ယင်းအတွက် ဂျာမန်ဖွံ့ဖြိုးရေးဘဏ် (KFW) မှ ယူရိုငွေ (၁၀) သန်း ထောက်ပံ့ရန်အတွက် စိုက်ပျိူးမွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနတို့သည် နိုဝင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တာဝန်ရှိသူများသည် နိုဝင်ဘာလကုန်ပိုင်းက ကွင်းဆင်းလေ့လာမှုများပြုလုပ်ခဲ့ကြပြီးဖြစ်ကြောင်း လာမည့်နှစ်ဆန်းပိုင်းတွင် စတင်အကောင်ထည်ဖော်သွားမည်ဟု ဒေါ်ရှားမီးက ပြောသည်။
“အခု ကွင်းဆင်းလေ့လာမှုတွေပြုလုပ်ဖို့ ကလေးမြို့ကို ရောက်ရှိနေကြပြီ၊ ဒီကိစ္စကို ဂျာမန်ဖွံ့ဖြိုးရေးဘဏ် (KFW) မှ ဦးစီးပြီး ဆောင်ရွက်မှာဖြစ်တယ်၊ ကျွန်မတို့ လွတ်တော်ကိုယ်စားလှယ်တွေနဲ့ ရပ်မိရပ်ဖတွေကတော့ အနီးကပ် လေ့လာစောင့်ကြည့် သွားမယ်”ဟု ပြောသည်။
ဂျာမန်ဖွံ့ဖြိုးရေးဘဏ်(KFW) အထောက်အပံ့ ယူရိုငွေ(၁၀)သန်းဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့နယ် အတွင်း၌ ဆောင်ရွက်မည့် လုပ်ငန်းများလျာထားစာရင်းမှာ ကလေးဒေသရှိ ချင်းလူမျိူးများအဓိကအားထားနေရသော ဆည်ကြီးတံတား နှင့် နတ်တံခါးတံတားများကို သံကူကွန်ကရစ်တံတားများဖြင့် တည်ဆောက်ရန်၊ ဒိုးဝမ်းချောင်းကျေးရွာမှ ရာဇဂြိုလ်ရွာ လမ်းအကြား လမ်းမကြီးအား ကတ္တရာခင်းရန် နှင့် လမ်းပေါ်ရှိဆက်စပ်တံတားများပြုပြင်ရန်၊ စက္ကန့်ကျေးရွာ နှင့် ရှားတောကျေး ရွာဆက်လမ်အား ကတ္တရာခင်းရန်၊ နမ့်မြောင်ချောင်းရေကျော်၊ မှန်လုံချောင်းရေကျော် နှင့် ဇီးချောင်း ရေကျော်တို့အား သံကူကွန် ကရစ် ရေကျော် များဖြင့်တည်ဆောက်ရန်တို့ဖြစ်သည်။







