မူဆယ်မြို့အတွင်း တိုက်ပွဲများဖြစ်ပွား

မူဆယ်မြို့အတွင်း တိုက်ပွဲများဖြစ်ပွား
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
ရှမ်းပြည်မြောက်ပိုင်းမူဆယ်မြို့ ဂေါက်ကွင်းအနှီးတဝိုက်တွင် ယနေ့ည ကိုးနာရီကျော်အချိန်ခန့်တွင် သေနတ်ပစ်ခတ်သံများကြားရပြီး တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဒေခံများကပြောသည်။

မူဆယ် မြို့ အဝင်ဘက်အခြမ်းတွင် လက်နက်ကြီးကျသံ၊ လက်နက် ငယ်သံများ ကြားနေရကြောင်း မူဆယ် ဒေသခံတစ်ဦးကပြောသည်။

“ကိုးနာရီလောက်ကစပြီးသေနတ်သံကြားရတာဟိုဖက်ကကြားလိုက် ပစ်လိုက်ရပ်လိုက်ပေါ့ အပြင်လည်းထွက် မကြည့်ရဲဘူး။ ကားသံဆိုင်ကယ်သံလည်းတစ်ချက်တစ်ချက်ကြားရတယ်။ အခုလည်းပစ်နေတယ်။ မြို့အဝင်ဘက် အခုပစ်နေပြီ။ ရဲစခန်းတော့ အခြေအနေမကောင်းဘူးထင်တယ်။”ဟုမူဆယ် ဒေသခံတစ်ဦးကပြောသည်။

၂၁ ရက်နေ့ညနေ ၄ နာရီခန့်တွင် ပိတ်မိနေသော စစ်ရှောင်ပြည်သူများအား ကူညီကယ်ဆယ် ရေးဆောင်ရွက်ရန် သွားရောက်ခဲ့သည့် လူမှုကယ်ဆယ်ရေးကားနှစ်စီး ပစ်ခတ်ခံရပြီး ပရဟိတလူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မူဆယ်မြို့ ဂရုဏာလူမှုကူညီရေးအသင်းကပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းမူဆယ်မြို့  ၁၀၅မိုင် ကုန်သွယ်ရေးဇုံတွင် နိုဝင်ဘာလ ၂၀ ရက်နေ့မှ စတင်ပြီး ဖြစ်ပွားနေသောတိုက်ပွဲ များကြောင့် သေဆုံးသူ ၉  ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၂၉  ဦးရှိကြောင်း၊ စစ်ရှောင်ဒုက္ခသည် ၂၆၀၀ ကျော် ရှိကြောင်းသိရသည်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မူဆယ် လားရှိုး ပြည် ထောင်စုလမ်းမကြီးကိုလည်း ယာယီပိတ်ထားရပြီး ကုန်သွယ်မှုများရပ်ဆိုင်းထားရသည်ဟု သိရသည်။

အလားတူ မြန်မာပြည် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု ဖြစ်သောကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ရက္ခိုင့်တပ်မတော်(AA)၊ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော်( MNDAA)တို့မှ နိုဝင်ဘာလ ၂၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်တွင်လည်း ပြည်သူများအနေဖြင့် စစ်ရေးလှုပ်ရှားမှု ကာလအတွင်းစစ်ဘေးဒဏ်မှ ရှောင်ရှားနိုင်ရန်အတွက် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ခရီးသွားလာခြင်းများခတ္တဆိုင်းငံ့ကြပါရန် မေတ္တာရပ်ခံတောင်းဆိုထားသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းကွတ်ခိုင်-နမ့်ဖက်ကာ၊ မုံကိုး၊ မုန်တုံ၊ ပန်ဆိုင်းဒေသများတွင် တိုက်ပွဲများ ပြင်းထန်လျှက်ရှိကြောင်းသိရသည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...