ပေါင်မြို့နယ် မိုးစပါး ဧက ၃ သောင်းခန့် ရေနစ်မြုပ်

ပေါင်မြို့နယ် မိုးစပါး ဧက ၃ သောင်းခန့် ရေနစ်မြုပ်

မွန်ပြည်နယ်၏ မိုးစပါးအထွက်အများဆုံး ဒေသဖြစ်သည့် ပေါင်မြို့နယ်တွင် မိုးစပါးစိုက်ဧက ၃၀,၀၀၀ ခန့် ရေမြုပ်နေသောကြောင့် ဒေသတွင်းရှိ တောင်သူလယ်သမားများ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ဒေသခံ တောင်သူလယ်သမားများက ပြောသည်။

ပေါင်မြို့ နယ်အတွင်းရှိ ကတိုက်ဆည်ရေထိန်းတံခါးတွင် နှှုန်းမြေများပိတ်ဆို့နေမှုကြောင့် ရင်းငြိမ်တောင်၊ ဖြူဘ၊ သဲကုန်း၊ ကျုံဟော်၊ ပန်းကုန်း အစရှိသည့် ကျေးရွာ ၁၁ ရွာတို့မှ မိုးစပါးစိုက်ပျိုးမြေများ ရေမြုပ်မှု ဒဏ် နှစ်စဉ်ခံရပြီး ယခုနှစ်တွင် ပိုမိုဆိုးရွားလာသည် ဟု ဒေသခံ လယ်သမားများ က ပြောသည်။

“ကတိုက်ဆည်ကို အမှီပြုပြီးတော့ နွေစပါးစိုက်လာတာ ၁၂ နှစ်ရှိနေပါပြီး အရင်က အဆင်ပြေခဲ့ပေမယ့် အခု နောက်ပိုင်း ၃ နှစ်လောက်ရှိနေပြီ၊ လယ်တွေ ရေမြုပ် တောင်သူတွေ ဆုံးရှုံးမှုတွေဖြစ် အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်” ဟု တောင်သူ ဦးလွင်အေးက ပြောသည်။

ယခင်က နှုန်းများကို နွေစပါးအတွက် အသုံးပြီး ပိုလျှံသည့် ဆည်ရေများဖြင့် ဖယ်ရှားခဲ့သည့်အတွက် ရေနစ်မြုပ် မှုမရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် နွေစပါးစိုက်ပျိုးမှု ပိုများပြားလာသည့်အတွက် ဆည်ရေလုံလောက်မှု မရှိဖြစ်လာကာ နှုန်းများဖယ်ရှားနိုင်ခြင်းမရှိခြင်းကြောင့် လယ်များ ရေနစ်မြှုပ်ရခြင်း ဖြစ်သည်ဟု တောင်သူလယ်သမားများက ပြောသည်။

လယ်သမားများအနေဖြင့် မိုးစပါးစိုက်ပျိုးရန်အတွက် ကုန်ကျစရိတ် တစ်ဧကလျှင် ကျပ် ၁ သိန်းခွဲဝန်းကျင်ခန့် အကုန်ကျခံ စိုက်ပျိုးထားရပြီး ယခုအခါ စပါးခင်းများ ပျက်စီးကုန်သည့်အတွက် ဆုံးရှုံးမှုများစွာရှိနေသည်ဟု လယ် ၁၀ ဧက ရေမြှုပ်သွားသည့် ဒေါ်ဖွားသက်က ပြောသည်။

လယ်သမားများကြုံတွေ့နေရသည့် မိုးစပါးရေကြီးနစ်မြှုပ်မှုကို ပြည်နယ်အစိုးရအစီအစဉ်နှင့် နှုန်းများ ဖယ်ရှားပြီး ရေလမ်းကြောင်း ဖော်ပေးနေသော်လည်း အလုပ်မဖြစ် ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။

“ဒီနှစ် ၂ လပိုင်းလောက်ကတည်းက ဘတ်ဟိုးတွေနဲ့ ရေလမ်းကြောင်းတွေ ဖော်ပေးခဲ့ပေမယ့် ဆည်ရေထိန်း တံခါးနဲ့ ပင်လယ်ထွက်ပေါက်နဲ့က ၇ မိုင်လောက်ဝေးတဲ့အတွက် အားလုံး မလုပ်နိုင်ခဲ့ဘူး။ ဘတ်ဂျက်လည်း မလုံလောက်တဲ့အတွက် နှုန်းတွေ ပင်လယ်ထဲရောက်အောင် မခွဲနိုင်ခဲ့ဘူး” ဟု ဆည်ရေထိန်းတံခါးမှ ဦးစီးမှူး (မြို့ ပြ) ဦးဇော်မိုးဝင်း က ပြောသည်။

တောင်သူလယ်သမားများ နှစ်စဉ်ကြုံတွေ့ နေရသည့် လယ်ရေမြုပ်သည့်ကိစ္စကို သက်ဆိုင်ရာတာဝန်ရှိသူများမှ နည်းလမ်းများရှာဖွေပြီး လာမည့်နှစ်အတွက် ရေမနစ်မြုပ်အောင် ကြိုတင် ဖြေရှင်းပေးစေလိုသည်ဟု တောင်သူလယ်သမားများက ပြောသည်။

ပေါင်မြို့နယ်တွင် မိုးစပါးစိုက်ဧက ၁ သိန်း ၃ သောင်းကျော်ရှိပြီး မွန်ပြည်နယ်တွင် မိုးစပါးအထွက် အများဆုံး ဒေသတစ်ခုလည်း ဖြစ်သည်။

Most read this week

ဓါတ်ပုံ - Crd
September 5, 2026
ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးအဆင်းရှိ အာရက္ခတပ်တော်...
ဓာတ်ပုံ - ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့
September 5, 2026
မွန်ပြည်၊ ကရင်ပြည်နှင့် တနင်္သာရီတိုင်းတို့တွင် စစ်အုပ်စုတပ်၏ စစ်ကြောင်းထိုးမှုနှင့် လေကြောင်း...
ပုံဟောင်း / Crd
September 4, 2026
ရခိုင်ပြည်အတွင်း စစ်ရေးအရ အထိနာနေသည့် စစ်အုပ်စုတပ်သည် ပုဏ္ဏားကျွန်း၊ စစ်တွေနှင့် ရသေ့တောင်...
September 4, 2026
မကွေးတိုင်း၊ ယောဒေသ ဆောမြို့နယ်၊ သီးကုန်းကျေးရွာအတွင်းသို့ စစ်အုပ်စုတပ် စစ်ကြောင်း ရုတ်တရက်...