ဘူးသီးတောင် ပြင်ရှည်ကျေးရွာမှ အိမ်ထောင်ရှိအမျိုးသမီးတစ်ဦးကို စစ်သားတစ်ဦးမှ အတင်း အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှုဖြစ်ပွား

ဘူးသီးတောင် ပြင်ရှည်ကျေးရွာမှ အိမ်ထောင်ရှိအမျိုးသမီးတစ်ဦးကို စစ်သားတစ်ဦးမှ အတင်း အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှုဖြစ်ပွား

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ပြင်ရှည်ကျေးရွာမှ အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦးအား စစ်သား တစ်ဦးမှ အတင်းအဓမ္မပြုကျင့်ရန် ကြိုးပမ်းမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဘူးသီးတောင်မြို့နယ် ပြင်ရှည်ကျေးရွာမှ ဒေါ်ခိုင်စောယဉ် အသက် (၄၀) နှစ်သည် ၎င်းတို့ စိုက်ပျိုးထားသည့် သီးနှံစိုက်ခင်းထဲတွင် ရှိနေစဉ် ဧပြီလ ၇ ရက်နေ့ နေ့လယ် ၁ နာရီ အချိန်ခန့်တွင် စစ်သား တစ်ဦး ရောက်ရှိ လာပြီး ၎င်းအား အတင်းအဓမ္မပြုကျင့်ရန်ကြိုးစားခဲ့သည်ဟု ကာယကံရှင်ဖြစ်သူ ဒေါ်ခင်စောယဉ်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“ဖြစ်တာက ဒီနေ့ နေ့လယ် ၁ နာရီလောက်မှာဖြစ်ခဲ့တာပါ။ ကျမက အမြဲတမ်း အဲသလိုပဲ စိုက်ခင်းထဲ အလုပ် လုပ်နေကျပါ။ စိုက်ခင်းက ရွာအနောက်ဖက် ပေ ၁၀၀ ခန့်လောက်မှာ ရှိတာပါ။ ဒီနေ့ ကျမ စိုက်ခင်းထဲ ရှိနေချိန် စစ်သားတစ်ယောက်က ခြံစည်းရိုးအပေါက်ကနေဝင်လာပါတယ်။ ဝင်လာပြီးတော့ ကျမကို လုံးထွေးပြီးအတင်းအဓမ္မပြုကျင့်ဖို့ ကြိုစားတာပါ။ လုံးထွေးနေချိန် အတင်းရုန်းထွက်ပြီး ခြံစည်းရိုး အပေါက်ဝကနေ ထွက်ပြေးဖို့ကြိုးစားခဲ့ချိန်မှာ သူက ကျမကိုသူစီးထားတဲ့ ဘောလုံးကန် ဖိနပ်နဲ့ မျက်နှာကို ကန်ကျောက်ခဲ့တယ်”ဟု ၎င်းကဆိုသည်။

နောက်ပိုင်းတွင် ဒေါ်စောယဉ်၏ အကူအညီတောင်းမှုကြောင့် ၎င်းစစ်သားအား ရွာသားများမှ ဝိုင်းဝန်း ဖမ်းဆီးပြီး ၅၆၄ တပ်ရင်းသို့ အပ်နှံလိုက်သည်ဟု သိရသည်။

“ ကျွန်မအနေနဲ့တော့ ခုလို အတင်းအဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့တဲ့ အမှတ် ၅၆၄ တပ်ရင်းက စစ်သားကို အတတ်နိုင်ဆုံး ထိထိရောက် အရေးယူစေချင်ပါတယ်။ ထိုက်တန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ပေးစေလိုပါတယ်” ဟု ဒေါ်စောယဉ်က ပြောကြားသည်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ထိုဖြစ်စဉ်မှာ မှန်ကန်ပြီး ဗီဒီဖိုင် အပါအဝင် ဓာတ်ပုံ အထောက်အထားများနှင့် သူ့ထံသို့ တိုင်ကြားထားကြောင်း ပြောကြားသည်။

“ကျနော့်ကို တိုင်ထားတာတော့ရှိတယ်။ တပ်က တစ်ယောက်က အတင်းအဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့တယ် ဆိုပြီး လာတိုင်ထားတာရှိပါတယ်။ နှစ်ဦးနှစ်ဘက်ကိုတော့ ခေါ်ထားပါတယ်။ တပ်ဘက်ကရော၊ ရွာသား တွေရော နှစ်ဦးနှစ်ဘက် မျက်နာချင်းဆိုင် ဒီနေ့ လာရောက် ဖြေရှင်းကြမယ်လို့ ပြောပါတယ်။ တပ်ဘက် ကလည်း မှန်ရင် အရေးယူမယ်လို့ ပြောပါတယ်။ နှစ်ဖက်ဆွေးနွေးပြီးတော့ မှန်မှန်ကန်ကန် တစ်ခု ဖြစ်အောင် ဆောင်ရွက်ဖို့ဆိုပြီး ပြောထားတာရှိပါတယ် ”ဟု ပြောဆိုသည်။

၎င်းစစ်သားအား ရွာသားများက ဝိုင်းဝန်းဖမ်းဆီးပြီး ကာယကံရှင် အမျိုးသမီးမှ ရိုက်ပုတ်နေသည့် ဗီဒီယိုဖိုင်မှာ လူမှုကွန်ယက်စာမျက်နာပေါ်တွင် ပျံ့နှံ့နေကြောင်း သိရှိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ် အခြေစိုက် အမှတ် ၅၆၄ တပ်ရင်းသို့ ဆက်သွယ် မေးမြန်းလိုသော်လည်း ဖုန်းနံပတ် မရှိသဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

April 24, 2026
ရခိုင်ပြည်၊ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်ဖက်ကို ကမ်းကပ်ရန်ချဉ်းကပ်ခဲ့သည့် ...
ဓာတ်ပုံ - ရက္ခဝဏ္ဏစာပီကဗျာ
April 23, 2026
ကျော်သီဟ — အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇)နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့်...
April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...
April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...