ကျိုးသွားသော ဆဒုံးတံတားတွင် နယ်ခြားစောင့်တပ်မှ ငွေကြေး ကောက်ခံနေ

ကျိုးသွားသော ဆဒုံးတံတားတွင် နယ်ခြားစောင့်တပ်မှ ငွေကြေး ကောက်ခံနေ

ကချင်ပြည်နယ် တရုတ်နယ်စပ် ကန်ပိုင်တီလမ်းကြောင်းမှာ ကျိုးကျပျက်စီးသွားသော ဆဒုံး ခုနှစ်ရောင်စုံတံတား အောက် ယာယီဆောက်ထားသော ဝါးတံတားတွင် အစိုးရ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) က ဖြတ်သွားဖြတ်လာများထံ ဆိုးရွားစွာ ငွေကြေး ကောက်ခံနေပါသည်။

ခရီးသည်များ သွားလာနိုင်ရန် နယ်ကြားစောင့်တပ်မှ ယာယီဝါးတံတားကို ဆောက်လုပ်ထားပြီး သွားလာဖြတ်သန်းနိုင်ရန် တစ်ယောက်ကို ကျပ် ၁၀၀၀ နှုန်း ကောက်ခံနေပြီး ကူလီအလုပ်သမားများကလည်း လက်ဆွဲအိတ် တစ်အိတ်တွင် ကျပ် ၅၀၀၀ နှုန်းဖြင့် ကောက်ခံနေသည်ဟု ခရီးသည်တစ်ဦးက ကချင်သတင်းဌာန KNG သို့ ပြောပြသည်။

“ခရီးသည်များ သွားလာနိုင်ရန် ယာယီဆောက်ထားပေးတယ်။ ဒါပေမယ့် သူတို့ကောက်တဲ့ဈေးနှုန်းက အရမ်းများသလိုခံစားရတယ်။ အမှန်ဆို အခမဲ့ သွားလာခွင့်တောင် ရသင့်တယ်။ ပြီးရင်တစ်ချို့ ခရီးသည်တွေဆို ကိုယ်ကိုင်တဲ့ လက်ဆွဲအိတ်တောင်မနိုင်ကြဘူး။ အဲ့မှာရှိတဲ့ ကူလီသမားတွေက ၅၀၀၀ နှုန်းနဲ့ကောက်တယ်။ အဲ့လောက်မဖြစ်သင့်ပေါ့ဗျာ။”

အဆိုပါ ခုနှစ်ရောင်စုံတံတားမှာ တရုတ် သတ္တုသယ်ယာဉ် ၃စီးဖြတ်သန်းလာပြီး ဒီဇင်ဘာလ ၁၄ရက် နံနက်ပိုင်းတွင် ကျိုးကျပျက်စီးခဲ့သောကြောင့် ခရီးသည်များ သွားလာရေး အလွန်ခက်ခဲနေခြင်း ဖြစ်သည်။

Most read this week

မြေမြှုပ်မိုင်းပုံ / Crd
September 8, 2026
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်အတွင်း မြေမြှုပ်မိုင်းများကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၅ ဦးအထိ...
September 8, 2026
မန္တလေးဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် ရေယာဉ်အုပ်စုပါ ဖလပ်သံ ခွန် ၂၈...
September 7, 2026
ကချင်ပြည်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောယာဉ်တန်းများ စင်းခန်းဒေသအနီးတွင် တိုက်ခိုက်...
မိုးကောင်းမြို့အဝင် ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် / Crd
September 7, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့သည့်...