ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် လူမှုအဖွဲ့အစည်းများတစ်လတစ်ကြိမ်တွေ့ဆုံသွားမည်

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် လူမှုအဖွဲ့အစည်းများတစ်လတစ်ကြိမ်တွေ့ဆုံသွားမည်
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ်လွှတ်တော်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အကောင်အထည်ဖော်နေမှုအပေါ် လွှတ်တော်ကိုယ်စားလှယ်များ ကြံုတွေ့ရသည့် အခက်အခဲများကိုရှင်းလင်းချပြနိုင်ရန် သတင်းမီဒီယာများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ဒေသခံများတို့အား တစ်လတစ်ကြိမ် တွေ့ဆုံသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော်မှ သိရသည်။

လက်ရှိလွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ဒေသခံပြည်သူအများစုသိရှိမှုနည်းပါး ခြင်း၊ ဝေဖန်မှုများရှိခဲ့ခြင်းကြောင့် တစ်လတစ်ကြိမ် တွေ့ဆုံသွားမည်ဆိုပါက လွှတ်တော်လုပ်ငန်းများ နှင့်ပတ် သက်၍ ရှင်းရှင်းလင်းလင်းသိရှိနိုင်မည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားခဲ့သည်။

မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက “ ကျွန်မတို့ လွှတ်တော်အဖွဲ့ အစည်းအဝေးတွေက အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ တစ်လ တစ်ကြိမ်တွေ့ဆုံပေမယ့်လည်း ဒီကြားထဲမှ သိချင်တဲ့ အချက်အလက်တွေ၊ မေး ချင်တဲ့ အချက်အလက်တွေရှိရင်လည်း အချိန်မရွေး မေးမြန်းနိုင်ပါတယ်” ဟု ပြောသည်။

လွှတ်တော်ကိိုယ်စားလှယ်များအနေဖြင့် မိမိတို့သက်ဆိုင်ရာဒေသအတွင်း လုပ်ငန်းဆောင်ရွက်ရာတွင် အချို့ဒေ သခံပြည်သူများက သိမြင်မှုနည်းနေကြောင်း၊ လွှတ်တော်အဖွဲ့အစည်းများ မည်ကဲ့သို့လုပ်ဆောင်နေသည်ကို ပြောပြသင့်ကြောင်း၊ ပြည်သူများက မဲထည့်ထားပေးပြီး ဘာတွေလုပ်ဆောင်နေလဲ၊ ကြိုးစားနေလား၊ တိတ် ဆိတ်နေလားဆိုတာတွေ မဖြစ်ရအောင် မကြာမကြာတွေ့ဆုံပြောပြမှ ပြည်သူလူထုရဲ့အကျိုးကိုလည်း သိရကြောင်း၊ သတင်းမီဒီယာများဘက်ကိုလည်း စိတ်ကြိုက်မေးမြန်းနိုင်ပြီး၊ အကြံဉာဏ်လည်း ပေးနိုင်ကြောင်း လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

သူက “ပြီးခဲ့တဲ့လက မွန်ပြည်နယ်အစိုးရအဖွဲ့နဲ့ လူမှုအဖွဲ့အစည်း တွေ့ဆုံခဲ့တယ်။ ကျနော်တို့ လွှတ်တော်ဘက် ကလည်း သတင်းမီဒီယာအဖွဲ့တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း၊ ဒေသခံတွေနဲ့ တွေ့ဆုံသင့်တယ်၊ ဒါမှ လွှတ် တော်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ ရှင်းရှင်းလင်းလင်းသိသွားမယ်” ဟု ပြောသည်။

မတ်လ၌ စတင်ခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၈ လကြာကာလအတွင်း ပုံမှန်အစည်းအဝေး ၃ ကြိမ်နှင့် အထူးအစည်းအဝေးတစ်ကြိမ် ကျင်းပနိုင်ခဲ့ပြီး အဆို ၁၇ ခု၊ မေးခွန်း ၆၂ ခု ဆွေးနွေးပြီးစီးခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သက်တမ်းတွင် မြို့နယ် ၁၀ မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ၂၀ ဦး၊ ကရင်၊ ပအိုဝ်း၊ ဗမာ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ၃ ဦးနှင့် တပ်မတော်ကိုယ်စားလှယ် ၈ ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးတို့ ပါဝင်လျက်ရှိသည်။

Most read this week

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...