မြောက်ဦး အောက်သကန်ကျေးရွာမှ ဒဏ်ရာရသူ ၃ ဦး တိမ်ညိုဆေးရုံရောက်

မြောက်ဦး အောက်သကန်ကျေးရွာမှ ဒဏ်ရာရသူ ၃ ဦး တိမ်ညိုဆေးရုံရောက်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ အောက်သကန်ကျေးရွာမှ လူ ၃ ဦး လက်ရှိ တိမ်ညို တိုက်နယ်ဆေးရုံသို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။

တိမ်ညို ဆေးရုံသို့ ရောက်ရှိနေသူ ၃ ဦးမှာ ဦးလှအောင်တင် (၃၈) (ဘ) ဦးကြွင်းကျန်၊ ဦးဝင်းကျော်သိန်း (၃၃) နှစ် (ဘ) ဦးမောင်လှအောင်နှင့် ဒေါ်မစိုးသန်း (၄၀) နှစ်တို့ ဖြစ်ကြသည်။

ဆေးရုံလာပို့သူအောက်သကန်ရွာသား တစ်ဦးက ပြောသည်မှာ ဦးလှအောင်တင်တွင် စစ်သားများက သေနတ်ဖြင့် ဦးခေါင်းနှင့် ရင်ဘတ်ကို ထောင်းထုသဖြင့် ဒဏ်ရာရရှိခဲ့ပြီး ဦးဝင်းကျော်သိန်းတွင် ညာဘက် ရင်အုံကို ကျည်ဆံထိမှန်ခဲ့သည်ဟု ဆိုသည်။

အမျိုးသမီး တစ်ဦးဖြစ်သူမှာ ကြောက်လန့်ပြီး နှလုံးမတည်မငြိမ် ဖြစ်သွားသဖြင့် တိမ်ညို ဆေးရုံသို့ ယူဆောင်လာခဲ့ရသည်ဟု ဆိုသည်။

၎င်းကျေးရွာသားက ပြောသည်မှာ တိမ်ညိုကျေးရွာတွင် တပ်ချထားသည့် စစ်တပ်မှ တိမ်ညို တံတားလွန်ကတည်းက အောက်သကန် ရွာထဲသို့ သေနတ်ပစ်ပြီး ရွာကို နံနက် ၆ နာရီကျော်ကတည်းက ဝိုင်းကြောင်း၊

ရွာကိုဝိုင်းပြီးနောက် သေနတ်ပစ်ဖောက်ကာ ရွာထဲသို့ ဝင်လာကြောင်း၊ ရွာထဲက သေနတ်ပစ်၍ ပြန်ပစ်ရခြင်းဖြစ်သည်ဟု စစ်သားများက ပြောကြောင်း၊ ရွာသားအများအပြားကို ချည်နှောင်ပြီး ရိုက်ပုတ် စစ်ဆေးလျက် ရှိကြောင်း၊ နံနက် ၈ နာရီကျော်မှ လူနာများကို ဆေးရုံသို့ ယူဆောင်ခွင့်ပြုသဖြင့် ယူဆောင်လာခြင်း ဖြစ်ကြောင်း ၎င်းရွာသားက ပြောကြားသည်။

၎င်းပြင် အောက်သကန်ရွာထဲတွင် အမျိုးသမီး တစ်ဦး ကျည်ဆံ ထိမှန်သေဆုံးကြောင်း၊ နောက်တစ်ဦးကို ဒဏ်ရာပြင်းထန်၍ မြောက်ဦးဆေးရုံသို့ ယူဆောင်သွားခဲ့သည်ဟု သတင်းထွက်ပေါ်နေသဖြင့် နိရဉ္စရာ သတင်းဌာနမှ ဆက်လက် စုံစမ်း မေးမြန်းလျက် ရှိနေပါသည်။

April 25, 2026
ကျော်သီဟ — ရခိုင်ပြည်ရှိ စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်းက လေးလအတွင်း စစ်ဘေးရှောင်နှင့်...
April 24, 2026
ရခိုင်ပြည်၊ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်ဖက်ကို ကမ်းကပ်ရန်ချဉ်းကပ်ခဲ့သည့် ...
ဓာတ်ပုံ - ရက္ခဝဏ္ဏစာပီကဗျာ
April 23, 2026
ကျော်သီဟ — အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇)နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့်...
April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...