မြစ်ဆုံရေကာတာ ကန့်ကွက်မှု ဦးဆောင်သူ ၁ဦးကို SPIC ထောက်ပံ့ပေးမှု ရပ်

မြစ်ဆုံရေကာတာ ကန့်ကွက်မှု ဦးဆောင်သူ ၁ဦးကို SPIC ထောက်ပံ့ပေးမှု ရပ်

ကချင်ပြည်နယ် ဧရာဝတီ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ရပ်တန့်ရေး လူထုလှုပ်ရှားမှု ပါဝင်ဦးဆောင်သူ ၁ဦးသည် တရုတ်ရေကာတာ ဆောက်လုပ်ရေး ကုမ္ပဏီ SPIC ၏ ထောက်ပံ့ပေးမှု ရပ်ခြင်း ခံရသည်။

မလိခ-အင်မိုင်ခ မြစ်ဆုံ ရေကာတာ စီမံကိန်းကြောင့် အောင်မြင်သာစံပြကျေးရွာသို့ ရွှေ့ပြောင်းခံထားရသော ဒေသခံများ နှင့် မလိယန် ရွာသားများကို တရုတ် State Power Investment Corporation က လူတစ်ဦးလျှင် ဆန် ၇ ပြည် နှုန်းဖြင့် တစ်နှစ် သုံးကြိမ် ပုံမှန် ထောက်ပံ့ပေးနေခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၁၉ရက်နေ့တွင် မလိယန်ကျေးရွာမှ ရေကာတာစီမံကိန်း ကန့်ကွက်ရာတွင် ပါဝင်လှုပ်ရှား နေသော ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC သင်းအုပ်ဆရာ Rev. Mung Ra သည် ပုံမှန်ဆန်ထောက်ပံ့မှု ရပ်လိုက်ခြင်း ခံရသည်။

ဆရာ က “ခါတိုင်းတော့ ပုံမှန်ပေးနေတာပေါ့လေ။ ကျနော်တို့က အတင်းတောင်းစားနေတာ မဟုတ်ဘူး။ သူတို့ လာပေးလို့ယူနေရတာပါ။ အခုဆို ရေကာတာကို ကန့်ကွက်ဖို့အားပိုရှိသွားပြီ။ အမှန်ဆို သူတို့ထောက်ပံ့ပေးရမယ့်တာဝန်ရှိတယ်။ သူတို့ကြောင့် ဒီလိုဘဝရောက်နေတာပါ။ ကိုယ့်ဒေသမှာ ကျနော်တို့က မဖြစ်သင့်တာတွေ ဖြစ်မှာစိုးလို့ ကန့်ကွက်နေတာ။ ဒီအကျိုးဆက်ကို ကျနော်တို့ဘဲ ခံစားရမယ်။ သူတို့က ကူညီ ထောက်ပံ့မှုတွေလုပ်ပေးတယ်ဆိုတာ မြစ်ဆုံရေကာတာအတွက် သာ လုပ်နေကြတယ်” ဟု ကချင်သတင်းဌာန KNG ကို ပြောပါသည်။

ထို့အပြင် အောင်မြင်သာကျေးရွာတွင်နေထိုင်သော ဒေါ် Lu Ra နှင့် ဒေါ် Ja Hkawn နှစ်ဦး အပါအဝင် ၂၀၁၀ခုနှစ်တွင် မြစ်ဆုံရေကာတာစီမံကိန်းကန့်ကွက်ရာတွင် ဦးဆောင် ပါဝင်လှုပ်ရှားခဲ့သောကြောင့် ၂၀၁၁ ခုနှစ်ကစပြီး SPIC မှ ထောက်ပံ့မှုများ ရပ်ခဲ့ကြောင်း ဆိုသည်။

တရုတ်ကုမ္ပဏီ SPIC က ရေကာတာစီမံကိန်း အမြန်ဆုံးအကောင်ထည်ဖော်နိုင်ရန်အတွက် အဆိုပါ ကျေးရွာအတွင်းလိုအပ်နေသော စာသင်ကျောင်း၊ ဘာသာရေးကျောင်း၊ စာကြည့်တိုက် စသော ငွေကြေးများထောက်ပံ့ပေးလျက်ရှိပြီး မြစ်ဆုံအနီးတဝိုက်ရှိ ကျေးရွာများတွင်လည်း ရေအားလျှပ်စစ်၏ ကောင်းကျိုးများကို စည်းရုံးအမြင်ဖွင့်ဆွေးနွေးပွဲများ ပုံမှန်လုပ်ဆောင်နေပါသည်။

Most read this week

မြေမြှုပ်မိုင်းပုံ / Crd
September 8, 2026
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်အတွင်း မြေမြှုပ်မိုင်းများကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၅ ဦးအထိ...
September 8, 2026
မန္တလေးဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် ရေယာဉ်အုပ်စုပါ ဖလပ်သံ ခွန် ၂၈...
September 7, 2026
ကချင်ပြည်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောယာဉ်တန်းများ စင်းခန်းဒေသအနီးတွင် တိုက်ခိုက်...
မိုးကောင်းမြို့အဝင် ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် / Crd
September 7, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့သည့်...