Published
Thursday, March 21, 2019
ကရင်ဘာသာ အစီအစဉ် (မတ်လ ၂၀၊ ၂၀၁၉)
ဇွဲကပင်တောင် စေတီရင်ပြင်တော် တိုးချဲ့လုပ်ငန်းကို လာမယ့်တပေါင်းလပြည့် ဘုရားပွဲတော်မှာ အပြီးသတ်ဆောင်ရွက်ဖို့ စီစဉ်ထားပေမဲ့လည်း ဆောက်လုပ်ရေးလုပ်ငန်းမပြီးသေးတဲ့အတွက် ပွဲတော်အမီ ဖွင့်လှစ်နိုင်မှာမဟုတ်ပါဘူး။
အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းထိန်းသိမ်းရေးနှင့် ရေကာတာဆန့်ကျင်ရေးနေ့ အခမ်းအနားကို ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့(KRW)က ဦးဆောင်ပြီး ထိုင်း-မြန်မာနယ်စပ်၊ ဖာပွန်ခရိုင်က သံလွင်မြစ်ကမ်းနံဘေးမှာ ကျင်းပခဲ့ပါတယ်။
ကရင်ပြည်နယ်ရဲ့အမြင့်ဆုံး မုလအိတောင်ထိပ်မှာရှိတဲ့ မုလအိဘုရားကို မြန်မာနိုင်ငံအတွင်းပြည်သူတွေသာမက နိုင်ငံခြားသားဘုရားဖူးတွေလည်း တစ်နှစ်ထက်တစ်နှစ် တက်ရောက်ဖူးမျှော်သူ များပြားလာပါတယ်။






