သတင်းမီဒီယာဥပဒေနှင့်အဖြေရှာရန် ရန်ကုန်တိုင်းအစိုးရကို သတင်းအဖွဲ့အစည်းများတိုက်တွန်း

သတင်းမီဒီယာဥပဒေနှင့်အဖြေရှာရန် ရန်ကုန်တိုင်းအစိုးရကို သတင်းအဖွဲ့အစည်းများတိုက်တွန်း
by -
မွန်သတင်းအေဂျင်စီ
 မြန်မာသတင်းအဖွဲ့အစည်း ၅ ဖွဲ့(MNA)
မြန်မာသတင်းအဖွဲ့အစည်း ၅ ဖွဲ့(MNA)
ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် ယခင်အစိုးရ လက်ထက်က အသုံးပြုခဲ့သည့် ဆက်သွယ်ရေးဥပဒေဖြင့် သတင်းမီဒီယာလွတ်လပ်ခွင့်ကို ခြိမ်းခြောက် စေသည့်လုပ်ဆောင်မှုများကို အမြန်ဆုံးရပ်တန့်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် ပူးပေါင်း ဆောင်ရွက်ပြီး သတင်းမီဒီယာဥပဒေနှင့်အညီ အဖြေရှာရန်တိုက်တွန်းကြောင်း နိုဝင်ဘာ ၁၃ နေ့စွဲဖြင့် သတင်းမီဒီယာအဖွဲ့အစည်း ၅ ဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်သည်။

Eleven (အလဲဗင်း) မီဒီယာ စီအီးအိုနှင့် အယ်ဒီတာချုပ်တို့အပေါ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့်အရေးယူထားခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံသတင်းစာ ဆရာများအသင်း(MJA)၊ မြန်မာဂျာနယ်လစ်ကွန်ယက်(MJN)၊ မြန်မာစာနယ်ဇင်းသမဂ္ဂ(MJU)၊ မြန်မာ မီဒီယာရှေ့နေကွန်ရက်(MMLN)၊ နိိုင်ငံတကာမြန်မာ့သတင်းမီဒီယာအဖွဲ့ (BNI) တို့က နိုဝင်ဘာလ ၁၃ ရက်နေ့ နေ့စွဲဖြင့်သဘောထားထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အလဲဗင်းမီဒီယာအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲထားခြင်းသည် မီဒီယာဥပဒေနှင့် သတင်းမီဒီယာကောင်စီကိုမျက်ကွယ်ပြုထားသကဲ့သို့လွတ် လပ်စွာထုတ်ဖော်ခွင့်ကိုလည်း ပိတ်ပင်ရာရောက်ကြောင်း မြန်မာသတင်းမီဒီယာအဖွဲ့အစည်းများက ထောက်ပြသည်။

ထို့အပြင် ရွေးကောက်ပွဲတွင် အများထောက်ခံမှုဖြင့်အာဏာရလာသည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် သတင်းမီဒီယာဥပဒေကို အသုံးပြုနိုင်သော်လည်း ယခင်အစိုးရအသုံးပြုခဲ့သည့်ဥပဒေကိုပင် ပြန်လည်အသုံးချခြင်းသည် အစိုးရ၏ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည်ဟု ထုတ်ပြန်ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။

“ဆက်သွယ်ရေးဥပဒေနဲ့ အရေးယူတိုင်တန်းတာက လွဲမှားနေတယ်၊ Eleven Media Group ဟာ သတင်းမီဒီယာတစ်ခုဖြစ်ပြီး ပြည်သူလူထုအတွက် ပြန်ကြားဆက်သွယ်ရေးလုပ်ငန်းကို လုပ်ကိုင်နေတဲ့ အဖွဲ့ဖြစ်တဲ့အတွက် အရေးယူလိုပါက ၂၀၁၄ ခုနှစ် သတင်းမီဒီယာဥပဒေအရနဲ့ပဲ အရေးယူရမှာ” ဖြစ် ကြောင်း နိုဝင်ဘာ ၁၁ ရက်နေ့စွဲဖြင့် ဥပဒေအထောက်အကူပြုကွန်ရက် Legal Aid Network ကန့်ကွက်စာတွင် ရေးသားဖော်ပြထားသည်။

လာဘ်စားတိုက်ဖျက်ရေးကိုဦးတည်လျက် Daily Eleven သတင်းစာက အများပြည်သူအကျိုးအတွက် ထောက်ပြဝေဖန်ခြင်းအပေါ် ဦးဖြိုးမင်းသိန်းနှင့် NLD အစိုးရက တန်ဘိုးထားသင့်ကြောင်း၊ သတင်းမီဒီယာလွတ်လပ်ခွင့်ကို အသိအမှတ်ပြုသင့်၊ အားပေးသင့်ကြောင်း၊ ပုဂ္ဂိုလ်ရေးအာဃာတထားသည့်သဘောဖြင့် ပြင်းထန်စွာပြန်လည်လက်တုန့်ပြန်မှုမျိုး မပြုသင့်ကြောင်း ဥပဒေအထောက်အကူပြုကွန်ရက်က တိုက်တွန်းရေးသားထားသည်။

အလားတူ ပုဒ်မ ၆၆ (ဃ) ဖြင့် Eleven (အလဲဗင်း) မီဒီယာစီအီးအိုနှင့် အယ်ဒီတာချုပ်တို့အပေါ် လတ်တလော စွဲဆိုထားသော အမှုများကို ပိတ်သိမ်းပယ်ဖျက်ပေးရန် PEN Myanmar ၊ နိုင်ငံတကာ ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) ၊   Asian News Network - ANN ခေါ် အာရှသတင်းကွန်ရက်တို့က ကြေညာချက်အသီးသီထုတ်ပြန် တောင်းဆိုထားသည်။  

မြန်မာနိုင်ငံတွင် မီဒီယာများကျင့်ဝတ်နှင့်အညီရေးသားဖော်ပြကြရန်၊ သတင်းမီဒီယာဥပဒေနှင့် သတင်း မီဒီယာကျင့်ဝတ်များလည်း ပြဌာန်းထားပြီး အငြင်းပွားမှုများဖြေရှင်းရန် သတင်းမီဒီယာကောင်စီလည်း ဖွဲ့စည်းထားပြီးဖြစ်သည်။

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ကို ၂၀၁၃ ခုနှစ်က ပြဌာန်းခဲ့ဖြစ်ပြီး ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ယင်းဥပဒေဖြင့် တရားစွဲခံရသူ ရ ဦးရှိခဲ့ပြီး လက်ရှိအစိုးရလက်ထက် ရ လအတွင်း ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံရသည့် အမှုပေါင်း ၂၉ မှုအထိ ရှိကြောင်း သိရသည်။

Most read this week

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...