မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှင်းလင်းပွဲပြုလုပ်

မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှင်းလင်းပွဲပြုလုပ်
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် လူထုတွေ့ဆုံပွဲ (Htaw Naieain Facebook)
မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် လူထုတွေ့ဆုံပွဲ (Htaw Naieain Facebook)
လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ဒေသခံမွန်အဖွဲ့အစည်းအသီးသီးတို့ သိရှိနားလည်စေရန် မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်မှ ဦးဆောင်ပြီး လူထုတွေ့ဆုံဆွေးနွေးပွဲတစ်ရပ်အား နိုဝင်ဘာလ (၉) ရက် နေ့က မွန်ပြည်နယ်၊ ရေးချောင်းဖျားဒေသရှိ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ဝယ်ဇင်စခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ရေးမြို့နယ်အတွင်းရှိ မွန်စာပေယဉ်ကျေးမှုအသင်းအဖွဲ့များ၊ ကျေးရွာအသီးသီးမှ ရပ်မိရပ်ဖများ၊ မွန်လူငယ်အဖွဲ့ အစည်းများနှင့် လူမှုအဖွဲ့အစည်းကိုယ်စားလှယ် စုစုပေါင်း (၁၄၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး လက်ရှိငြိမ်းချမ်းရေးအခြေအနေနှင့် ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေး ကိစ္စအပါအဝင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စရပ်များကိုလည်း အဓိကထား ဦးတည်ဆွေးနွေးခဲ့ကြောင်း မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်မှ သိရသည်။

မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် အတွင်းရေးမှူး နိုင်ထော်ရွတ်က "မွန်လူထုတွေအနေဖြင့် ဖက်ဒရယ်အကြောင်း နားလည်အောင်၊ မိမိလူမျိုးအချင်းချင်း ကြားမှာ ညီညွတ်မှုရရှိဖို့၊ နောက်တစ်ချက်က ပင်လုံညီလာခံလိုမျိုး နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်လာရင်လည်း မိမိတို့တစ်သံတည်း ထွက်လာဖို့၊ ယနေ့ကာလမှာ မွန်လူငယ်တွေအများစုမှာ မူးယစ်ဆေးဝါးရဲ့ ကျေးကျွန်အဖြစ်ကနေ လွတ်မြောက်စေဖို့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ ဆွေးနွေးအဖြေရှာခဲ့တယ်" ဟု ပြောသည်။

နိုင်ငံရေးတွေ့ဆုံပွဲများတွင် အစိုးရ၊ နိုင်ငံရေးပါတီနှင့် တိုင်းရင်းသာလက်နက်ကိုင် (၃) ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး၊ UNFC ၏ ဖက်ဒရယ်မူ၊ မွန်အမျိုးသားကျောင်းများတွင် မူးယစ်ဆေးဝါးကင်းစင်ကြောင်း ဆိုင်းဘုတ်များ တပ်ဆင်သွားရန်နှင့် နှစ်လတစ်ကြိမ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှင်းလင်းပွဲ ဆက်လက်လုပ်ဆောင်သွားရန် စသည့်သဘောတူညီမှု (၄) ချက် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

“အဓိကကတော့ ငြိမ်းချမ်းရေးကို ရရှိနိုင်တဲ့အခြေအနေအထိ ရောက်အောင် အားလုံး ညီညီညွှတ်ညွတ်နဲ့ ပူးပေါင်းလုပ်ဆောင်သွားချင်လို့ အခုလို တွေ့ဆုံဆွေးနွေးပွဲလုပ်တာပါ” ဟု အဆိုပါငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှင်းလင်းပွဲ တက်ရောက်ဆွေးနွေးခဲ့သူ နာဲအောင်ဘက ပြောသည်။

အလားတူဆွေးနွေပွဲကိုလည်း နိုဝင်ဘာလ တတိယပတ်တွင် တနင်္သာရီတိုင်းဒေသကြီးရှိ ရေဖြူမြို့နယ်၌ ထပ်မံပြုလုပ်နိုင်ရန် စီစဉ်ထားကြောင်း မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်မှ သိရသည်။

မွန်ပြည်သစ်ပါတီသည် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးကို အစိုးရနှင့် လက်မှတ်ရေးထိုးထားပြီးဖြစ်သော် လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုသဘောတူစာချုပ် NCA လက်မှတ် မရေးထိုးရသေးသော UNFC အဖွဲ့ဝင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း ဖြစ်သည်။

Most read this week

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...