက် ဆုံးရှုံးမှုလည်း နှစ်စဉ်ရှိခဲ့ပါသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...