လွတ်လပ်ရေးနေ့မှာ အဖမ်းခံ ကချင်လူငယ် ၃ဦး လွတ်မြောက်ရေး တောင်းဆို

လွတ်လပ်ရေးနေ့မှာ အဖမ်းခံ ကချင်လူငယ် ၃ဦး လွတ်မြောက်ရေး တောင်းဆို

ထောင်ချခံထားရသော စစ်ရှောင်လွတ်မြောက်ရေး ကချင်လူငယ် ဆန္ဒပြ ခေါင်းဆောင် (၃)ဦး၏ ရုပ်ပုံ T-Shirt အင်္ကျီများ ရောင်းချ ဖြန့်ဝေပေးခြင်း အစီစဉ်ဖြင့် တရားမျှတမှု ရရှိရေး တောင်းဆိုသော လှုပ်ရှားမှုတခုကို ယနေ့ ဇန်နဝါရီလ ၄ ရက် (၇၁)နှစ်ပြည့် လွတ်လပ်ရေးနေ့မှာ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် ပြုလုပ်ခဲ့သည်။

မနောကွင်း အတွင်း “Free 3” ဆိုသော ပုံဖော်လှုပ်ရှားမှုနှင့် T-Shirt ရောင်းချ ဖြန့်ဝေခြင်းကို ကချင်လူငယ်များ ပြုလုပ်ခြင်းဖြစ်သည်။

မတရား ပစ်ဒဏ်စီရင်ခြင်း ခံရသော Hkangkum Lum Zawng (ကို လွမ်းဇောင်း)၊ Hkawn Zau Jat (ကို ဇော်ဂျတ်) နှင့် Saranum Nbau Nang Pu (ဆရာမ နန်ပူ) တို့ သုံးဦး လွတ်မြောက်လာရေးနှင့် လွတ်လပ်ပြီး တရားမျှတသော တရားစီရင်ရေး စနစ်ကို လိုလားသောကြောင့် ယခုလို လွတ်လပ်ရေးနေ့မှာ လူငယ်များစုဝေးပြီး T-Shirt အင်္ကျ ီ၊ Sticker များ သုံးကာ တောင်းဆိုခြင်းဖြစ်သည်ဟု လူငယ် လှုပ်ရှားမှု ဦးဆောင်သူ တဦး Shayi Sut Seng Htoi (မဆွတ်ဆိုင်းထွယ်)က ကချင်သတင်းဌာန KNG ကို ပြောပါသည်။

T-Shirt အင်္ကျ ီများ ရောင်းချပြီး ရရှိသော ဝင်ငွေများကို စစ်ရှောင်စခန်းများ နှင့် ချုပ်နှောင်ခြင်းခံရသော ခေါင်းဆောင် ၃ဦး၏ မိသားစုများကို ကူညီပေးရန် ရည်ရွယ်ထားသည်ဟု သူမ က ဆိုသည်။

တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား ၂၀၁၈ ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင်း တပ်မတော်ဘက်က တားဆီးခံထားရသော စစ်ရှောင်ပြည်သူများ လွတ်မြောက်ရေးအတွက် ကချင်လူငယ်ဆန္ဒပြပွဲ ကို မြစ်ကြီးနားမြို့တွင် ၂၀၁၈ ခုနှစ် ဧပြီလ ၃၀ မှ မေလ ၈ ရက်ထိ ပြုလုပ်ခဲ့သည်။

၎င်းနောက် ဆန္ဒပြပွဲ ဦးဆောင် Shd. Hkangkum Lum Zawng၊ Slg. Hkawn Zau Jat၊ Saranum Nbau Nang Pu တို့ကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၀ဖြင့် တပ်မတော်ကို အသရေဖျက်စေသည် ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)မှ ဗိုလ်မှူးကြီး မျိုးမင်းဦး က တရားစွဲခြင်းဖြစ်သည်။

မြစ်ကြီးနားမြို့နယ် တရားရုံးမှ ၎င်းစွဲချက်ပေါ် (၇)လကျော် ကြားနာစစ်ဆေးပြီးနောက် ဒီဇင်ဘာ(၇)ရက်နေ့ တွင် ဆန္ဒပြ ခေါင်းဆောင် ၃ဦးကို ထောင်ဒဏ် ၆လစီ နှင့် ငွေဒဏ် ကျပ် ၅သိန်းစီ ချမှတ်ခဲ့သည်။

ယခုလို တရားရုံး၏ စီရင်ခြင်းသည် တရားမျှတမှု လုံး၀ မရှိကြောင်း ပြည်တွင်းပြည်ပ လူငယ်နှင့် လူ့အခွင့်အရေးအဖွဲ့များ အပြင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များမှ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါသည်။ ကချင်ပြည်နယ်အစိုးရပေါ် လူထုယုံကြည်မှုလည်း ကျဆင်းစေခြင်း ဖြစ်သည်။

Most read this week

မြေမြှုပ်မိုင်းပုံ / Crd
September 8, 2026
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်အတွင်း မြေမြှုပ်မိုင်းများကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၅ ဦးအထိ...
September 8, 2026
မန္တလေးဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် ရေယာဉ်အုပ်စုပါ ဖလပ်သံ ခွန် ၂၈...
September 7, 2026
ကချင်ပြည်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောယာဉ်တန်းများ စင်းခန်းဒေသအနီးတွင် တိုက်ခိုက်...
မိုးကောင်းမြို့အဝင် ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် / Crd
September 7, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့သည့်...