ပြည်နယ်နှင့် တိုင်း U 25 အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ကရင်တိုင်းရင်းသူ ၂ ဦး အကောင်းဆုံးဆုများရရှိ

ပြည်နယ်နှင့် တိုင်း U 25 အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ကရင်တိုင်းရင်းသူ ၂ ဦး အကောင်းဆုံးဆုများရရှိ

၂၀၁၉ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ကရင်ပြည် နယ်အသင်းကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကရင်တိုင်းရင်းသူ ၂ ဦးမှ အကောင်းဆုံးဆု ၂ ဆုကို ဆွတ်ခူးရရှိသွားကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် ပြိုင်ပွဲတစ်လျှောက် အရှေ့တန်းအကောင်းဆုံးဆုကို ကရင်ပြည်နယ် U 25 ရှေ့တန်းတိုက်စစ်မှူး အသက် ၁၆ နှစ်အရွယ် နန်းထက်ထက်ဝင်းနှင့် နောက်တန်းအကောင်းဆုံးဆုကို အသက် ၁၇နှစ်အရွယ် နန်း နှင်းထက်ထက် ဝေတို့က ရရှိသွားခြင်းဖြစ်သည်ဟု အသင်းနည်းပြ ဒေါ်သီတာအေးက ယနေ့( ဧပြီ ၄ ရက်) ပြောသည်။

၎င်းက “ထက်ထက်ဝင်းက ပြီးခဲ့တဲ့ U-16(မြန်မာ အသက် ၁၆ နှစ်အောက်အသင်း)တုန်းက နိုင်ငံခြားသွားပြီးမှ ခါးနာလို့ ပြန်လာခဲ့ရတယ်။ နှင်းထက်ထက်ဝေလည်း မြန်မာ U-19 မှာတုန်းက ပဏာမ ရွေးချယ်ခြင်း ခံရဖူး တယ်။ အခုလို အကောင်းဆုံးဆုတွေရလာတော့ (မြန်မာ)ဘောလုံးအဖွဲ့ချုပ်က မြင်ထားတဲ့ အနေအထား တော့ ရှိတာပေါ့ ↔ဟုပြောသည်။

ပြည်နယ်နှင့်တိုင်း U 25 အမျိုးသမီးဘောလုံးပြိုင်ပွဲကို မတ်လ ၂၁ ရက်နေ့က နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိကွင်း တွင် ပြိုင်ပွဲဖွင့်လှစ်ခဲ့ပြီး ကရင်ပြည်နယ်အသင်းအနေဖြင့် အဖွင့်ပွဲစဉ်အဖြစ် ဧရာဝတီတိုင်း ဒေသကြီး အသင်း နှင့် စတင်ယှဉ်ပြိုင်ကစားခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအသင်းကို ၄ ဂိုး ၂ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။

ယမန်နေ့က နောက်ဆုံးကျင်းပသည့် ဗိုလ်လုပွဲစဉ်တွင် ကရင်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီး ကို ၃ ဂိုး၊ ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သဖြင့် ဒုတိယဆုနှင့်သာ ကျေနပ်ခဲ့ရသော်လည်း ပွဲစဉ်အပြီးတွင် ကရင်ပြည်နယ်အသင်းမှ အကောင်းဆုံးအားကစားဆု ၂ ဆုကို ဆွတ်ခူးရရှိခဲ့ခြင်းလည်း ဖြစ်သည်။

ဖားအံမြို့နယ်၊ နောင်လုံဇာတိသူ နန်းထက်ထက်ဝင်းက ̏ ဒုတိယဆုပဲရလို့ အသင်းအတွက် ဝမ်းနည်းမိတယ်။ အကောင်းဆုံးဆုရတော့ ဝမ်းသာတယ်။ ကရင်ပြည်နယ်မှာ ဘောလုံးသမား မရှားပါဘူး။ ပရိဿတ်အနေနဲ့ ပွဲတိုင်းကို အားပေးစေချင်တယ်↔ဟု ကေအိုင်စီသို့ပြောသည်။

အသက် ၂၅ နှစ်အောက် ကရင်ပြည်နယ် အမျိုးသမီးအသင်းသည် အုပ်စုအဆင့်တွင် ဧရာဝတီတိုင်း၊ ရခိုင်ပြည် နယ်၊ စစ်ကိုင်းတိုင်း၊ ကွာတားဖိုင်နယ်တွင် ကချင်ပြည်နယ်၊ ဆီမီးဖိုင်နယ်တွင် မွန်ပြည်နယ်တို့ကို ရာနှုန်းပြည့် အနိုင်ကစားခဲ့ပြီး ယခုပြိုင်ပွဲသည် ကရင်အမျိုးသမီးဘောလုံးသမိုင်းတွင် အအောင်မြင်ဆုံးဖြစ်သည်ဟု အသင်း တာဝန်ရှိသူများထံမှ သိရသည်။

Most read this week

December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...
Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...