တာချီလိတ် သတ္တုတူးဖော်ရေး ကုမ္ပဏီ ၀င်းအတွင်း မူးယစ်ဆေးဝါး ထုတ် စက် နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

တာချီလိတ် သတ္တုတူးဖော်ရေး ကုမ္ပဏီ ၀င်းအတွင်း မူးယစ်ဆေးဝါး ထုတ် စက် နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ အတွင်းရှိ နိုင်ရတနာ ရွှေတြိဂံ သတ္တုတူးဖော်ရေး ကုမ္ပဏီ လုပ်ငန်းဝန်း အတွင်း မူးယစ်ဆေးနှင့် မူးယစ်ဆေး ထုတ်လုပ်သည့် စက်ပစ္စည်း၊ လက်နက် ခဲယမ်းများ ဖမ်းဆီးရမိကြောင်း တာချီလိတ်မြို့မ ရဲစခန်းမှ စုံစမ်းသိရှိရသည်။

ဇွန်လ ၂၃ ရက် ယမန်နေ့က တာချီလိတ်မြို့ ဆေခမ်း ရပ်ကွက်ရှိ နိုင်ရတနာ ရွှေတြိဂံ ကုမ္ပဏီ ပိုင်ရှင်၏နေအိမ်တွင် မူးယစ်ဆေး နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိပြီး ၎င်း၏ ကုမ္ပဏီ လုပ်ကွက် တည်ရှိရာ တာချီလိတ်မြို့နယ် မိုင်းလင်း (အရှေ့) ကျေးရွာ အုပ်စု မိုင်းလင်း ဘုန်းကြီးကျောင်း အနီး သို့သွားရောက်ထပ်မံစစ်ဆေးမှုပြုလုပ်ခဲ့ရာတွင် ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းတာချီလိတ်ရဲများကပြောသည်။

ထိုစစ်ဆေးမှု တွင် မူးယစ်တပ်ဖွဲ့စု ၃၀ နှင့် ရဲတပ်ဖွဲမှ ပူးပေါင်းပြီး စစ်ဆေးရာ ကုမ္ပဏီ လုပ်ကွက် အိမ်တန်းလျားတွင် မည်သည့် လူတဦး တယောက်မျှ မတွေ့ရဘဲ စိတ်ကြွဆေးထုတ် စက် ၁လုံး၊ စတီးကန်တော့ (၁)ခု၊ သတ္တုဗန်(၃)ခု၊ ဂျာမနီ နိုင်ငံလုပ် ပွိုင့် ၂၂ သေနတ်တလက်၊ RPJ တလက်၊ M22 ကျည်(၁၀၀)တောင့် ၊ ပွိုင့် ၂၂ကျည် (၃၀)တောင့်၊ M22ကျည်ဘောက်တခု၊ M16 ကျည်ဘောက် တခု တို့ ကို သိမ်းဆည်း ရမိကြောင်း တာချီလိတ်ရဲများကဆိုပါသည်။

ထို့အပြင် ကုမ္ပဏီဝန်းအတွင်း တွင် မြေတူးယာဉ် (၁)စီး၊ CIUGONG လုတ်တာယာဉ် (၁)စီး၊ ၁၂ဘီးယာဉ် (၁)စီး၊ ၆ဘီးယာဉ် (၁)စီး နှင့် YAMAHA 250 R အမျိုးအစား ခဲ/ပြာရောင် ဆိုင်ကယ်(၁)စီး တို့ကိုလည်း သိမ်းဆည်း ရမိသည်ဟုဆိုသည်။

လက်ရှိတွင် လက်နက်ခဲယမ်း နှင့် မူးယစ်ဆေးဝါး ဖမ်းဆီးရမိသည့် နေအိမ် နှင့် ကုမ္ပဏီ ပိုင်ရှင် မှာ ထွက်ပြေး လွတ်မြောက်နေ ကြောင်း၊ ဖမ်းဆီးရရှိရန် အတွက် စုံစမ်းနေဆဲ ဖြစ်ကြောင်း တာချီလိတ်ရဲစခန်းက ပြောသည်။

ယခု လအတွင်း တာချီလိတ်မြို့တွင် ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါး၊ ပိုင်ရှင်မဲ့ လက်နက် ခဲယမ်းများကို မကြာခဏ ဖမ်းဆီး ရမိသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...