WFP မှ ပန်းမြောင်း စစ်ဘေးရှာင်စခန်းသို့ ဆန်အိတ် ၅၀၀ ကျော်နှင့် ရိက္ခာခြောက်များကူညီ

WFP မှ ပန်းမြောင်း စစ်ဘေးရှာင်စခန်းသို့ ဆန်အိတ် ၅၀၀ ကျော်နှင့် ရိက္ခာခြောက်များကူညီ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင် ၂၀၀၀ ကျော် အတွက် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ ဆန်အပါအဝင် ရိက္ခာခြောက်များ ထောက်ပံ့ကူညီပေးခဲ့သည်ဟု သတင်းရရှိသည်။

ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသူ ပန်းမြောင်းဒေသခံ ဦးငလုံးချေက “ မတ်လ ၂၇ ရက်နေ့က WFP က လာရောက် ပန်းမြောင်း စစ်ဘေးရှောင်တွေကို လာရောက် ကူညီပါတယ်။ စစ်တွေကနေ မော်တော်ဘုတ်တွေနဲ့ တစ်ခါတည်း သယ်ယူလာပြီး ထောက်ပံ့ ကူညီတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

WFP မှ ထောက်ပံ့ ကူညီခဲ့သော ပစ္စည်းများ ဆန်အိတ်က ၅၉၉ အိတ်၊ ပဲအိတ် ၇၉ အိတ်၊ ဆီ ၁၈၃ ဖာ၊ ဆား ၇ အိတ်တို့ဖြစ်ပြီး စစ်ဘေးရှောင် ၂၂၆၀ ဦး အတွက် တစ်လစာဖြစ်ကြောင်း သိရသည်။

“ ဆန်က တစ်ယောက် တစ်လကို ၁၃ သစ် ၂ ဗူးနုန်း (၆ ပြည် ၃ ဗူး) နုန်းနဲ့ ကူညီတာ ဖြစ်ပါတယ်။ ဆန်အပါအဝင် ရိက္ခာတွေကို မိသားစုအလိုက် ခွဲဝေပေးလိုက်ပါတယ်” ဟု ဦးငလုံးချေက ပြောကြားသည်။

ပန်းမြောင်းတွင် စစ်ဘေးရှောင်များကို ရွှေဖောင်တင်ဘုန်းတော်ကြီးကျောင်း၊ အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်း၊ ရွာသစ် ပရိယတ္တိ တက္ကသိုလ်ကျောင်းတိုက်တို့တွင် စခန်းဖွင့်လှစ်ပြီး လက်ခံထားကြောင်း သိရသည်။

၎င်းတို့မှာ မတ်လ ၁၉ ရက်နေ့က ကျေးရွာများအတွင်းသို့ စစ်ကြောင်း တစ်ခုမှ သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် ကြောက်လန့်ကာ ကျောင်းတောင်၊ မြိုချောင်း၊ ရွာသစ်၊ ရွာဟောင်း၊ အောင်ကျော်ကြီး၊ ငှက်တော်ရ ကျေးရွာများမှ ထွက်ပြေးလာကြသူများဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ပန်းမြောင်းမှ ပရဟိတ ဆောင်ရွက်နေသူ ဦးဖြူမောင်က “ လောလောဆယ်တော့ စားရေးသောက်ရေးက အဆင်ပြေပါတယ်။ ပန်းမြောင်းဒေသခံတွေ အပါအဝင် တစ်ခြား လူမှုအဖွဲ့အစည်းတွေကလည်း ကူညီထောက်ပံ့ထားတွေရှိပါတယ်။ အဓိက နေရာထိုင်ခင်း၊ သောက်ရေသန့်နဲ့ အိမ်သာတွေတော့ ဖြည့်ဆည်းပေးဖို့ လိုအပ်နေပါသေးတယ်” ဟု ပြောကြားသည်။

WFP မှ ပန်းမြောင်းစစ်ဘေးရှောင် စခန်းသို့ ဆန်အပါအဝင် ရိက္ခာများ ထောက်ပံ့ ကူညီပေးခဲ့ခြင်းကို စစ်တွေမြို့ WFP ရုံးကလည်း အတည်ပြုပြောကြားပြီး အသေးစိတ် ဖြေကြားရန်ကိုမူ အထက်က ခွင့်ပြုချက် လိုသည်ဟု ဆိုကာ ပြောဆိုရန် ငြင်းဆိုသည်။

ရခိုင်ပြည်နယ် အတွင်း လက်ရှိတွင် စစ်ဘေးရှောင် ပြည်သူ သုံးသောင်းနီးပါးခန့်ရှိနေပြီး ၎င်းတို့အတွက် လိုအပ်သော ရိက္ခာများကို ရခိုင်ရဟန်းတော်အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ မြို့နယ်နှင့် ကျေးရွာအသင်းများမှ ကူညီ ထောက်ပံ့ပေးလျက်ရှိသည်။

ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...