မွန်ပြည်နယ်ဝန်ကြီးချုပ်ကိစ္စ ရက်ပိုင်းအတွင်းစုံစမ်းတော့မည်

မွန်ပြည်နယ်ဝန်ကြီးချုပ်ကိစ္စ ရက်ပိုင်းအတွင်းစုံစမ်းတော့မည်
by -
မွန်သတင်းအေဂျင်စီ
 လေ့လာသုံးသပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဝင်း(Internet)
လေ့လာသုံးသပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဝင်း(Internet)
မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပတ်သက်သည့် တိုင်စာကိစ္စရပ်များကို ယခုရက်ပိုင်းအတွင်း လေ့လာစုံစမ်းသွားမည်ဟု လေ့လာသုံးသပ်ရေး အဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဝင်းက ပြောသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဒုဥက္ကဋ္ဌနှင့် ပတ်သက်သည့် တိုင်စာ ကိစ္စရပ်များကို လေ့လာသုံးသပ်တင်ပြနိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဖွဲ့ဝင် ၃ ဦးပါသည့် လေ့လာသုံးသပ်ရေးအဖွဲ့ကို ဖွဲ့စည်းထားကြောင်း ကို နိုဝင်ဘာ ၂၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

“ကျနော်တို့ မွန်ပြည်နယ်မှာဖြစ်ပျက်နေတဲ့ ဖြစ်ပျက်နေတယ်ဆိုတာ ကျနော်တို့ကို စာနဲ့ တင်ပြလာတာရှိတယ်၊ ဖြစ်ပျက်နေတဲ့အခြေအနေ ကို တင်ပြတယ်၊ အဲဒါကို ဘယ်လောက်မှန်သလဲ တင်တဲ့အတိုင်းဘဲလား၊ ဘာတွေရှိသေးလဲ သိချင်လို့ လေ့လာရေးအဖွဲ့ကို ဖွဲ့ပြီးတော့ စုံစမ်းတာပေါ့၊ ဒီရက်ပိုင်းအတွင်းဘဲ လုပ်မယ် ကျနော်တို့ ချိတ်ဆက်နေပါပြီ” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

လေ့လာစုံစမ်းသည့်အခါ လက်မှတ်ထိုး တိုင်ကြားထားသည့်လူပုဂ္ဂိုလ်တချို့ (သို့မဟုတ်) လိုအပ်ပါက တိုင်ကြားသူ အားလုံးကို တွေ့ဆုံရန် စီစဉ်ထားသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

လေ့လာသုံးသပ်ရေးအဖွဲ့သည် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်ပြီး ဒေါက်တာမျိုးညွန့်နှင့် ဦးကျော်ဟိုးတို့ ပါဝင်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်သည် ဝန်ကြီးချုပ် တာဝန်ယူခဲ့သည့် ၈ လတာ ကာလအတွင်း လွှတ်တော်အစည်းအဝေးတက်ရန် ပျက်ကွက်ခြင်း ကိစ္စ၊ ပြည်နယ်စီမံကိန်းကော်မတီဖွဲ့စည်းရာတွင် စီးပွားရေးလုပ်ငန်းရှင် ထည့်သွင်းထားသည့်ကိစ္စ စီးပွားရေးလုပ်ငန်းရှင်တွေနှင့် မကြာခဏတွေ့ဆုံနေသည့်ကိစ္စတွေနှင့် ပတ်သက်ပြီး ပြည်သူလူထုတွေကြားမှာ ဝေဖန်ခံနေရသည့်အပြင် လူမှုရေးကိစ္စနှင့် ပတ်သက်ပြီး သတင်းထွက်ပေါ်နေမှုအပေါ်မှာလည်း ဝေဖန်ခံနေရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် လက်ရှိတာဝန်ယူထားသည့် ဦးမင်းမင်းဦးသည် ဝန်ကြီးချုပ်တာဝန်အပြင် ပြည်နယ်စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနကိုပါ ပူးတွဲတာဝန်ယူထားသူတစ်ဦးလည်း ဖြစ်သည်။

တိုင်ကြားထားသည့်အကြောင်းအရာနှင့် ပတ်သက်ပြီး လေ့လာစုံစမ်းမှုမပြုလုပ်ရသေးသည့်အနေအထားကြောင့် လေ့လာသုံးသပ်ရေးအဖွဲ့ဘက်က ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း မွန်ပြည်နယ်ဝန်ကြီးချုပ် အပြောင်းအလဲလုပ်မည့်ကိစ္စသည် ပြည်နယ်အတွင်း ဝေဖန်ခံနေရသည့်ကိစ္စတို့နှင့် ဆက်စပ်မှုရှိနိုင်သည်ဟု သုံးသပ်နေကြသည်။

Most read this week

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...