မြန်မာ တိုက်လေယာဉ်များ တရုတ်ဘက်မှ မုံးကိုး ကို တိုက်ခိုက်

မြန်မာ တိုက်လေယာဉ်များ တရုတ်ဘက်မှ မုံးကိုး ကို တိုက်ခိုက်
by -
ကေအဲန်ဂျီ
မြန်မာ ဂျက်တိုက် လေယာဉ်များသည် နယ်စပ် တရုတ်နိင်ငံဘက်မှ ဖြတ်ဝင်လာပြီး မြန်မာပြည် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု ထိန်းချုပ်ထားသော မုံးကိုးမြို့ကို ယနေ့ အကြိမ်ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်းဒေသခံများက ပြောကြားသည်။

ဂျက်တိုက် လေယာဉ် ၂စီးနှင့်အတူ ထောက်ပို့ လေယာဉ် ၂စီးသည် တရုတ်ဘက်ခြမ်း မန်ဟိုင်း (Manhai) ဘက်မှ မုံးကိုး ဘက်သို့ ၀င်လာပြီး မူလ လမ်းကြောင်း တရုတ်ပြည်ဘက်မှ လှည့်ပြန်သွားကြောင်း မန်ဟိုင်းမှ မျက်မြင်သက်သေများ ကချင် သတင်း ဌာန KNG ကို ပြောပါသည်။

ဂျက်တိုက် လေယာဉ် ၂စီးသည် နံနက် ရ နာရီကျော်မှ ညနေ ၅ နာရီကျော်ထိ တနေ့လုံး မုံးကိုးမြို့နှင့် ပတ်ဝန်းကျင် ကို အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထောက်ပို့ လေယာဉ်ကြီး ၂စီးမှလည်း မုံးကိုး စစ်ဗျူဟာကုန်း အနီးနှင့် မုံးကိုးချောင်း တလျှောက် နက်ကြီးများ ချပေးခဲ့သည်ဟု Northern Alliance (Burma) မဟာမိတ်တပ် အရာရှိ တဦး ဆိုပါသည်။

လေယာဉ်မှ ချပေးသည့် ရုရှားလုပ် RPG လက်နက် သေတ္တာနှင့် အချို့လက်နက်များကို မဟာမိတ်တပ်ဘက်မှ သိမ်းယူနိုင်ခဲ့သည်ဟု သူက ဆက်လက်ပြောဆိုသည်။

ယမန်နေ့ ဒီဇင်ဘာ ၂ ရက်က မုံးကို ဗျူဟာကုန်းကို မဟာမိတ်တပ်မှ တိုက်ခိုက်သိမ်းပိုက်စဉ် မြန်မာစစ်သား ၁၀၀ ခန့်သည် စခန်း အပြင်ဘက်နှင့် တရုတ်နယ်စပ် ဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

ဒီဇင်ဘာ ၁ ရက်မှ စပြီး မုံးကိုးမြို့ လူနေအိမ်များကို မြန်မာစစ်တပ် လေကြောင်းမှ တနေ့လုံး ပြင်းပြင်းထန်ထန် ဗုံးကြဲ တိုက်ခိုက်မှုတွင် ဒေသခံပြည်သူများလည်း ထိခိုက် သေဆုံးမှု ရှိကြောင်း နယ်စပ်ရှိ ကချင် သတင်း ဌာန KNG သတင်းထောက် က ဆိုပါသည်။

ယခုကဲ့သို့ မြန်မာ တိုက်လေယာဉ်များ တရုတ်ပြည်ဘက်မှ မုံးကိုးမြို့ကို ဖြတ်သန်း တိုက်ခိုက်ခြင်းနှင့် မြန်မာ စစ်သားများ ပစ်ခတ်မှုကြောင့် မန်ဟိုင်းမြို့တွင် ဒုက္ခသည်များနှင့် တရုတ်ပြည်သူများ ထိခိုက် သေဆုံးမှုများလည်းရှိသည်ဟု ဆိုသည်။

ထို့အပြင် နယ်စပ်တွင် တရုတ် တိုက်ခိုက်ရေး တပ်ဖွဲ့နှင့် လက်နက်ကြီးတပ်ဖွဲ့များ ချထားသော်လည်း ယခုအချိန်ထိ ၎င်းတို့ နယ်နိမိတ် အတွင်းရှိ ပြည်သူများနှင့် စစ်ပြေးဒုက္ခသည်များကို အကာကွယ် ပေးခြင်း မရှိသေးပါ။ တရုတ် စစ်သားများသည် မြန်မာ ဂျက်တိုက်လေယာဉ်များ မုံးကိုးမြို့ကို ဗုံးကြဲ တိုက်ခိုက်စဉ် ၎င်းတို့ စခန်းများမှ ဝေးရာသို့ ရှောင်သိမ်းသွားလျှက် ရှိနေသည်ဟု နယ်စပ် မျက်မြင်သက်သေများ ဆိုပါသည်။

July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...