ဆန္ဒပြခေါင်းဆောင် ၃ ဦးကို ချက်ချင်းလွတ်ပေးရန် နိုင်ငံတကာကချင်ကွန်ဂရက် တောင်းဆို

ဆန္ဒပြခေါင်းဆောင် ၃ ဦးကို ချက်ချင်းလွတ်ပေးရန် နိုင်ငံတကာကချင်ကွန်ဂရက် တောင်းဆို

ပိတ်မိ စစ်ရှောင်ပြည်သူများ လွတ်မြောက်ရေး တောင်းဆိုခဲ့မှုကြောင့် ထောင်ဒဏ် ၆ လ နှင့် ဒဏ်ငွေ ၅ သိန်း စီ ချမှတ်ခံရသော ကချင်လူငယ် ၃ ဦးကို ချက်ချင်းလွတ်ပေးရန် နိုင်ငံတကာ ကချင်ကွန်ဂရက်မှ နိုင်ငံတော်သမ္မတ နှင့် နိုင်ငံတော်အတိုင်ပင်ခံ ထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။

ဒီဇင်ဘာ ၁၇ ရက်နေ့ ရက်စွဲဖြင့် ပေးပို့လိုက်သောထိုစာတွင် အဓိအားဖြင့် ထောင်ဒဏ်ချမှတ်ခံနေရသော Shd. Hkangkum Lum Zawng (လွမ်းဇောင်း)၊ Slg. Hkawn Zau Jat (ဇော်ဂျတ်) နှင့် Saranum Nbau Nang Pu (ဒေါ်နန်ပူ) တို့ ၃ ဦးကို ချက်ချင်းလွတ်ပေးရန် အပါအဝင် အချက် ၃ ချက် ထပ်မံ တောင်းဆိုထားသည်ကို တွေ့ရပါသည်။

“မြန်မာ့ပြုပြင်ပြောင်းလဲရေးမှာ တရားစွဲမှုတွေ ရှိလာတော့ အနုတ်လက္ခာဖြစ်နေတဲ့အတွက် ကျမတို့ ထုတ်ချက်တွေ ထုတ်တယ်။ ဒါပေမယ့် ဘာမှ အရေးမယူတဲ့အတွက် ဒုတိယအဆင့်အနေနဲ့ နိုင်ငံတော်သမ္မတထံ အခုလို ထောက်ပြ တင်ပြတာဖြစ်တယ်။ အစိုးရဆိုတာ လူထု တင်မြောက်လို့ တက်လာတာဖြစ်တဲ့အတွက် လူထုကို ကာကွယ်ရမယ်။ NLD အစိုးရအနေနဲ့ ရွေးကောက်ပွဲမှာတုန်းကတော့ တရားဥပဒေ စိုးမိုးရေး ကြိုးပမ်းသွားမယ် လို့ ပြောခဲ့ပေမယ့် အခုမြေပြင်မှာ ဖြစ်ပျက်နေတာကို အရေးမယူဘူး။ ဒါ့အပြင် ဘာအသံမှ မထွက်ပေးတဲ့အတွက် ဒါဟာ အစိုးရဘက်က ပျက်ကွက်မှုတွေ များသွားပြီ။” ဟု World Kachin Congress အဖွဲ့ဝင် ကချင်အမျိုးသမီးအစည်းအရုံး ထိုင်းနိုင်ငံ KWAT မှ Jan. Moon Nay Li ပြောပါသည်။

တရားမျှတသော စုံစမ်းစစ်ဆေးဖော်ထုတ်မှုများ မပြုလုပ်ဘဲ လူငယ်ခေါင်းဆောင် ၃ ဦးကို တစ်ဖက်သတ် ပြစ်ဒဏ် ချမှတ်စီရင်ခဲ့ခြင်းမှာ တရားဥပဒေစိုးမိုးရေးကို မထီမဲ့မြင် ပြုရာ ရောက်သကဲ့သို့ နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းလည်း ဖြစ်ကြောင်း ထောက်ပြထားသည်ကို တွေ့ရပါသည်။

အသေဖျက်မှု ပုဒ်မ ၅၀၀ အတွက် တရားလိုဖြစ်သော မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ မှ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦး နှင့်တကွ သက်သေ ၃ ဦးအနေဖြင့် တိကျသော သက်သေအထောက်အထားကို ပြသပြောဆိုနိုင်ခြင်း မရှိဘဲ မြို့နယ် တရားရုံးမှ ပြင်းထန်စွာ စီရင်ချက် ချမှတ်ခဲ့မှုပေါ် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းအသီးသီးမှလည်း ကန့်ကွက်ကြောင်း ထုတ်ပြန်ချက် များ ထုတ်ပြန်ခဲ့ကြပါသည်။

Most read this week

မြေမြှုပ်မိုင်းပုံ / Crd
September 8, 2026
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်အတွင်း မြေမြှုပ်မိုင်းများကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၅ ဦးအထိ...
September 8, 2026
မန္တလေးဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် ရေယာဉ်အုပ်စုပါ ဖလပ်သံ ခွန် ၂၈...
September 7, 2026
ကချင်ပြည်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောယာဉ်တန်းများ စင်းခန်းဒေသအနီးတွင် တိုက်ခိုက်...
မိုးကောင်းမြို့အဝင် ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် / Crd
September 7, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့သည့်...