KSNG၏ကျောင်းသားစုံညီပွဲတော် ဒေသခံ ၁၀၀၀ကျော်ပူးပေါင်းပါဝင်

KSNG၏ကျောင်းသားစုံညီပွဲတော် ဒေသခံ ၁၀၀၀ကျော်ပူးပေါင်းပါဝင်
by -
ကေအိုင်စီ
ဓါတ်ပုံ KSNG
ဓါတ်ပုံ KSNG
ကရင်ကျောင်းသားကွန်ရက်(KSNG)မှ ဦးဆောင်ပြီးဖားအံခရိုင်၊ တနေးချားမြို့နယ်(ကော့ကရိတ်မြို့နယ်)၊မိဖာလိုင်းကျေးရွာ၌ နိုဝင်ဘာ၂၈ရက်မှ ဒီဇင်ဘာ၁ရက်နေ့အထိကျင်းပသည့် ၁၁ကြိမ်မြောက် ဋ္ဌာနေမဲ့ (IDP) ကျောင်းသားစုံညီပွဲတော်အစီအစဉ်ကို ကျေးရွာအုပ်စု(၄)စုရှိ စာသင်ကျောင်းပေါင်း၁၃ကျောင်းမှ ဒေသခံကျောင်းသူကျောင်းသား၊ဆရာဆရာမနှင့်ရပ်မိရပ်ဖ ၁၀၀၀ကျော်ပူးပေါင်းပါဝင်ခဲ့ကြောင်းသိရသည်။

ကျောင်းသူကျောင်းသားများနှင့် ပညာရေးလုပ်သားများအားစိတ်ဓာတ်မြှင့်တင်ရန်၊ ကရင့်ပညာရေးပိုမိုဖွံ့ဖြိုးတိုးတက် ရန်အပြင်နားလည် မှုနှင့် ပူးပေါင်းဆောင်ရွက်မှုပိုမိုရရှိလာစေရေးအတွက် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်ဟု KSNGဒုဥက္ကဋ္ဌနော် ဒီဘဲရီကူးနူးက ကေအိုင်စီ သို့ပြောသည်။

“အဲ့ဒေသက ဒီလိုစုံညီပွဲတော်မျိုးတစ်ခါမှမလုပ်ဖူးကြဘူး။သူတို့အတွက်ပထမဦးဆုံးဖြစ်တာပေါ့။ ကျောင်းတစ်ကျောင်းနဲ့တစ်ကျောင်း ကလည်း ရင်းနှီးမှုမရှိကြဘူး။ကျမတို့က စုခေါ်ပြီးဒီလိုလုပ်ပေးတော့ သူတို့မှာဒေသတစ်ခုနဲ့တစ်ခုတစ်ယောက်နဲ့တစ်ယောက်ကြားမှာ ရင်းနှီးမှုတွေရလာကြတယ်။ ပိုပြီးတော့မှလည်း ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေရှိလာကြတယ်”ဟု ၎င်းက ပြောသည်။

၎င်းစုံညီပွဲတော်သို့ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၏ ကရင်ပညာရေးဋ္ဌာန(KED) ကျောင်းများ၊အစိုးရကျောင်း၊ KEDနှင့်အစိုးရတို့ ရောနှောအုပ်ချုပ်သည့် ကျောင်းများပါဝင်ခဲ့ကြပြီး ဒေသတွင်းစနစ်မတူညီသည့် စာသင်ကျောင်းများအကြား နားလည်မှုနှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မှုများအတွက များစွာအထောက်အကူပြုခဲ့သည်ဟုလည်း နော်ဒီဘဲရီကူးနူးက ဆက်ပြောသည်။

လေးရက်ကြာ ပြုလုပ်သည့် ၎င်းစုံညီပွဲတော်အစီအစဉ်၌ ကျောင်းဆရာ/ဆရာမ၊ ကျောင်းကော်မတီပါဝင်သည့် ဆွေးနွေးပွဲများ၊ကျောင်းသားများ၏ဘောလုံး၊ခြင်းလုံးစသည့် အားကစားပြိုင်ပွဲများ၊ ပန်းချီနှင့်ရိုးရာလွယ်အိတ် ခြင်းတောင်း၊ပလိုင်းယက်ပြိုင်ပွဲများ၊ ရိုးရာအကနှင့်တေးသရုပ်ဖော်ပြိုင်ပွဲများပါဝင်ခဲ့သည်ဟုသိရသည်။

KIC0801

ထို့အပြင် KED၊ နယ်စပ်အခြေစိုက် Karen Refugee Committee Education Entity-KRCEE မှတာဝန်ရှိသူများက ကရင်ပညာရေး နည်းစနစ်နှင့် ဖွံ့ဖြိုးတိုးတက်နိုင်မည့်နည်းလမ်းများကို ဒေသခံကျောင်းသူကျောင်းသားများနှင့် ပညာရေးဝန်ထမ်းများအား လာရောက်ပြောဆိုဆွေးနွေးခဲ့သည်ဟု သိရသည်။

KSNGမှကြီးမှူး၍ ၁၀ကြိမ်မြောက်IDPကျောင်းသားစုံညီပွဲတော်ကို ကရင်ပြည်နယ်၊ ကေအဲန်ယူထိန်းချုပ်နယ်မြေ၊ ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ် (ဖာပွန်မြို့နယ်)၊ဘူးအားဒဲကျေးရွာ၌ ၂၀၁၅ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်မှ ၂၀ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။

KSNGကိုထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများ အပါအဝင် ပြည်တွင်း၊ ပြည်ပတွင် နေထိုင်ကြသော ကရင်ကျောင်းသားကျောင်း သူများ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ဆက်သွယ်ကာ ၎င်းတို့၏ အတွေ့အကြံု ဗဟုသုတများကို ဝေငှနိုင်ရန်ရည်ရွယ်၍ ၁၉၉၆ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ သည်။

Most read this week

December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...
Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...