အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ မော်လမြိုင်တွင် ပြုလုပ်

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ မော်လမြိုင်တွင် ပြုလုပ်
by -
မွန်သတင်းအေဂျင်စီ
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ လှုပ်ရှားမှု-မော်လမြိုင်မြို့(MNA)
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ လှုပ်ရှားမှု-မော်လမြိုင်မြို့(MNA)
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ လှုပ်ရှားမှုတစ်ရပ်အနေဖြင့် နိုဝင်ဘာလ ၂၅ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့၊  မြိုင်သာယာပန်းခြံမှ စျေးကြိုအဝိုင်းအထိ မွန်အမျိုးသမီးတက်ကြွလှုပ်ရှားသူများမှ ညနေ ၅ နာရီမှ ၂ နာရီကြာခန့်  ချီတက်လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၅ ရက်နေ့တွင် ကျရောက်သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ေရေးနေ့၌ အထူးသဖြင့် သက်ငယ်မုဒိန်းမှု ပပျောက်စေရေး လူတိုင်းပါဝင်နိုင်ရန် တိုက်တွန်းနှိုးဆော်ပြီး ပြည်တွင်းစစ် ရပ်တန့်ရေးလည်း တောင်းဆိုခဲ့သည်ဟု မွန်အမျိုးသမီးများကွန်ရက် စီမံချက်တာဝန်ခံ မိအိန်ပကောင်းက ပြောသည်။

သူက “သက်ငယ်မုဒိန်းမှုတွေ တအားကိုများနေပြီး အမျိုးသမီးတစ်ရပ်လုံးအနေနဲ့ လုပ်လို့မမှီဘူး လူကြီးလူငယ် ကျား၊မ မရွေး လူတိုင်းပါဝင်ဖို့ သက်ဆိုင်ရာ ဌာနအလိုက် ပူးပေါင်းပါဝင်သင့်ပြီး ဒါမှပဲ ဒီအကြမ်းဖက်မှုကိစ္စကို လက်လှမ်းမှီနိုင်တယ်၊ တရားမျှတမှုရဖို့အတွက် လူတိုင်းဝိုင်းဝန်းတောင်းဆိုဖို့ လိုအပ်သည် ” ဟု ဆက်ပြောသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းသက်သက်မဟုတ်ဘဲ နည်းမျိုးစုံဖြင့် လိမ်ညာလှည့်ဖြားပြီး စားသောက်ဆိုင်များတွင်လည်း လိင်ပိုင်ဆိုင်ရာ အရောင်းစားခံရခြင်းရှိသည်ဟု သိရသည်။

မွန်ပြည်နယ် ၁၀ မြို့နယ်၌ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၃၆ မှုဖြစ်ပွားခဲ့ရာ သက်ငယ်မုဒိန်းမှု ၂၃ မှုပါဝင်ပြီး အသက် ၂ နှစ်မှ ၅ နှစ်အထိ ၁ မှု၊ ၆ နှစ်မှ ၁၀ နှစ်အထိ ၃ မှု၊ ၁၁ နှစ်မှ ၁၃ နှစ်အထိ ၈ မှု နှင့် ၁၄ နှစ်မှ ၁၆ နှစ်အထိ ၁၁ မှု ပါရှိသည်ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

“အများအားဖြစ် ကျိုက်မရောမြို့နယ်မှာပေါ့နော် အမျိုးသမီး ကလေးလူငယ်တွေ ရောင်စားခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သူတို့တွေ ကျမတို့အပေါ် အကူအညီလိုအပ်တဲ့နေရာတွေမှာဆိုရင် ဥပမာ ရဲစခန်းတို့ တရားရုံးတို့ နောက်ပြီး ဆေးရုံတို့ သွားရမယ့်နေရာတွေမှာဆိုရင် ကျမတို့အနေနဲ့ကလည်း တရားမျှတမှုရရှိဖို့အတွက် သွားရောက်ကူညီပေးခဲ့တာတွေ ရှိတယ်” ဟု မွန်အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေးအဖွဲ့မှ မိအာမွန်ချမ်းက ဆိုသည်။

အမျိုးသမီးများ ၁၆ ရက်တာ လှုပ်ရှားမှုတွင် နိုဝင်ဘာလ ၂၅ ရက်နေ့မှ အမျိုးသမီးများပေါ် အကြမ်းဖက်မှုပပျောက်နေ့၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အရှေ့တောင်အာရှ အမျိုးသမီးများနေ့၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကမ္ဘာ့မသန်စွမ်းသူများနေ့၊ ဒီဇင်ဘာလ ၆ ရက်နေ့က မွန်ထရီမြို့ လူသတ်ပွဲ နှစ်ပတ်လည်နေ့ဖြစ်ပြီး၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကမ္ဘာ့လူ့အခွင့်အရေးနေ့ ဖြစ်သည်။

ယင်း အမျိုးသမီးများပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ကို မော်လမြိုင်မြို့ပေါ်တွင် လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်မှာ စတင်လှုပ်ရှားခဲ့ပြီး ကျေးလက်ဒေသများတွင်လည်း နှစ်စဉ်နှစ်တိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

Most read this week

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...