တောနော်ရေတံခွန်တွင် အသက်(၁၅)နှစ်အရွယ် လူငယ်တစ်ဦး ပြုတ်ကျ သေဆုံး

တောနော်ရေတံခွန်တွင် အသက်(၁၅)နှစ်အရွယ် လူငယ်တစ်ဦး ပြုတ်ကျ သေဆုံး

မြဝတီ-ကော့ကရိတ်အာရှလမ်းဘေး ကော့ကရိတ်မြို့နယ်အပိုင်ရှိ တောနော်ရေတံခွန်တွင် သြင်္ကန်နှစ်ဆန်း(၁)ရက် (ဧပြီ ၁၇ရက်) နေ့လည်(၁)နာရီအချိန်ခန့်က ရေတံခွန်အထက်ပိုင်း အမြင့်ပေ(၁၀၀)ခန့်မှ အသက်(၁၅)နှစ်အရွယ် လူငယ်တစ်ဦး ပြုတ်ကျပြီး သေဆုံးခဲ့သည်ဟု ကော့ကရိတ်မြို့နယ် ရဲစခန်း၏ သတင်းအရ သိရသည်။

ဧပြီလ ၁၇ ရက်နေ့က ဖားအံမြို့နယ်၊ နောင်ပလိန်ကျေးရွာအုပ်စုတွင် နေထိုင်သူ စောဖားချေဖိုး (၁၅)နှစ်သည် မိသားစုဝင်များနှင့်အတူ တောနော်ရေတံခွန်သို့ သွားရောက်လည်ပတ်စဉ် ခြေချော်သွားကာ ရေတံခွန်၏အောက်ဘက် ရေကန်ထဲသို့ကျပြီး ကျောက်နံရံ များနှင့် တိုက်မိသဖြင့် ယာပါးပွန်းပဲ့၊ ယာဘက်လက်မောင်းရင်းပြုတ်၊ ယာနားထင်ပွန်းပဲ့ဒဏ်ရာများရကာ နေရာတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါ သေဆုံးခဲ့သူ ရုပ်အလောင်းအား ကော့ကရိတ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး လက်ရှိတွင် ကော့ကရိတ်မြို့မရဲစခန်းမှ သေမှုသေခင်းဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်သော ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းမအနီးရှိ တောနော်ရေ တံခွန်တွင် ယခုနှစ် ဇန်နဝါရီလ ၂၇ရက်နေ့တုန်းကလည်း ရေတံခွန်အထက်ပိုင်း အမြင့်ပေ (၂ဝဝ)ခန့်မှ ပြုတ်ကျ၍ အသက် ၁၉ နှစ်အရွယ် မိန်းကလေး(၂)ဦး သေဆုံးမှုဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။

Most read this week

December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...
Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...