Published
Wednesday, December 26, 2018
ကရင်ဘာသာအစီအစဉ် (ဒီဇင်ဘာလ ၂၆၊ ၂၀၁၈)
ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်ဖို့နဲ့ ကျရာအခန်းကဏ္ဍတွေမှာ တာဝန်ကျေစွာ ဆက်လက် လုပ်ဆောင်သွားကြဖို့ ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က အရပ်ဖက်အဖွဲ့အစည်းများဖိုရမ်မှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။
DKBA ရဲဘော်တွေနဲ့ ပြည်သူတွေက ငြိမ်းချမ်းရေးခရီးလမ်းအပေါ် စိတ်ရှည်ကြဖို့ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမိုရှေးက အဖွဲ့အစည်း နှစ်ပတ်လည်နေ့မှာပြောကြားလိုက်ပါတယ်။
ဖာပွန်ခရိုင်မှာ ဧက တစ်ဆယ့်သုံးသိန်းကျော် အကျယ်အဝန်းရှိတဲ့ ငြိမ်းချမ်းရေးဥယျာဉ် တစ်ခုကို အတည်ပြုသတ်မှတ်လိုက်ပါတယ်။






