KDI မြစ်ကြီးနား Learning Center ဖွင့်လှစ်

KDI မြစ်ကြီးနား Learning Center ဖွင့်လှစ်

မြန်မာပြည်မြောက်ပိုင်းတွင် အဓိက ဖယ်ဒရယ်ဒီမိုကရေစီ လူထုပညာပေး သင်တန်းများ ပေးနေသော Kachin Democratic Institute (KDI) က အဖွဲ့၏ ပထမဦးဆုံး Learning Center ကို ဖေဖေါ်ဝါရီ ၅ ရက် ကချင်တော်လှန်ရေးနေ့ မှာ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

ကျောင်းဖွင့်ပွဲနှင့်အတူ KDI ဖွဲ့စည်းခြင်း ၄နှစ်ပြည့် ကျေးဇူးတော်ချီးမွမ်းပွဲကို Learning Center ဖွင့်လှစ်သော ဒူကထောင်ရပ်ကွက်တွင် ပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ ဖိတ်ခေါ်ထားသော အသင်းတော်ပေါင်းစုံ၊ နိုင်ငံရေးပါတီ နှင့် ကချင်လူမှုအဖွဲ့အစည်းများမှ ၇၀ ကျော် တက်ရောက်ခဲ့သည်။

Learning Center မှာ အဓိက လူငယ်ခေါင်းဆောင်ကောင်း မွေးထုတ်ခြင်း အစီစဉ်ကို ဦးစားပေး လုပ်ဆောင်သွားမည် ဖြစ်သည်ဟု KDI ဒါရိုက်တာ၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုုပ် KBC လူငယ် တာဝန်ခံ ဟောင်း Dr. Hkan Naw ယခုလို ကချင်သတင်းဌာန KNG ကို ပြောသည်။

“ကျနော်တို့ ဖြစ်ချင်တဲ့ လူငယ်အနာဂတ်၊ အမျိုးသား အနာဂတ်တွေကို ဝိုင်းပြီးစဉ်းစားနိုင်ဖို့ နံပါတ် ၁ ကတော့ ကျနော်တို့ လူငယ်တွေကို youth empowerment program နဲ့ လူငယ်တွေ ခိုင်ခံ့လာစေရန် အားပေးမြှင့်တင်ပေးခြင်း ဒီလို အစီစဉ်မျိုးကို ဦးစွာ ဝိုင်းပြီးလုပ်ဆောင်သွားမယ်။ လူငယ်တွေရဲ့ အခွင့်အရေးကတော့ အမှန်တကယ် စီးပွါးရေး၊ နိုင်ငံရေး၊ ပညာရေး စိတ်ပါသူတွေ တစုတစည်းနဲ့ အတူ အလုပ်လုပ်သွားမှာ ဖြစ်ပါတယ်။”

၂၀၁၅ စတင်ဖွဲ့စည်းချိန်မှ KDI သည် ကချင်ပြည်နယ်အတွင်း ဖယ်ဒရယ်ပြည်စုစနစ်အကြောင်း လူထုပညာပေး သင်တန်းများကို ယခုချိန်ထိ လုပ်ဆောင်နေပါသည်။

ယမန်နှစ် ၂၀၁၈ အတွင်း KDI က မြန်မာဘာသာဖြင့် ကချင်ပြည်နယ်ဖယ်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ် (မူကြမ်း) ကို ပုံနှိပ်ထုတ်ဝေပြီး လူထုကို ဖြန့်ဝေခဲ့သည်။ ၎င်းနောက် ကချင်ပြည်နယ်ဖယ်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲရေး ကော်မတီ (Kachin State Federal Constitution Drafting Committee) ကို ဖွဲ့စည်းပေးခဲ့သည်။

ယနေ့ ကချင်အမျိုးသားများ တွေ့ကြုံနေရသော ပြဿနာများ၊ တရားမျှတမှုနှင့်ရပိုင်ခွင့်ရှုံးဆုံးမှုများ စသည့် ကိစ္စအရပ်ရပ်များပေါ် အတူ ဝိုင်းပြီးဆွေးနွေး အဖြေရှာရာတွင် Learning Center က platform အနေဖြင့် လုပ်ဆောင်သွားဖြစ်ကြောင်း KDI ဒါရိုက်တာ Dr. Hkan Naw ပြောသည်။

Most read this week

မြေမြှုပ်မိုင်းပုံ / Crd
September 8, 2026
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်အတွင်း မြေမြှုပ်မိုင်းများကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၅ ဦးအထိ...
September 8, 2026
မန္တလေးဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် ရေယာဉ်အုပ်စုပါ ဖလပ်သံ ခွန် ၂၈...
September 7, 2026
ကချင်ပြည်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောယာဉ်တန်းများ စင်းခန်းဒေသအနီးတွင် တိုက်ခိုက်...
မိုးကောင်းမြို့အဝင် ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် / Crd
September 7, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့သည့်...