တိုက်ပွဲကြောင့် ဆင်သီဖျားရွာသားများ ဆင်သီပိန္နဲတောသို့ ထွက်ပြေးခိုလုံ

တိုက်ပွဲကြောင့် ဆင်သီဖျားရွာသားများ ဆင်သီပိန္နဲတောသို့ ထွက်ပြေးခိုလုံ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသ၊ ဗုဒေါ္ဓကျေးရွာ၏ အနောက်ဘက်တောင်တန်း ကျောက်ပုံတောင် အနီး တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ဆင်သီကျေးရွာအုပ်စု၊ ဆင်သီဖျားကျေးရွာမှ မြိုတိုင်းရင်းသာ ၆၇ ဦးသည် ဆင်သီပိန္နဲတောကျေးရွာသို့ ထွက်ပြေး တိမ်းရှောင် ရောက်ရှိလာသည်ဟု သတင်းရရှိသည်။

“ သူတို့ ဒီလ ၈ ရက်နေ့က စရောက်ရှိလာပါတယ်။ အိမ်ထောင်စု ၁၅ စု၊ လူဦးရေ ၆၇ ဦး ရောက်ရှိလာပါတယ်။ အဲဒီ အထဲမှာ ရဟန်းတော် ၂ ပါးလည်း ပါဝင်ပါတယ်” ဟု ဆင်သီပိန္နဲတော ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ချစ်လှိုင်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ကျောက်ပုံတောင်အနီး ဆင်သီဖျားကျေးရွာအနီးတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် AAတို့ အကြား တိုက်ပွဲများ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေသည်ဟုဆိုသည်။

“ဟုတ်ပါတယ်။ ကျောက်ပုံတောင်အနီး တိုက်ပွဲဖြစ်နေလို့ ကြောက်လန့်ပြီး ထွက်ပြေးလာကြတာပါ။ တိုက်ပွဲက ၇ ရက်နေ့က စဖြစ်ပြီး ၃ ရက်တိုင်တိုင်ဖြစ်နေတာပါ ”ဟု ၎င်းကဆိုသည်။

ထွက်ပြေးလာသူများအား ဆင်သီပိန္နဲတောကျေးရွာ မူလတန်းကျောင်းတွင် ယာယီခိုလုံခွင့်ပေးထားပြီး အစားအသောက်များကို ဆင်သီရွာနှင့် ဒေသအတွင်းက ပရဟိတ အဖွဲ့များ ယာယီ ကူညီ ထောက်ပံ့ ထားသည်ဟု သိရသည်။

ပိုးရွှီပြင်မဟာမိတ်လူမူကူညီရေး အသင်း ပြန်ကြားရေးတာဝန်ခံ ကိုအောင်ကျော်က “ကျနော်တို့ ပိုးရွှီပြင် မဟာမိတ်လူမှုကူညီရေး အသင်းကတော့ သွားရောက်ကူညီခဲ့ပါတယ်။ ဆန်တွေ၊ စားနဲ့ရိက္ခာတွေ၊ ဖျာတွေ၊ အဝတ်အထည် တချို့ကို သွားရောက်ကူညီခဲ့ပါတယ်။ သူတို့ပြေးလာကြတာ ဘာမှမပါဘူး။ပါလာတာက အဝတ်တစ်ထည် ကိုယ်တစ်ခုပါလာပါတယ်။ အိုးတွေ ခွက်တွေလည်းဘာမှ မပါဘူး”ဟု ပြောသည်။

ထွက်ပြေးလာကြသူများကို ပံ့ပို့ကူညီရန် လိုအပ်နေကြောင်း၊ ချက်ပြုတ် စားသောက်ရန် အိုး၊ခွက် ၊ ပန်းကန်၊ အဝတ်အထည်များ အရေးပေါ်လိုအပ်နေကြောင်း ၎င်းက ပြောကြားသည်။

April 25, 2026
ကျော်သီဟ — ရခိုင်ပြည်ရှိ စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်းက လေးလအတွင်း စစ်ဘေးရှောင်နှင့်...
April 24, 2026
ရခိုင်ပြည်၊ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်ဖက်ကို ကမ်းကပ်ရန်ချဉ်းကပ်ခဲ့သည့် ...
ဓာတ်ပုံ - ရက္ခဝဏ္ဏစာပီကဗျာ
April 23, 2026
ကျော်သီဟ — အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇)နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့်...
April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...