ငြိမ်းစုစီ ပုဒ်မ ၁၉နှင့် စွပ်စွဲခံ Sut Seng Htoi အမှု တရားလို ၄ဦးကို စစ်ဆေး

ငြိမ်းစုစီ ပုဒ်မ ၁၉နှင့် စွပ်စွဲခံ Sut Seng Htoi အမှု တရားလို ၄ဦးကို စစ်ဆေး

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ ဖြင့်တရားစွဲခံရသော ကချင် တက်ကြွ လှုပ်ရှားသူ မ Sut Seng Htoi နှင့် လူငယ်ခေါင်းဆောင် ၂ဦး အမှုနှင့်ပတ်သက်ပြီး တရားလိုဘက်မှ သက်သေ ၄ ဦးကို ဒီဇင်ဘာ ၁၃က မြစ်ကြီးနား မြို့နယ် တရားရုံးတွင် စစ်ဆေးခဲ့သည်။

တရားလိုဖြစ်သည့် မြို့နယ် ယာယီရဲမှူး မြင့်မိုး အပါအဝင် ရဲအုပ် လှမင်းအောင်၊ ရှမ်းစုထောင်ရပ်ကွက် ရာအိမ်မှူး ဦးယာစင်း၊ မြို့မရဲစခန်း ဒုရဲမှူး သန်းလွင်းတို့က ဒီဇင်ဘာလ ၇ရက်နေ့ ဆန္ဒဖော်ထုတ် ခဲ့သည့်အပေါ် ကြိုတင်ခွင့်ပြုချက်မတောင်းဘဲ ဆန္ဒဖော်ထုတ်ခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်းသိရသည်။

စွပ်စွဲခံရသော Shy. Sut Seng Htoi၊ ရှေ့နယ် Shd. Seng Hkum Aung၊ ဓမ္မဆရာ Shd. Brang Mai တို့ကို မြို့နယ် တရားသူကြီက အပြစ်ရှိကြောင်းဝန်ခံခဲ့ပါက ၎င်းအမှုကို ယနေ့အပြီးသတ် ဒီဂရီ ချမှတ်သွားမည်ဟု ပြောဆိုရာတွင် စွပ်စွဲခံရသူ ၃ဦးက အပြစ်မရှိကြောင်း ထွက်ဆိုခဲ့သည့်အတွက် တရားလိုဘက်ကို ထပ်မံ စစ်ဆေးခဲ့ကြောင်း စွပ်စွဲခံရသူ ၃ဦးမှ Sut Seng Htoi က ယခုလို ပြောသည်။

“ကျမတို့က ဘာကြောင့်အပြစ်မရှိဘူးလို့ ပြောနိုင်တာက ဒီဆန္ဒပြပွဲကို ကျမတို့ဦးဆောင်တာ မဟုတ်ဘူး။ အဲ့ဒီနေ့မှာ အားလုံးက ကျမတို့ရဲ့ ခေါင်းဆောင် ၃ဦးကို မတရားအပြစ်ဒဏ်ချမှတ် ခံရတဲ့အတွက် မကျေနပ်မှုနဲ့အားလုံးက ဦးဆောင်ပြီးလုပ်ခဲ့တာပါ။ ပြီးရင် ၂၀၀၈ဖွဲ့စည်းပုံ ဥပဒေအရ ကျမတို့ရတဲ့အခွင့်အရေးနဲ့လွတ်လပ်စွာပြောဆိုထုတ်ဖော်ခဲ့ ကြတာဖြစ်တယ်။ အစိုးရကို ထိခိုက်နစ်နာစေတဲ့သဘောမျိုးနဲ့ လုပ်ဆောင်ခဲ့ကြတာမဟုတ်ဘူး။ တရားမျှတမှုကိုလိုလားတဲ့ အတွက်တောင်းဆိုခဲ့တယ်။ ဒါကြောင့်ကျမတို့ မမှားဘူး။”

နောက်ထပ်ရုံးချိန်းကို ဒီဇင်ဘာလ ၁၈ရက်နေ့ ချိန်းဆိုထားခြင်းဖြစ်ပြီး စွပ်စွဲခံရသူ ၃ဦး ကို စစ်ဆေးသွားမည်ဟုသိရသည်။

Most read this week

မြေမြှုပ်မိုင်းပုံ / Crd
September 8, 2026
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်အတွင်း မြေမြှုပ်မိုင်းများကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၅ ဦးအထိ...
September 8, 2026
မန္တလေးဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် ရေယာဉ်အုပ်စုပါ ဖလပ်သံ ခွန် ၂၈...
September 7, 2026
ကချင်ပြည်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောယာဉ်တန်းများ စင်းခန်းဒေသအနီးတွင် တိုက်ခိုက်...
မိုးကောင်းမြို့အဝင် ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် / Crd
September 7, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့သည့်...