မြန်မာဘာသာ အစီအစဉ် (မတ်လ ၂၂၊ ၂၀၁၉)

မြန်မာဘာသာ အစီအစဉ် (မတ်လ ၂၂၊ ၂၀၁၉)

ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်ထဲက တီကျစ်ကျောက်မီးသွေးတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ ပြည်သူတွေကို ဆိုးကျိုးသက်ရောက်နေတာနဲ့ ပတ်သက် တဲ့ “မျက်နှာမဲကြီးရဲ့ကျိန်စာ” မှတ်တမ်းရုပ်ရှင်ကို ရန်ကုန်မြို့မှာ ပြသခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ်က မြန်မာဒုက္ခသည်စခန်းတစ်ခုဖြစ်တဲ့ နို့ဖိုးဒုက္ခသည်စခန်းမှာ မတ်လ ၄ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာမှာ လူနေအိမ် ၅ဝ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ထိခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။

ကချင်ပြည်နယ်မှာရှိတဲ့ မြစ်ကြီးနားဂျာနယ်က အမှုဆောင်အရာရှိ ၂ ဦးနဲ့ သတင်းထောက် ၁ ဦးကို သခင်စစ်ကုမ္ပဏီက အသရေဖျက်မှုပုဒ်မနဲ့ ဝိုင်းမော်မြို့နယ် တရားရုံးမှာ တန်ပြန်တရားစွဲဆိုထားပါတယ်။

May 23, 2026
- ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့အစိုးရက ကချင်ဒေသတစ်ခုလုံးမှာ တိုက်ပွဲဖော်ဆောင်ဖို့သာ အဓိက...
May 23, 2026
မနေ့ မေလ ၂၂ ရက်နေ့ ချင်းတိုင်းရင်းသားဘာသာရဲ့ youtube လင့်ကို ပို့ပေးဖို့ မေ့သွားလို့...
May 21, 2026
- ကရင်နီပြည်မှာ စိုက်ပျိုးနိုင်တဲ့ဧရိယာတွေ နည်းလာတာကြောင့် လာမယ့် ၂၀၂၆ အလွန်နဲ့ ၂၀၂၇...
May 20, 2026
- ဖားကန့်ဒေသအတွင်း စစ်ရေးတင်းမာနေတာကြောင့် ကျောင်းသားမိဘတချို့ မိမိတို့သားသမီးတွေ...