တရားစွဲဆိုခံထားရသော ကချင်လူငယ် ၂ ဦးအမှု တရားလိုသက်သေများကို စတင်စစ်ဆေး

တရားစွဲဆိုခံထားရသော ကချင်လူငယ် ၂ ဦးအမှု တရားလိုသက်သေများကို စတင်စစ်ဆေး

ကချင်စစ်ဘေး (၈) နှစ်ပြည့် လမ်းဘေးတေး သရုပ်ဖော်ပြသမှုကြောင့် ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခံရသော ကိုပေါလု နှင့် မဆိုင်းနူးပန် တို့အမှုနှင့်ပတ်သက်ပြီး တရားလို သက်သေ ၂ ဦးကို ယနေ့ မြို့နယ် တရားရုံး တွင် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို သက်သေ ၂ ဦးမှာ ရှမ်းစုမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဌေးဝင်း နှင့် မြို့နယ် နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဇင်ကိုကို တို့ ဖြစ်ကြောင်း သိရပါသည်။

ယနေ့ စစ်ဆေးချက်များနှင့် ပတ်သက်ပြီး တရားစွဲဆိုခံရသူ မဆိုင်းနူးပန်က ယခုလို ပြောဆိုပါ သည်။

“စစ်တဲ့အချိန် ကျမတို့ ရှေ့နေဘက်ကနေ ဒီအထိမ်းအမှတ်ပွဲတွေကို ငြိမ်းစုစီ ဥပဒေ ဘယ်နေ ရာမှာ ပါတာ တွေ့တာလဲလို့ မေးပြီး ပါရင်ထောက်ပြပေးဖို့ ပြောတော့ ဒီဥပဒေမှာပါတယ်လို့ ကျွန်တော် တို့ သိထားတယ်လို့ ပြောလိုက်တယ်။ အဲဒါနဲ့ ဒီမှာဥပဒေစာအုပ် ဆိုပြီးပေးလိုက်တယ်။ သူ မိနစ် ၂၀ လောက်ကြည့်ပြီးမှ အော် မပါဘူးဆိုပြီး ပြန်ဖြေလာတယ်။ ပြောချင်တာက ဒီဥပဒေကို သူတို့က သိ လည်းမသိ မြင်လည်းမမြင်ဖူးဘူး ဖတ်လည်း မဖတ်ဘူးပဲနဲ့ ကျမတို့ကို ရည်ရွယ်ချက်ရှိရှိ အခုလို ကျမတို့ကို တရားစွဲတယ်လို့ မြင်တယ်။ ပြည်သူ့ရဲဆိုဒါက ပြည်သူတွေကို ကာကွယ်ဖို့အတွက်မဖြစ် နေတဲ့အတွက် စိတ်မကောင်းဖြစ်တယ်။” လို့ မဆိုင်းနူးပန် ပြောသည်။

ထို့နောက် “ရပ်ကွက်အုပ်ချုပ်ရေးမှူး သက်သေခံတာက အမှန်တရားဘက်ကို မရပ်တည်ရဲဘူးဖြစ်နေတယ်။ ပြည်သူတွေအပေါ် မတရားလုပ်နေတာကို ရပ်တည်မပေးပဲ အာဏာပိုင်တွေရဲ့ စကားကိုပဲ နားထောင်နေတာက ကျမတို့ လက်မခံနိုင်ဘူး။” ဟု ၎င်းက KNG ကချင်သတင်းဌာနကို ဆက်ဆိုထားပါသည်။

တရားလိုဘက် ကျန်ရှိသက်သေများကို လာမည့်အပတ် ဇူလိုင် ၄ ရက်နေ့ တွင် ထပ်မံ စစ်ဆေးသွား မည်ဟု သိရပါသည်။

ဇွန်လ ၉ ရက်နေ့ မြစ်ကြီးနား စိမ်းမြဧရာပန်းခြံ နှင့် ပြည်သူ့ရင်ပြင် အားကစားကွင်း နေရာ ၂ ခုတွင် ခွင့်ပြုချက် မတောင်းခံဘဲ လူစုလူရုံးပြုခဲ့သည်ဟုဆိုကာ ကိုပေါလု နှင့် မဆိုင်းနူးပန် တို့ ၂ ဦးကို မြို့နယ် ရဲတပ်ဖွဲ့ ယာယီ ဒုရဲမှူး မင်းသန့်ဇော် က တရားစွဲဆိုခဲ့ခြင်း ဖြစ်ပါသည်။

လွန်ခဲ့သည့်အပတ် ဇွန်လ ၁၉ ရက်နေ့ရုံးချိန်းတွင် တရားလို ဒုရဲမှူးကို စစ်ဆေးခဲ့ပါသည်။

Most read this week

ဓါတ်ပုံ - Crd
September 5, 2026
ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးအဆင်းရှိ အာရက္ခတပ်တော်...
ဓာတ်ပုံ - ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့
September 5, 2026
မွန်ပြည်၊ ကရင်ပြည်နှင့် တနင်္သာရီတိုင်းတို့တွင် စစ်အုပ်စုတပ်၏ စစ်ကြောင်းထိုးမှုနှင့် လေကြောင်း...
ပုံဟောင်း / Crd
September 4, 2026
ရခိုင်ပြည်အတွင်း စစ်ရေးအရ အထိနာနေသည့် စစ်အုပ်စုတပ်သည် ပုဏ္ဏားကျွန်း၊ စစ်တွေနှင့် ရသေ့တောင်...
September 4, 2026
မကွေးတိုင်း၊ ယောဒေသ ဆောမြို့နယ်၊ သီးကုန်းကျေးရွာအတွင်းသို့ စစ်အုပ်စုတပ် စစ်ကြောင်း ရုတ်တရက်...