မြန်မာစစ်တပ် မုံးကို ဗျူဟာကုန်း မဟာမိတ်တပ် လက်ထဲ ကျဟုဆို

မြန်မာစစ်တပ် မုံးကို ဗျူဟာကုန်း မဟာမိတ်တပ် လက်ထဲ ကျဟုဆို
by -
ကေအဲန်ဂျီ
ယမန်နေ့ ပြင်းပြင်းထန်ထန် တိုက်ပွဲ ဖြစ်ပွားပြီး လေကြောင်းမှ အဆက်မပြတ် ဗုံးကြဲ တိုက်ခိုက်ပေးသည့်ကြား ရှမ်းပြည်မြောက်ပိုင်း မုံးကိုမြို့ မြန်မာစစ်တပ် ဗျူဟာကုန်းသည် ယနေ့ ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းမှာ မြန်မာပြည်မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု လက်ထဲ လုံးဝ ကျ သွားခဲ့ကြောင်း သတင်းရရှိသည်။

Dec 2 2016 Northern Alliance Burma troops control Burmese Militry Trategic Command in Mongkoeနံနက်ပိုင်း ၁၀ နာရီခွဲခန့်မှာ Northern Alliance (Burma) ခေါ် မဟာမိတ် တပ်ပေါင်းစု ကိုးကန့် MNDAA တပ်ဖွဲ့များမှ ဗျူဟာကုန်းကို အပြီးအပိုင် သိမ်းပိုက်နိုင်ခဲ့ပြီး ၎င်းစခန်း ပတ်ဝန်းကျင်ကို ရှင်းလင်းနေကြောင်း မုံးကိုမြို့ ရှေ့တန်းမှ မဟာမိတ် တပ်မှ အရာရှိ တဦး ကချင် သတင်း ဌာန KNG ကို အတည်ပြု ပြောပါသည်။

ယနေ့ နံနက်ပိုင်းမှ အစိုးရ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့်လည်း ပစ်ကူ ပေးမှုရှိသော်လည်း စစ်ရေးအရ အရေးပါသော မုံးကို ဗျူဟာကုန်းကို သိမ်းပိုက်နိုင်ခြင်းဖြစ်ပြီး မြို့တွင်း ပစ်ခတ်မှုငယ်များ ဆက်လက်ရှိနေသေးကြောင်း သူက ဆက်ဆိုသည်။

ယမန်နေ့ ဒီဇင်ဘာ ၁ ရက် Sweet December နေ့က ကိုးကန့် (MNDAA) တပ်ဖွဲ့များမှ ၎င်းတို့ ပိတ်ဆို့ ၀ိုင်းထားသော ဗျူဟာကုန်းကို ၀င်ရောက်တိုက်ခိုက်ခဲ့သည်။ ယင်း တိုက်ပွဲ အတွင်း မြန်မာစစ်တပ်မှ ဗျူဟာကုန်းတွင် လူသား ဒိုင်း အဖြစ် ဖမ်းဆီးထားသော မုံးကိုဒေသခံ အများစု ထွက်ပြေး လွတ်မြောက်နိုင်ခဲ့သည်ဟု ဒေသခံများ ပြောပါသည်။

အစိုးရ ပြည်သူ့လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦး T ခွန်မြတ် ဦးဆောင်သော ကွတ်ခိုင် ပြည်သူ့စစ်မှ အဖွဲ့ဝင် အချို့နှင့် ၎င်းတို့၏ ခေါင်းဆောင် တရုတ်အမျိုးသား Hpang Si (ဖန်စီ) ကို ယမန်နေ့ က MNDAA တပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။

ယမန်နေ့ တရုတ်နိင်ငံဘက်ခြမ်း ပြေးဝင်သွားသည့် မြန်မာစစ်သား ၂၀ခန့်ကိုလည်း တရုတ်တပ်ဖွဲ့များ ဖမ်းဆီး ထိန်းသိမ်းခဲ့သည်ဟု မဟာမိတ် တပ်မှ အတည်ပြုပြောဆိုပါသည်။

ရှမ်းပြည်မြောက်ပိုင်း အထူးသဖြင့် ကွတ်ခိုင်မြို့နယ် နှင့် မူဆယ်မြို့နယ် တွင် မြန်မာစစ်တပ်နှင့် ကချင် (KIA)၊ ပလောင် (တအောင်း) TNLA၊ ကိုးကန့် (MNDAA) နှင့် ရခိုင် (AA) စသည့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ ၄ ဖွဲ့ ပါ၀င်သော ‘မြန်မာပြည်မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု (Northern Alliance-Burma)’ ကြား နိုဝင်ဘာ ၂၀ ရက်မှ တိုက်ပွဲ ဖြစ်ပွားလာသည်။

ယင်းနောက် နှစ်ဖက်တပ်ကြား တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည် ယနေ့ (၁၃)ရက် အကြာမှာ မြန်မာစစ်တပ် တပ်မ ၉၉ မုံးကို (Mongkoe) ဗျူဟာကုန်း ကို မဟာမိတ်တပ်မှ သိမ်းယူနိုင်ခြင်း ဖြစ်သည်။

မြန်မာစစ်တပ် ဂျက်တိုက်လေယာဉ်များက မုံးကိုဒေသ မဟာမိတ်တပ် စခန်းများကိုသာ ပစ်မှတ်ထား တိုက်ခိုက်နေခြင်း မဟုတ်ဘဲ လူနေအိမ်များကိုပါ ရည်ရွယ်ချက် ရှိရှိဖြင့် ဗုံးကြဲ တိုက်ခိုက်နေကြောင်း ဒေသခံများ ကချင် သတင်း ဌာန KNG ကို ပြောပါသည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...