ကချင်ပြည်နယ်ကို ဂျိန်းဖော့လို ‘Kachin' Mungdaw ဟု အသစ် သုံးနှုန်းခြင်း ပြန်ရုပ်သိမ်း

ကချင်ပြည်နယ်ကို ဂျိန်းဖော့လို ‘Kachin' Mungdaw ဟု အသစ် သုံးနှုန်းခြင်း ပြန်ရုပ်သိမ်း

အစိုးရမှ ကျင်းပမည့် (၇၁)နှစ်ပြည့် ကချင်ပြည်နယ်နေ့ မနောပွဲတော်အတွက် ‘ကချင်ပြည်နယ်နေ့’ ကို ကချင်ဘာသာဖြင့် မူလ ‘KACHIN’ MUNGDAW NHTOI ဆိုပြီး ရေးသားခြင်းကို ဝေဖန်မှုကြောင့် ‘JINGHPAW’ စကားလုံး ပြောင်းပြီး ‘JINGHPAW MUNGDAW NHTOI’ ဟု ပြင်ဆင်ခဲ့သည်။

အငြင်းပွားဖွယ်ရာ ‘KACHIN’ MUNGDAW NHTOI ဟု ရေးသားထားသော မနောကွင်း အဝင်ပေါက် မုခ်ဝသည် ဇန်နဝါရီ ၅ရက်နေ့ည မီးရှို့ခံရပြီးနောက် ဇန်နဝါရီ ၇ ရက်နေ့မှာ စကားလုံး ပြင်ဆင်ရေးသားလိုက်ခြင်း ဖြစ်သည်။

မနောပွဲတော်အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားလာပြီးနောက် ကချင်ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီနှင့် ကချင်မျိုးနွယ်စု ၆စုမှ ကိုယ်စားလှယ်များက ဒီဇင်ဘာလ ၂၁ရက်နေ့တွင် အစည်းဝေးပြုလုပ်ပြီး ‘KACHIN MUNGDAW NHTOI’ ဟု ကချင်ဘာသာလို ရေးသာရန် သဘောတူ ဆုံးဖြတ်ခဲ့ကြသည်ဟု မနောပွဲဖြစ်မြောက်ရေးကော်မတီ ပြန်ကြားရေးတာဝန်ခံ ဦး Naw Hkung က ကချင်သတင်းဌာန KNG ကို ယခုလိုရှင်းပြသည်။

“ကျနော်တို့ အစက အခုပြန်ပြောင်းလိုက်တဲ့ နာမည်ပေးမလို့ပါပဲ။ ဒါပေမဲ့ ကျနော်တို့မှာ ကချင်ညီမျှခြင်း ဂျိန်းဖောဆိုတဲ့ပြဿနာလည်းရှိနေတယ်။ ဂျိန်းဖော့လို့ပေးလိုက်ရင် ကချင်ညီမျှခြင်း ဂျိန်းဖော့ကို ထောက်ခံပေသလိုဖြစ်သွားနိုင်တယ်။ အားလုံးက ကချင် လို့ပေးလိုက်ရင် ကျန်တဲ့မျိုးနွယ်တွေကလည်း ဒီထဲမှာ ပါသွားပြီလို့သိကြတာလေ။ ဒါကြောင့် ဒီနာမည်ကို မျိုးနွယ် ၆ခုမှ ကိုယ်စားလှယ်တွေက သဘောတူခဲ့ကြတာပါ။ ဒါမယ့် အငြင်းပွားမှုတွင်အရမ်းများလာတော့ ပွဲလည်း မပျက်စေလိုသဖြင့် ပြန်လည် ပြောင်းလဲခြင်းဖြစ်တယ်။”

ဇန်နဝါရီ ၁၀ ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ကို နှစ်စဉ်ပုံမှန် ကျင်းပခြင်း မရှိပါက တဖြည်းဖြည်း ပျောက်ဆုံးသွားနိုင်သည်ဟု သူက ဆက်ဆိုသည်။

သို့သော်လည်း ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီး နေဝင်း အာဏာသိမ်းချိန်မှ ယခု လူထု ရွေးကောက်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ လက်ထက်တိုင်အောင် ကချင်ပြည်နယ်နေ့ကို နိုင်ငံတော် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခြင်း မရှိသေးပါဘူး။

ယခု ကျင်းပမည့် ကချင်ပြည်နယ်နေ့ မနောပွဲတော်သို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့် ပွဲဖြစ်မြောက်ရေးကော်မတီမှ အထူးဖိတ်ကြားထားသော ဧည့်သည်တော် ၂၀၀ကျော်ခန့် ပါဝင် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

(၇၁)ကြိမ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားကို ဇန်နဝါရီ ၁၀ ရက်မှ ၁၂ရက်ထိ ၃ရက်တိတိ ပြုလုပ်သွားမည်ဖြစ်ပြီး ကချင်ရိုးရာ မနောပွဲနှင့်အတူ ကြက်တောင်၊ အပြေးနှင့် ကာရာတေး ပြိုင်ပွဲများအပြင် လှယဉ်ကျေးမောင်မယ်ပြိုင်ပွဲ နှင့် ကချင်အနုပညာရှင်များ၏ တေးဂီတ ဖျော်ဖြေခြင်းများလည်း ပြုလုပ်သွားမည်ဖြစ်သည်။

၂၀၁၁ ခုနှစ် ဇွန်လ ၉ရက်နေ့မှ ကချင်ပြည်နယ်တွင် တကျော့ပြန် တိုက်ပွဲဖြစ်လာပြီး ကချင်ယဉ်ကျေးမှု ဗဟိုကော်မတီ ဦးဆောင်ပြီး နှစ်စဉ် ကချင်ပြည်နယ်နေ့ မနောပွဲတော် ကျင်းပခြင်းကို ရပ်ဆိုင်းထားရာ ၂၀၁၅ ခုနှစ် NLD အစိုးရအဖွဲ့ တက်လာချိန် ၂၀၁၅ ခုနှစ်တွင် နောက်ဆုံး ကျင်းပခဲ့သည်။

၁၉၄၈ ဇန်နဝါရီ ၄ ရက်နေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော် နယ်ချဲ့အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေးရပြီး ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကချင်ပြည်နယ်နေ့ ဖြစ်ပေါ်ချိန် ကတည်းက ‘ကချင်ပြည်နယ်’ ကို ကချင်ဘာသာဖြင့် ‘Jinghpaw Mungdaw’ ဟု ခေါ်ဆိုလာခြင်းဖြစ်သည်။

ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...
January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...
January 13, 2026
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး...
January 10, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့...