လက္ကာကျေး ရွာမှ ဖမ်းဆီးခံထားရသူများနှင့် မိသားစုများ ပထမဆုံးအကြိမ်တေခွင့်ရ

လက္ကာကျေး ရွာမှ ဖမ်းဆီးခံထားရသူများနှင့် မိသားစုများ ပထမဆုံးအကြိမ်တေခွင့်ရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာမှ ဖမ်းဆီး ခံထားရသူများနှင့် မိသားစုဝင်များ ပထမဆုံး အကြိမ် မေလ ၉ ရက်နေ့က တွေဆုံခွင့်ရခဲ့သည်ဟု မိသားစုများက ပြောကြားသည်။

“ စစ်တွေအမှတ်(၁)ရဲစခန်းမှာ မနေ့က တွေ့ခွင့်ရခဲ့တာပါ။ သူတို့ကို ကြည့်ရတာ စိတ်မကောင်းစရာပါဘဲ” စစ်ဆေးခံနေရသူတစ်ဦး၏ မိခင် ဒေါ်မတင်အေးက ပြောသည်။

ဖမ်းဆီးခံထားရသည့် လက္ကာကျေးရွာသား ၂၄ ဦးတွင် ဒဏ်ရာဒဏ်ချက်များရရှိထားသည်ကို တွေ့ရှိခဲ့ရ၍ စိတ်မကောင်းကြောင်း သူမက ပြောသည်။

"ကျမတို့ မြင်ခဲ့ရတာက အားလုံး ဒဏ်ရာတွေနဲ့ မြင်ခဲ့ရပါတယ်။ မျက်နှာတွေ၊ နှာခေါင်းတွေမှာ အားလုံးမှာ ဒဏ်ရာရှိပါတယ်။ အရင်တော့ ခန္ဓာတွေ တုတ်တုတ်ဝဝနဲ့ပါ။ အခုက ရုပ်လည်း မရလိုက်တော့ဘူး။ အရမ်း ပိန်သွားပါတယ်။ ရုပ်ကိုတောင် မမှတ်မိတော့ဘူး " ဟု ပြောဆိုသည်။

စစ်ဆေးခံနေရသူတစ်ဦး၏ ဖခင်ဖြစ်သူ ဦးမောင်ရွှေထွန်းက "ခြေသလုံးမှာတော့ ဒဏ်ရာတွေတွေ့တယ်။ ကောင်းတော့ ကောင်းတော့မှာလို့ အဲလိုပြောတယ်။ ကျောကုန်းအောင့်တယ်တဲ့။ ရိုက်ထားတဲ့ ဒဏ်ရာ တွေဖြစ်မှာပါ "ဟု ပြောဆိုသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး စစ်တွေအမှတ်(၁)ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး အောင်မြဦးအား ဆက်သွယ်ခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်းမရှိခဲ့ပါ။

သူတို့ ၂၄ ဦးအား ယခုလ ၁၇ ရက်နေ့တွင် စတင်ရုံးထုတ်စစ်ဆေးတော့မည်ဟု ကြားသိခဲ့ရကြောင်း မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးစစ်ဆေးခံနေရသူ ဦးခင်မောင်စိုး၏အမျိုးသမီး ဒေါ်သိန်းမယဉ်က "၁၇ ရက်နေ့ ရုံးတင်မယ်ဆိုတာ တစ်ခွန်းတော့ ပြောလိုက်ပါတယ်။ ၁၇ ရက်နေ့ ရုံးတင်မယ်ဆိုတာက အားလုံး ၂၄ ယောက်လုံးကိုလား၊ ဥပမာ ၁ဝ ယောက်လား၊ ၅ ယောက်လားဆိုတာတော့ မသိသေးဘူး။ စမ်းတဝါးဝါးနဲ့ လာရမလိုဖြစ်နေပါတယ် "ဟု ပြောသည်။

ဧပြီလ ၁ဝ ရက်နေ့က မြောက်ဦးမြို့ရှိ ရဲတပ်ရင်း အမှတ် (၃၁) ကို ရက္ခိုင့်တပ်တော်(AA)က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် လက္ကာရွာသား ၂၇ ဦးကို AA တပ်ဖွဲ့ဝင်များဖြစ်သည်ဟု ဆိုကာ သံသယဖြင့် စစ်တပ်က ဖမ်းဆီးပြီး စစ်ဆေးခဲ့သည်။

၎င်း၂၇ ဦးထဲမှ ၃ ဦးမှာ စစ်ဆေးနေစဉ်အတွင်း သေဆုံးသွားခဲ့သည်။

လက္ကာကျေးရွာမှ ဖမ်းဆီးခံရသူ ၂၇ ဦးထဲတွင် ရွာသား ၁၉ ဦးနှင့် ဧည့်သည် ၈ ဦး၊ ပေါင်း ၂၇ ဖြစ်ကြောင်း သိရသည်။

စစ်ဆေးခံနေရသူ ၂၄ ဦးစလုံးအား ရုံးထုတ်/မထုတ်နှင့် မည်သည့်တရားရုံးတွင် ရုံးထုတ်စစ်ဆေးမည် စသည်တို့ကို အသေးစိတ်သိလို၍ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ ပြည်နယ်ရဲမှူးကြီး ကြည်လင်းအား ဆက်သွယ်မေးမြန်းသည့်အခါ သူက "သူ့သတ်မှတ်ထားတဲ့ရက်ဆိုတော့ ထုတ်ရမှာပေါ့။ တရားစွဲ ထားတာကိုး"ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။

May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...
Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...