Published
Sunday, January 20, 2019
မြန်မာဘာသာ အစီအစဉ် (ဇန်နဝါရီလ ၂၀၊ ၂၀၁၉)
တစ်ဆို့နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ရှေ့ဆက်နိုင်ဖို့အတွက် ငြိမ်းချမ်းရေး ကော်မရှင်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ ထိုင်းနိုင်ငံမှာ သီးခြားစီ တွေ့ဆုံခဲ့ရာမှာ အပြုသဘောဆောင်တဲ့ တိုးတက်မှု ရလဒ်ကောင်းတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ကချင်လူမျိုးတွေရဲ့ လုံခြုံရေးနဲ့ အနာဂတ်နိုင်ငံရေး ရှေ့ဆက်သွားနိုင်ဖို့အတွက် နည်းလမ်းသစ် ရှာဖွေနိုင်ရေး ပြည်တွင်းပြည်ပက ကချင်လူမျိုးတွေ စုစည်းကာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကချင်အမျိုးသားညီလာခံ ကျင်းပခဲ့ကြပါတယ်။
ရှမ်းပြည်နယ်က စစ်ဘေးရှောင် ကျောင်းသူ/ကျောင်းသားတွေ စာသင်ယူတာ မပျက်ရလေအောင် နိုင်ငံရေးပါတီနဲ့ လူမှုရေးအဖွဲ့အစည်းတွေရဲ့ ကူညီမှုနဲ့ စာသင်ကြားပေးနေရပါတယ်။






