ကချင်မှာ တရုတ်ငှက်ပျောခြံ တိုးလာခြင်း သုတေသနပြုချက် တင်ပြဆွေးနွေး

ကချင်မှာ တရုတ်ငှက်ပျောခြံ တိုးလာခြင်း သုတေသနပြုချက် တင်ပြဆွေးနွေး

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း တရုတ်တစ်သျှူးငှက်ပျော စိုက်ပျိုးမှုရာခိုင်နှုန်း အလွန်များပြား လာခြင်းကြောင့် ထွက်ပေါ်လာသော ဆိုးကျိုးများကိစ္စ အထူး သုတေသနပြုချက် တင်ပြဆွေးနွေးခြင်း မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အစီရင်ခံစာတွင် တရုတ် တစ်သျှူးငှက်ပျောစိုက်ပျိုးမှုကြောင့် ကြုံတွေ့ရသည့် ပြဿနာ ဆိုးကျိုးများဆိုင်ရာ တင်ပြဆွေးနွေးပွဲကို ဖေဖေါ်ဝါရီလ ၇ရက်နေ့ မြေယာလုံခြုံမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကွန်ယက်အဖွဲ့မှ ဦးဆောင်ပြီး ရွှေပြည်စံခန်းမတွင် ပြုလုပ်ခြင်းဖြစ်သည်။

လက်ရှိမြေပြင်မှာစိုက်ပျိုးထားသည့် တစ်သျှူးငှက်ပျောခြံ ပမာဏနှင့် ဒေသခံပြည်သူများ ရင်ဆိုင်နေရသည့် ဆိုးကျိုးများကို ပြည်သူလူထု အားလုံး သိရှိပြီး တစ်သျှူးငှက်ပျော စိုက်ပျိုးမှုနှုန်းလျှော့ချ နိုင်ရန် ရည်ရွယ်ပြီး အစီရင်ခံစာ ပြုလုပ်ရခြင်း ဖြစ်သည်ဟု ပြောဆိုခွင့်တာဝန်ခံ ဦး Brang Aung က ကချင်သတင်းဌာန KNG ကို ယခုလို ပြောသည်။

“မြေပြင်မှာ စိုက်ပျိုးထားတဲ့ ငှက်ပျောစာရင်းက အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခု အချက်အလက် ကောက်ယူချက် မတူညီဘူး။ အလွန်ကွာဟနေတယ်။ အမှန်တော့ ကျနော်တို့ ကောက်ထားချက်အရက ဧက တစ်သိန်းကျော်ဖြစ်နေတယ်။ ပြီးရင် တစ်သျှူးငှက်ပျောဟာ သဘာဝအရဖြစ်လာတဲ့ငှက်ပျော မျိုးမဟုတ်တဲ့အတွက် လက်ရှိမြန်မာနိုင်ငံက ပြဌာန်းထားတဲ့ ဥပဒေနဲ့ ကိုက်ညီမှုရှိလာ။ တစ်သျှူးငှက်ပျောကြောင့် ပျက်သုန်းမှုတွေ ဘယ်လောက်ထိ ဖြစ်လာနိုင်မလဲ။ ဒီအပိုင်းတွေအပေါ် သံသယရှိတယ်။ ဒါကြောင့် ဒီအချက်တွေကို သိစေချင်သဖြင့် ပြုလုပ်ရခြင်းဖြစ်တယ်။”

လက်ရှိ တရုတ် တစ်သျှူးငှက်ပျော စိုက်ပျိုးမှုရာခိုင်းနှုန်းမှာ ၁၂ ရာခိုင်းနှုန်း ရှိနေသဖြင့် တောင်သူဒေသခံများ၏ စိုက်ပျိုးမြေထက် ၁ရာခိုင်နှုန်းများနေသည့်အတွက် ၎င်းစိုက်ပျိုး မှုနှုန်း လျှော့ချလာနိုင်ရန်အတွက် ဒေသခံပြည်သူများလည်း ပူးပေါင်းဆောင်ရွက်ရန်အလွန်ရေးကြီးပြီး အစိုးရက လည်း မြေအသုံးချမှုဆိုင်ရာ စီမံကိန်းများထားရှိမှသာ လျှော့ချလာနိုင်မည် ဖြစ်ကြောင်းကို ဆက်လက်ပြောဆိုသည်။

အစိုးရမှ တရုတ်တစ်သျှူးငှက်ပျောစိုက်ပျိုးမှု ခွင့်ပြုထားသောကြောင့် ဒေသခံပြည်သူများ ၏ ကျွဲ၊ နွားများ စားကျက်မြေများပျောက်ဆုံးနေပြီး မူးယစ်ဆေးဝါးများ သိသိသာသာ ပေါများလာသည်ဟု ဝိုင်းမှော်မြို့နယ် ရွှေညောင်ပင် ကျေးရွာမှ ဦးဇောင်းဒေါင် က ယခုလို ကချင်သတင်းဌာန KNG ကို ပြောပါသည်။

“အစိုးရက တစ်သျှူးငှက်ပျောကို စိုက်ပျိုးခွင့်ပေးသဖြင့် ကျနော်တို့ရဲ့ တိရိစ္ဆန်များ စားကျက်နေရာတွေမရှိတော့ဘူး။ မိုးတွင်း လမ်းများပျက်စီးသဖြင့် ဒေသခံပြည်သူများ ပြဿနာခက်အခဲများ ကြုံတွေ့ရတယ်။ နောက်တစ်ခုက မူးယစ်ဆေးဝါးတွေ သိသိသာသာပေါများလာတယ်။ ဒေသခံပြည်သူများက နေထိုင်မှုမှာ လုံခြုံမှုမရှိတော့ဘူး။ ပြီးရင် မြေယာပြဿနာပဲ။ တစ်ဦး တစ်ယောက်ရောင်းချလိုက်ရင် နောက်တစ်ဦးက ပြန်ရောက်လိုက်ရတယ်။ ဘာကြောင့်လဲဆိုတော့ ဘာမှ လုပ်ကိုင်စားသောက်လို့မရတော့ဘူး။ သူတို့ကပိုးသတ်ဆေးတွေ အင်မတန်သုံးစွဲလာတယ်။ ဒေသခံတွေဘာမှ စိုက်ပျိုးလို့မရတော့ဘူး။ မြေယာတွေ အားလုံးပျက်စီသွားတယ်လို့။”

တစ်သျှူးငှက်ပျောနှင့်ပတ်သက်ပြီး ဝိုင်းမော်မြို့နယ်အနီးတဝိုက် တရားဝင်မှတ်ပုံတင် စိုက်ပျိုးသည့် ကုမ္ပဏီစုစုပေါင်း ၂၆ခုသာရှိပြီး လက်ရှိမြေစာရင်း ဦးစီးဌာန ကွင်းဆင်းစစ်ဆေးချက်အရ မြေဧကပေါင်း ၂၇၀၀၀ ကျော်သာ ရှိနေကြောင်းကို ဝိုင်းမော်မြို့နယ် ဒေသခံ ရှေ့နေ ဦးဂေးနစ် က အစီရင်ခံစာတင်ပြသည့် ဆွေးနွေးပွဲတွင် တင်ပြပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် တစ်သျှူးငှက်ပျောစိုက်ခင်းအတွင်း တစ်သျှူးငှက်ပျောသာမက ဖရဲသီးနှင့် အခြားသီးနှံများကိုလည်း စိုက်ပျိုးနေကြောင်းသိရသည်။

အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...
May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...