ပထမဆုံး ပြည်နယ်တိုင်းမှ ပေါင်းစည်းပါတီများ ပူပေါင်းရေး ဆွေးနွေး

ပထမဆုံး ပြည်နယ်တိုင်းမှ ပေါင်းစည်းပါတီများ ပူပေါင်းရေး ဆွေးနွေး

‘ပြည်နယ်ကိုယ်စားပြု ပေါင်းစည်း နိုင်ငံရေးပါတီများကြား အချင်းချင်း ချိတ်ဆက်မှုကွန်ယက် ဘယ်လိုလုပ်ကြမလဲ’ ဆိုသော ခေါင်းစဉ်ဖြင့် ပထမဆုံး ၅ ပြည်နယ်မှ ပါတီကိုယ်စားလှယ်များ၏ ဆွေးနွေးပွဲကို ရန်ကုန်မြို့၊ ချင်းစင်တာ (Chin Center)တွင် ယမန်နေ့ ဇန်နဝါရီ ၁၀ ကချင်ပြည်နယ်နေ့ မှာ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲမှာ အဓိကအားဖြင့် ပြည်နယ်အသီးသီးမှ နိုင်ငံရေးပါတီများအချင်းချင်း ကွဲပြားခြားနားမှုမရှိပဲ ဆက်ဆံရေး အချိတ်အဆက်ပိုမိုကောင်းမွန်လာရန်နှင့် တိုင်းရင်းသားပါတီများက ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိရန် ရည်ရွယ်ပြီး ပြုလုပ်ခြင်းဖြစ်သည်ဟု ဆွေးနွေးပွဲ ဦးဆောင်သူ ကချင်ဒီမိုကရက်တစ်ပါတီ (KDP) ဥက္ကဌ Duwa Gumgrawng Awng Hkam (ဒူဝါ ကွမ်ဂေါင်အောင်ခမ်း) က ကချင်သတင်းဌာန KNG ကို ယခုလို ပြောပါသည်။

“ကျနော်တို့က ပြည်နယ်အသီးသီးမှ နိုင်ငံရေးပါတီများနဲ့ အချိတ်အဆက် ပိုမိုကောင်းမွန်လာရန်လိုအပ်တယ်။ ပြီးရင် ပါတီအချင်းချင်း ရှေ့ဆက်ဘယ်လိုလုပ်ဆောင်သွားမယ်။ ပြည်သူလူထုအားကိုးရတဲ့ ပါတီဖြစ်လာအောင်ဘယ်လို ဆောင်ရွက်သွားမယ်။ နောက်တစ်ခုက ၂၀၂၀ ရွေးကောက်ပွဲကို အနိုင်ရရှိလာအောင် ပါတီအချင်းချင်းက ဒီအချက်တွေကို အပေါ်ယံ ဆွေးနွေးမှုတွေပြုလုပ်တဲ့ ပွဲဖြစ်တယ်။”

ဆွေးနွေးပွဲတွင် ပြည်နယ်အလိုက် ပေါင်းစည်းပါတီများ ဖြစ်ကြသော ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KSDP)၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP)၊ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (KNLD)၊ မွန်ညီညွတ်ရေးပါတီ (MUP)နှင့် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP)တို့ ဖြစ်ကြသည်။

ဆွေးနွေးပွဲများကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်ပြီး ယခုဆွေးနွေးပွဲမှ ရရှိသော အကြောင်းအရာများကို သက်ဆိုင်ရာ ပြည်နယ်အသီးသီးမှ မိခင်ပါတီအဖွဲ့ဝင်များထံ သို့ ထပ်မံ တင်ပြဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

June 20, 2026
ကချင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေကို အဓိက ဆက်သွယ်ထားတဲ့ မန္တလေး–မြစ်ကြီးနား...
June 19, 2026
တစ်လကျော်ကြာ တိုက်ပွဲများပြင်းထန်နေတဲ့ ရွှေကူမြို့နယ်အတွင်း ကျေးရွာတချို့မှာ အခြေခံစားသောက်ကုန်...
June 18, 2026
ဖားကန့် မြို့နယ် လုံးခင်းကျေးရွာအုပ်စုထဲ စစ်ရေးဖော်ဆောင်နေတဲ့ စစ်တပ်နဲ့...
June 17, 2026
ကချင်ပြည်နယ် ရွှေကူမြို့နယ်၊ ရွှေဘုန်းမြင့်ရွာမှာ အရပ်သား ၅ ဦး သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေက...