NCA တွင် အားလုံုးပါ၀င်နိုုင်ရေးမူကိုုဆွဲကိုုင်သွားမည်ဟုု KNPP ဆုံုးဖြတ်

NCA တွင် အားလုံုးပါ၀င်နိုုင်ရေးမူကိုုဆွဲကိုုင်သွားမည်ဟုု KNPP ဆုံုးဖြတ်
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
တစ်နိုုင်ငံလုံုး ပစ်ခတ်တိုုက်ခိုုက်မှုရပ်စဲရေး သဘောတူစာချူပ် NCA တွင် တိုုင်းရင်းသား လက်နက် ကိုုင် တော်လှန်ရေး အဖွဲ့အားလုံုးပါ၀င်ရေး ဆိုုသည့် မူ ကိုု ဆက်လက်ကိုုင်ဆွဲသွားမည်ဟုု နိုုဝင်ဘာလ ၁၆ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည့် ကရင်နီ အမျိုးသား တိုုးတက်ရေးပါတီ KNPP အဖွဲ့၏ ပါတီ ဗဟိုုကော်မတီ အရေးပေါ် အစည်းအဝေးမှ ဆုံုးဖြတ်ခဲ့ကြောင်း သိရသည်။

နိုုဝင်ဘာလ ၁၅ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့သည့် ၄င်းအစည်းအဝေးတွင် လက်ရှိ နိုုင်ငံရေး နှင့် ငြိမ်းချမ်းရေး အခြေအနေများကိုု သုံုးသပ်ဆွေးနွေးခဲ့ကြပြီးနောက် တပ်ပေါင်းစုုဖြစ်သည့် ညီညွတ်သော တိုုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲမှချမှတ်ထားသည့် ငြိမ်းချမ်းရေးတွင် အားလုံုးပါ၀င်ရေးမူအတိုုင်း ပူးပေါင်းဆောင်ရွက်သွားကြဖိုု့ ဆုံုးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟုု ပြောသည်။

ကျနော်တိုု့ KNPP အနေနဲ့က တော့ အရင်ထဲကပဲ ကျနော်တိုု့ ဒီ အားလုံုးပါ၀င်ရေး မူကိုုသွားနေတဲ့အတွက် အခုုလည်း ကျန်ရှိနေသေးတဲ့ လက်မှတ်မထိုုးသေးတဲ့ အဖွဲ့အစည်းတွေ အားလုံုး နောက် ဒီ တိုုက်ပွဲတွေ ဖြစ်နေတဲ့ အဖွဲ့အစည်းတွေ အားလုံုး ပါ၀င်နိုုင်အောင်တော့ ကြိုးပမ်းသွားဖိုု့ပေါ့၊ ဟုု ကရင်နီ အမျိုးသား တိုုးတက်ရေးပါတီ KNPP အဖွဲ့မှ အထွေထွေ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့် မှ ပြောသည်။

အစည်းအဝေးတွင် KNPP နယ်မြေအပါအဝင် တခြား တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး တပ်ဖွဲ့ရှိ နယ်မြေအသီးသီး၏ အောက်ခြေဒေသများတွင် ဖြစ်ပေါ်နေသည့် တုုိက်ပွဲများသည် ငြိမ်းချမ်းရေး လုုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရန် အတားအဆီးများ ဖြစ်နေသည့် အတွက် အစိုုးရထံ အမြန်ဆုံုးရပ်စဲစေရန် တိုုက်တွန်းတောင်းဆိုုသွားမည်ဟုု ဆုံုးဖြတ်ခဲ့ကြောင်း ဆက်ပြောသည်။

နှစ်ရက်ကြာ ကျင်းပခဲ့သည့် KNPP အရေးပေါ် ပါတီဗဟိုုကော်မတီအစည်းအဝေးတွင် အဓိက ဆွေးနွေးခဲ့ကြသည့် အကြောင်းအရာများနှင့်ပတ်သက်၍ ဦးအောင်ဆန်းမြင့်က  ဆက်လက်ပြောဆိုသည်။

“လောလောဆယ်မှာ ကျနော်တိုု့ ၂၁ ဖွဲ့ရှိတယ်။ အခုု ၈ ဖွဲ့့ပဲထိုုးထားပြီး ၁၃ ဖွဲ့ မထိုုးနိုုင် သေးဘူး၊ အောက်အခြေအနေတွေမှာလည်း တိုုက်ပွဲတွေက ဖြစ်နေသေးတယ် တစ်ချို့ဒေသ တွေမှာလည်း။ ဒါ့အပြင် ကျနော်တိုု့ အစိုုးရနဲ့သော်လည်းကောင်း၊ ပြည်နယ်က တပ်တွေနဲ့ သော်လည်းကောင်း ဆက်ဆံရတာတွေ အခြေအနေတွေက တမျိုးဖြစ်တယ်လေ မပြေမလည် တွေလည်း ရှိတယ်ပေါ့။ နောက်ပြီးတော့ ဒီနေ့ ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် ၈ ချက် ကိုုသွားတာလည်း ကျနော်တိုု့ မပြေမလည်သေးတာတွေလည်းရှိတယ်၊ ဘယ်လိုုနည်းလမ်း နဲ့ချည်းကပ်ရင် ဘယ်လိုု ပိုုပြီးမှ ငြိမ်းချမ်းရေးကိုု ပုုိပြီးသွားနုုိင်မလဲဆိုုတာပေါ့။ “ ၎င်းက ဆိုသည်။

ကရင်နီ အမျိုးသား တိုုးတက်ရေးပါတီ KNPP ၏ ရှေ့လုုပ်ငန်းစဉ် စီမံချက်တချို့ကိုု အရေးပေါ် ပါတီ ဗဟိုုကော်မတီ အစည်းအဝေးတွင် ချမှတ်ခဲ့ကြပြီး ဒီဇင်ဘာလတွင် ကျင်းပရန်ရှိသည့် ညီညွတ် သော တိုုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ ညီလာခံ တက်ရောက်ရန် ကိစ္စနှင့် ပတ်သက်၍လည်း ဆွေးနွေးညှိနှိုင်းခဲ့ကြသည်ဟုု သိရသည်။

ကရင်နီ အမျိုးသား တိုုးတက်ရေးပါတီ KNPP အဖွဲ့သည် NCA တစ်နုုိင်ငံလုံုး ပစ်ခတ်တိုုက်ခိုုက်မှု ရပ်စဲရေး သဘောတူစာချူပ် လက်မှတ်မရေးထိုုးကြရသေးသည့် တိုုင်းရင်းသား လက်နက်ကိုုင် အဖွဲ့ ရ ဖွဲ့ဖြင့် စုုဖွဲ့ထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့၏ အဖွဲ့ဝင်လည်း ဖြစ်သည်။

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့သည် လွန်ခဲ့သည့် ၂၀၁၂ ခုုနှစ် ဇွန်လ ၉  ရက် နေ့တွင် မြန်မာအစိုးရနှင့် ပဏာမ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးစာချူပ် လက်မှတ် ရေးထိုးထားသည့် တိုုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ တစ်ဖွဲ့ ဖြစ်သည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...