မွန်ပြည်နယ်တွင် ၁၁ လအတွင်း ယာဉ်တိုက်မှုပေါင်း ရ၀၀ ကျော် ဖြစ်ပွား

မွန်ပြည်နယ်တွင် ၁၁ လအတွင်း ယာဉ်တိုက်မှုပေါင်း ရ၀၀ ကျော် ဖြစ်ပွား
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ် ၁၀ မြို့နယ်တွင် ယခုနှစ် ဇန်နဝါလမှ နိုဝင်ဘာလအထိ ၁၁ လအတွင်း ယာဉ်တိုက်မှုပေါင်း ရ၁၆ မှုရှိပြီး လူ ၂၈၇ ဦးသေဆုံးကာ စုစုပေါင်း ၁၁၈၁ ဦးဒဏ်ရာရရှိခဲ့သည်ဟု ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံး (မော်လမြိုင်) မှ သိရသည်။

“အထူးသဖြင့် မော်လမြိုင်မြို့ပေါ်မှာ ယာဉ်တိုက်မှုဖြစ်တဲ့အကြောင်းအရင်းတွေကတော့ ဆိုင်ကယ်တွေက လမ်းသွယ်ကနေ လမ်းမကြီးဆီကိုကွေ့တဲ့အချိန်မှာ လမ်းမပေါ်က ယာဉ်ကိုမကြည့်ဘူး၊ သူတို့တွေက ဇွတ်ကွေ့ချတော့တာပဲ၊ နောက်ပြီးတော့ အရှိန်လဲမလျှော့တဲ့အတွက်ကြောင့် ယာဉ်တိုက်မှု ဖြစ်ပွားတာပဲ” ဟု ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲမှူး ကျော်သူက ပြောသည်။

ယခုဒီဇင်ဘာလလေးရက်အတွင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးပညာပေး ၄ ကြိမ် ပြုလုပ်ခဲ့ရာ ကျောင်းသား/သူ ၄၀၀ ကျော်၊ ဝန်းထမ်း ၂၀ ဦးနီးပါး၊ ယာဉ်မောင်း ယာဉ်နောက်လိုက် ၃၀၀ ကျော် စုစုပေါင်း လူဦးရေ ရ၀၀ ကျော် ပညာပေးဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာလတွင် အကြိမ် ၃၀ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

“ယာဉ်ထိန်းအင်အားက နည်းတဲ့အတွက်ကြောင့် မွန်ပြည်နယ် ၁၀ မြို့နယ်မှာ ယာဉ်ထိန်းတကယ်တမ်း တာဝန်ချထားပေးနိုင်တာက ဘီးလင်း၊ ကျိုက်ထို၊ သထုံ၊ မော်လမြိုင်၊ မုဒုံ ၅ မြို့နယ်ပဲရှိတယ်လို့” ၎င်းက ဆက်ပြောသည်။

ယာဉ်တိုက်မှု ဖြစ်ပွားရခြင်းမှာ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်း နားမလည်သည့်အပြင် မလိုက်နာသည့်အတွက်ဖြစ်ကြောင်း မော်လမြိုင် လူမှုကယ်ဆယ်ရေးအသင်း ကိုဘိုဘိုဝင်းက ဆိုသည်။

ကိုဘိုဘိုဝင်းက “ဆိုင်ကယ်မောင်းသူကလည်း ယာဉ်စည်းကမ်းနားမလည်တာလဲပါတယ်၊ ဆိုင်ကယ်ဦးထုပ် မဆောင်းတဲ့အခါကျတော့ ထိခိုက်ဒဏ်ရာရှိတဲ့အခါ ပိုပြီးထိခိုက်ဒဏ်ရာ ရရှိတယ်။ တစ်စီးနဲ့တစ်စီး နားလည်းမှုမရှိဘူး၊ ယာဉ်းစည်းကမ်းတွေမလိုက်နာကြဘူး၊ တကယ်လို့ ယာဉ်စည်းကမ်းနားလည်မယ် စည်ကမ်းလိုက်နာသွားမယ်ဆိုရင် ယာဉ်မတော်မဆ ထိခိုက်မှု လျော့နည်းသွားမယ်လို့” ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမပေါ်၌ ပေါင်မြို့နယ်၊ ကျုံကကျေးရွာအနီး ယာဉ်မတော်တဆမှုတွင် အိမ်စီးကားတစ်စီး အရှိန်လွန်၍လမ်းဘေးဓါတ်မီးတိုင်တိုက်မိပြီး မော်တော်ယာဉ်နှင့်အတူယာဉ်မောင်းပါ မီးလောင်သေဆုံးမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

အလားတူ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယခုနှစ်ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ၁၁ လအတွင်း ယာဉ်တိမ်းမှောက်မှု ၆၉၃မှုဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၅၀ ခန့် သေဆုံးကာ ၁၁၉၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး(နေပြည်တော်) မှ သိရှိရသည်။

Most read this week

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...