ရသေ့တောင်မြို့နယ်နှင့်မြောက်ဦးမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ဟု တပ်ဘက်မှ ပြောကြား

ရသေ့တောင်မြို့နယ်နှင့်မြောက်ဦးမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ဟု တပ်ဘက်မှ ပြောကြား

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ခရုချောင်းကျေးရွာ အနီးဝန်းကျင်တွင် ယနေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်မှာ ဟုတ်မှန်သော်လည်း လေယာဉ်အသုံးပြု တိုက်ခိုက်ခဲ့ခြင်းကိုမူ သတင်းမရသေးကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ယနေ့ ညနေပိုင်းက နိရဉ္စရာ သတင်းဌာနမှ ဆက်သွယ်စဉ် ပြောကြားသည်။

“ တိုက်ပွဲ ဖြစ်တာတော့ ဟုတ်တယ်ဗျာ။ ကျွန်တော်လည်း ဂဃနဏ မသိရသေးဘူးခင်ဗျား” ဟု ပြောဆိုသည်။

မနေ့ညဉ့်က မြောက်ဦးမြို့နယ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များနေရာယူထားသော နေရာ တစ်ခုကို ရက္ခိုင့်တပ်မတော် (AA) က ဝင်တိုက်ခဲ့သည်ဟုလည်း ပြောကြားသည်။

“ မနေ့ ကတော့ ဟုတ်တယ်ခင်ဗျား။ မြောက်ဦးရဲ့ မြောက်ဘက် ရန်ကုန်-စစ်တွေကားလမ်း တောင်ဦးကျေးရွာ တစ်ဝိုက် မနေ့က ညဉ့် ၂ နာရီ ထိုးလောက်မှာ ကျွန်တော်တို့ လုံခြုံရေး တပ်ဖွဲ့တွေ အခြေပြုနေတဲ့ နေရာကို အေအေအဖွဲ့က လူ ၂၀၀ လောက်နဲ့ လာပြီးတိုက်တာပါ။ လာပစ်တာပေါ့။ ဝိုင်းပတ်ပြီးတော့ တိုက်တာမို့လို့ ကျွန်တော်တို့နဲ့ တိုက်ပွဲ ဖြစ်တာတော့ ရှိတာပေါ့။ ဒါပေမယ့် ပြန်ဆုတ်သွားပါတယ်” ဟု သူက ပြောကြားသည်။

၎င်းတိုက်ပွဲမှာ ညဉ့် ၁ နာရီမှ နံနက် ၅ နာရီထိ ကြာမြှင့်ခဲ့ပြီး မြောက်ဦးမြို့ မြောက်ဘက် ရန်ကုန်-စစ်တွေကားလမ်းဘေး တောင်ဦးကျေးရွာနှင့် ထိပ်ဝပြင်ကျေးရွာအကြား လင်းမြွေတောင်အနီးရှိ မကျည်းကုန်းဆိုသော နေရာတွင် ဖြစ်ကြောင်း ဒေသခံ ကျေးရွာသားများက ပြောကြားသည်။

ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...