ကလေးဒေသ လမ်း၊ တံတားများ ပြုပြင်မည့်အစီစဉ် ၂၀၁၇ နှစ်ဆန်းတွင် စမည်

ကလေးဒေသ လမ်း၊ တံတားများ ပြုပြင်မည့်အစီစဉ် ၂၀၁၇ နှစ်ဆန်းတွင် စမည်
by -
ခိုနူမ်းထုန်
ယမန်နှစ်က ရေးကြီးရေလျှံမှုများကြောင့် ပျက်စီးသွားသော ကလေးမြို့နယ်အတွင်းရှိ လမ်း၊ တံတားများ ပြန်လည်ပြုပြင် မွမ်းမံမည့်အစီစဉ်ကို လာမည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလကစပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ကလေးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ရှားမီးက ပြောသည်။

ယင်းအတွက် ဂျာမန်ဖွံ့ဖြိုးရေးဘဏ် (KFW) မှ ယူရိုငွေ (၁၀) သန်း ထောက်ပံ့ရန်အတွက် စိုက်ပျိူးမွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနတို့သည် နိုဝင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တာဝန်ရှိသူများသည် နိုဝင်ဘာလကုန်ပိုင်းက ကွင်းဆင်းလေ့လာမှုများပြုလုပ်ခဲ့ကြပြီးဖြစ်ကြောင်း လာမည့်နှစ်ဆန်းပိုင်းတွင် စတင်အကောင်ထည်ဖော်သွားမည်ဟု ဒေါ်ရှားမီးက ပြောသည်။

“အခု ကွင်းဆင်းလေ့လာမှုတွေပြုလုပ်ဖို့ ကလေးမြို့ကို ရောက်ရှိနေကြပြီ၊ ဒီကိစ္စကို ဂျာမန်ဖွံ့ဖြိုးရေးဘဏ် (KFW) မှ ဦးစီးပြီး ဆောင်ရွက်မှာဖြစ်တယ်၊ ကျွန်မတို့ လွတ်တော်ကိုယ်စားလှယ်တွေနဲ့ ရပ်မိရပ်ဖတွေကတော့ အနီးကပ် လေ့လာစောင့်ကြည့် သွားမယ်”ဟု ပြောသည်။

ဂျာမန်ဖွံ့ဖြိုးရေးဘဏ်(KFW) အထောက်အပံ့ ယူရိုငွေ(၁၀)သန်းဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့နယ် အတွင်း၌ ဆောင်ရွက်မည့် လုပ်ငန်းများလျာထားစာရင်းမှာ ကလေးဒေသရှိ ချင်းလူမျိူးများအဓိကအားထားနေရသော ဆည်ကြီးတံတား နှင့် နတ်တံခါးတံတားများကို သံကူကွန်ကရစ်တံတားများဖြင့် တည်ဆောက်ရန်၊ ဒိုးဝမ်းချောင်းကျေးရွာမှ ရာဇဂြိုလ်ရွာ လမ်းအကြား လမ်းမကြီးအား ကတ္တရာခင်းရန် နှင့် လမ်းပေါ်ရှိဆက်စပ်တံတားများပြုပြင်ရန်၊ စက္ကန့်ကျေးရွာ နှင့် ရှားတောကျေး ရွာဆက်လမ်အား ကတ္တရာခင်းရန်၊ နမ့်မြောင်ချောင်းရေကျော်၊ မှန်လုံချောင်းရေကျော် နှင့် ဇီးချောင်း ရေကျော်တို့အား သံကူကွန် ကရစ် ရေကျော် များဖြင့်တည်ဆောက်ရန်တို့ဖြစ်သည်။

May 30, 2026
အာဏာသိမ်းစစ်တပ်က ချင်းတောင်ပိုင်းကို ထိုးစစ်ဆင်နေသည့် လက်ရှိကာလအတွင်း မင်းတပ်မြို့ပေါ်တွင်...
May 29, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ လုံပီး (Lungpi) ကျေးရွာအနီးတွင် အာဏာသိမ်းစစ်တပ်က သတ်ဖြတ်ထားသည့်...
May 28, 2026
အာဏာသိမ်းစစ်တပ်သည် ချင်းပြည်နယ်မြောက်ပိုင်းတွင် မြို့များကို ပြန်လည်သိမ်းပိုက်ပြီးနောက် ၎င်းတို့...
May 27, 2026
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်အကြား စီးဆင်းနေတဲ့ တီအိုချောင်း(Tiau Lui) မှာ...