ငြိမ်းချမ်းရေးကော်မရှင်နှင့် ကရင်အမျိုးသားအစည်းအရုံး KNU အလွတ်သဘောတွေ့ဆုံ

ငြိမ်းချမ်းရေးကော်မရှင်နှင့် ကရင်အမျိုးသားအစည်းအရုံး KNU အလွတ်သဘောတွေ့ဆုံ

ငြိမ်းချမ်းရေး ကော်မရှင် PC အတွင်းရေးမှူး အငြိမ်းစား ဒုဗိုလ်ချူပ်ကြီး ခင်ဇော်ဦး ခေါင်းဆောင်သည့် အဖွဲ့သည် ယနေ့ ညနေ ၄ နာရီခန့်က ကရင်အမျိုးသား အစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး ဦးဆောင်သည့် အဖွဲ့နှင့် ဒုတိယအကြိမ်မြောက် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့သည်။

အလွတ်သဘောဆွေးနွေးပွဲတွင် ဆွေးနွေးမည့်အကြောင်းအရာများ သတ်မှတ်ထားခြင်းမရှိသော်လည်း ရပ်တန့်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော်နိုင်ရေးအတွက် နည်းလမ်းရှာဖွေ ဆွေးနွေးသွားကြမည်ဟု သိရသည်။

ယနေ့ ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့တွင် အတွင်းရေးမှူး အငြိမ်းစား ဒုတိယ ဗိုလ်ချူပ်ကြီး ခင်ဇော်ဦး ဦးဆောင်၍ အဖွဲ့ဝင် ဦးအောင်စိုး အပါအဝင် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ PC အကြံပေး အဖွဲ့ဝင်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ဝင် ဦးလှမောင်ရွှေ၊ ဦးကျော်လင်းဦးတို့ ပါဝင်သည်။

ကရင်အမျိုးသား အစည်းအရုံး KNU တွင် အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး ဦးဆောင်၍ ဗိုလ်မူးကြီး တူးတူးလေး၊ ပဒိုစောတောနီး၊ နော်မေဦး ၊ စောဘောဘိုး ၊စောအယ်ဒိုစိုး ၊ တို့ တက်ရောက်နေသည်။

February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...