လယ်ယာမြေ ပြဿနာ ကိစ္စ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆွေးနွေး

လယ်ယာမြေ ပြဿနာ ကိစ္စ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆွေးနွေး

လယ်ယာမြေ အငြင်းပွားမှုပြဿနာ ကြုံတွေ့နေရသော တောင်သူများက မိမိလယ်ယာမြေများကို ပြန်လည် ရရှိလာနိုင်ရန် ဌာနဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များထံသို့ အဖြေရှာ နှီးနှောဖလှယ်မှု တစ်ခုကို မြစ်ကြီးနားမြို့ ကုန်သည်ကြီးများဟိုတယ် (Cartel Hotel) တွင် ယနေ့ပြုလုပ်ခဲ့သည်။

အဓိကအားဖြင့် မြေယာများ အမှန်အကန် နစ်နာဆုံးရှုံးမှုရှိခဲ့သော တောင်သူများမှ သက်ဆိုင်ရာ ကိုယ်စားလှယ် များထံသို့ အကူအညီ တောင်းခံပြီး ကောင်းမွန်သည့် နည်းဥပဒေများဖြင့် မြေယာများပြန်လည်ရရှိရန် ရည်ရွယ်သော ဆွေးနွေးပွဲတစ်ခု ဖြစ်သည်ဟု ပဒေသာမိုး အရပ်ဖက် လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူ ဦးကျော်ဇေယျ က ယခုလိုပြောသည်။

“များသောအားဖြင့် တောင်သူများက ကျေးလက်ဒေသတွင်မှာသာ ပိုပြီးနေထိုင်ကြတယ်။ သူတို့တွေက ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ထိတွေ့မှု အရမ်းအားနည်းတယ်။ သူတို့မှာ ဖြစ်နေတဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်ရမှန်းမသိကြတာပါ။ ဒီ ပြဿနာတွေကို နည်းလမ်းမှန်ကန်စွာနဲ့ဖြေရှင်းတတ်ရန် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အပြန်အလှန် ထိတွေ့ပြောဆိုခြင်းဖြစ်သည်။”

မြန်မာနိုင်ငံ အစိုးရကလည်း လက်ရှိ ဖြစ်ပျက်နေတဲ့ မြေ ယာ အငြင်းပွာမှု ပြဿနာ တစ်ခုဟာ တောင်သူများ၏ ဘဝ ဆုံးရှုံးနစ်နာမှုရှိနေသည့်အတွက် မှန်မှန်ကန်ကန်နှင့် မြေ ယာ ပြဿနာများ ကို အမြန်ဆုံး ဆောင်ရွက်စေလိုကြောင်းကို ဆက်လက်ပြောဆိုသည်။

ထို့အပြင် စက်တင်ဘာလ ၁၁ရက်နေ့ အစိုးရက တရားဝင် ပြဌာန်းလိုက်သည့် မြေလွတ် မြေလပ် ဥပဒေကြောင့် မိရိုးဖာလာလုပ်ကိုင်စားသောက်လာသော တောင်သူများ၏ လယ် ယာ မြေများကို တိုင်းရင်းသားမဟုတ်သည့် လူမျိုးများက မြေလွတ် မြေလပ် ပုံစံလျှောက်ထားမှုများ ပြုလုပ်လာသဖြင့် တောင်သူများအကြား အငြင်းပွားမှု ပြဿနာများကြုံတွေ့နေရကြောင်းကို ပဒေသာမိုး အရပ်ဖက်လူမှုအဖွဲ့အစည်းမှ Legal Officer ဒေါ်ခင်ခင်ထွန်းက ပြောဆိုပါသည်။

အဆိုပါ မြေယာဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ပဒေသာမိုးအဖွဲ့အစည်းမှ တာဝန်ယူဆောင်ရွက်ပြီး လက်ရှိ လယ် ယာ မြေ ဆုံးရှုံးနစ်နာမှုခံနေရသော တောင်သူ ၂၀ကျော်ခန့်က ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ အကြံပြုချက်များကို ရယူခဲ့သည်။

ပဒေသာမိုး အဖွဲ့သည် မြေယာနှင့်ပတ်သက်သော အကြောင်းအရာများ၊ ငြိမ်ချမ်းရေးနှင့် ပတ်သက်သောဖြစ်စဉ်များ၊ ကျားမရေးရာတန်းတူအခွင့်အရေး စသည့်အကြောင်းရာကိစ္စ အသိပညာပေးဆွေးနွေးပွဲများ ကို ၂၀၁၀ ခုနှစ်မှ လုပ်ဆောင်နေခြင်းဖြစ်သည်။

June 22, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြည်သူတစ်ဦးကို လေယာဉ်လက်မှတ်ရောင်းတဲ့ Facebook Page တစ်ခုက...
June 20, 2026
ကချင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေကို အဓိက ဆက်သွယ်ထားတဲ့ မန္တလေး–မြစ်ကြီးနား...
June 19, 2026
တစ်လကျော်ကြာ တိုက်ပွဲများပြင်းထန်နေတဲ့ ရွှေကူမြို့နယ်အတွင်း ကျေးရွာတချို့မှာ အခြေခံစားသောက်ကုန်...
June 18, 2026
ဖားကန့် မြို့နယ် လုံးခင်းကျေးရွာအုပ်စုထဲ စစ်ရေးဖော်ဆောင်နေတဲ့ စစ်တပ်နဲ့...