မူးယစ်ဆေးဝါးရောင်းဝယ်မှုအား တပ်မတော်မှ မှီခိုုနေဟုု LNDO ထုုတ်ပြန်

မူးယစ်ဆေးဝါးရောင်းဝယ်မှုအား တပ်မတော်မှ မှီခိုုနေဟုု LNDO ထုုတ်ပြန်
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
ရှမ်းပြည်အရှေ့ပိုုင်းရှိ မြို့နယ် ၈ မြို့နယ်တွင် ဘိန်းစိုုက်ပျိုးမှု ပိုုမိုုများပြားလာနေပြီး အထူးသဖြင့် ရွှေတြိဂံဒေသမှ မူးယစ်ဆေးဝါးရောင်းဝယ်မှုအပေါ် မြန်မာ့တပ်မတော်သည် မှီခိုုနေသည်ဟုု ထိုုင်းနိုုင်ငံ ချင်းမုုိင်မြို့အခြေစိုုက် လားဟူအမျိုးသား ဖွံ့ဖြိုးရေးအဖွဲ့ LNDO မှ အစီရင်ခံစာ တစ်စောင် ထုုတ်ပြန် ပြောဆိုုလုုိက်သည်။

အောက်တိုုဘာလ ၂၇ ရက်နေ့က ထိုုင်း မြန်မာနယ်စပ်တစ်နေရာတွင် ပြုလုုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် မူးယစ်ဆေးမှ အာဏာ ဆိုုသည့် ခေါင်းစဉ်ဖြင့် ရွှေတြိဂံတွင် မြန်မာစစ်တပ်ကျင့် သုံုးသည့် မူးယစ်ဆေးရောင်းဝယ်မှု ဗျူဟာ အစီရင်ခံစာအား ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

အစီရင်ခံစာတွင် အစိုုးရတပ်မတော်မှ ရှမ်းပြည်နယ်အတွင်းသိုု့ ထိုုးစစ်ဆင်မှုများသည် ဘိန်း မှရရှိသည့် အကျိုးအမြတ်တစ်စုံုတစ်ရာနှင့် ပတ်သက်နေသည်ဟုု လားဟူအမျိုးသား ဖွံ့ဖြိုးရေးအဖွဲ့ LNDO ဒါရိုုက်တာ ဂျာဖက် ဂျာဂူ မှ သတင်းထောက်များအား ပြောဆိုုသည်။

“အထူးသဖြင့် ရွှေတြိဂံမှာပေါ့နော် ပြောင်းလာတဲ့ အရာရှိတုုိင်းက သူဌေးဖြစ်တာပဲ၊ ဒါကရလိုု့သူဌေးဖြစ်တယ်။ ဆိုုတော့ ဒီဥစ္စာက တိုက်ရိုုက်သူ့ကိုု ပေးတာတော့ မဟုုတ်ဘူးဗျ၊ သူ့ရဲ့ ရဲဘော် များသောအားဖြင့်တော့ တပ်ကြပ်ကြီးပေါ့ သွားပြီးတော့ မူးယစ်ဆေးဝါး လုုပ်တဲ့လူဆီကိုု အလည်သွားတဲ့အခါကြတော့ ဟိုုအကြောင်းရှိ ဒီအကြောင်းရှိတယ်ပေါ့ ဒီလိုုအကြောင်းပြရင်းနဲ့ သူတိုု့ ရကြတယ်။ “၎င်းကဆိုသည်။

ထိုုအချက်အလက်များ ရရှိရန် ရှမ်းပြည်အရှေ့ပိုုင်းရှိ မိုုင်းပင်းမြို့နယ်၊မိုုင်းဆတ်မြို့နယ်၊ မိုုင်းတုံမြို့နယ်၊ကျိုင်းတုံုမြို့နယ်၊ မိုုင်ပန်မြို့နယ်၊တာချီလိတ်မြို့နယ်၊ မိုုင်းယောင်းမြို့နယ်နှင့် မိန်းလားမြို့နယ်များရှိ လားဟူကျေးရွာ ၃၃ ရွာများတွင် ၂၀၁၆ ခုုနှစ် ဇွန်လမှစ၍ စစ်တမ်း ကောက်ယူခဲ့ခြင်းဖြစ်သည်ဟုု ဆက်ပြောသည်။

စာမျက်နှာ ၃၇ မျက်နှာပါရှိသည့် ၄င်းအစီရင်ခံစာတွင် ရှမ်းပြည်နယ် အရှေ့ပိုုင်းတွင် စစ်ရေးအရှိန်မြင့်တက်လာခြင်း၊ မြန်မာစစ်တပ်တိုုးချဲ့မှု၊ ပြည်သူ့စစ်အဖွဲ့ တိုုးချဲ့ခြင်း၊ တိုုင်းရင်းသား လက်နက်ကိုုင် အဖွဲ့များ တိုုးချဲ့ခြင်း၊ မူးယစ်ဆေးနှင့် တိုုက်ပွဲများ အဆက်အစပ် များကိုု ထည့်သွင်းဖော်ပြထားသည်။

ထိုု့အပြင် မြန်မာ့စစ်တပ်က မူးယစ်ဆေးရောင်းဝယ်မှုကိုု မှီခိုုနေခြင်း၊ ဘိန်းထွက်ရှိမှုအပေါ် အခွန်ကောက်ခံခြင်း၊ ဘိန်းရောင်းချခြင်းကိုု ထိန်းချူပ်ရာမှ ရသည့်အမြတ်၊ ဖမ်းမိ မူးယစ်ဆေး များကိုု ရောင်းရာတွင် ရာခိုုင်နှုန်းကောက်ခံခြင်း၊ ဘိန်းချက်စက်ရုံုတွင် အရင်းအနှီးစိုုက်ခြင်း၊ ထွက်ရှိလာသည့်ပစ္စည်းကိုုသယ်ရာတွင် လုံုခြံုရေးယူပေးရခြင်း စတာတွေကိုု လည်း အစီရင်ခံစာမှာ ရေးသားဖော်ပြထားသည်။

ဘိန်းအစားထိုုးသီးနှံစိုုက်ပျိုးရေးနှင့် ဘိန်းစိုုက်ပျိုးမှုကျဆင်းရန် အတွက် နိုုင်ငံတကာမှ ကူညီ ထောက်ပံ့ နေမှုများသည်လည်း လက်တွေ့တွင် ဒေသခံပြည်သူများအား အကျိုးဖြစ်ထွန်းမှု မရှိဘဲ ဖြစ်နေသည်ဟုုလည်း ဂျာဖက် ဂျာဂူ မှ ပြောသည်။

“မူးယစ်ဆေးဝါးလုုပ်လာတာ ကျနော်ထင်တာ နှစ်ပေါင်း ၅၀ မကတော့ဘူး ဆိုုတော့ အပြောက မူးယစ်ဆေးဝါး၊ အခုု ထောက်ပံ့တဲ့ငွေက တပ်ကိုုပဲ ၀င်နေတယ်။ ၀င်တော့ တပ်ဝင်တော့ တပ်ကကျနော်ခုုနက ဆိုုလိုုတာက တကယ့်စိုုက်ပျိုးတဲ့လူ တကယ့်မူးယစ်ဆေးလုုပ်တဲ့လူ ထောက်ပံ့တာ မရှိသလောက် ဖြစ်နေတယ် အဲ့တော့ မထောက်ပံ့နဲ့ ဒီထောက်ပံ့ခြင်းအားဖြင့် ဒီ လက်နက်ပဲတုုိးပြီးတော့ အင်အားပဲတိုုးပြီးတော့ တကယ့်ဘိန်းစိုုက်တဲ့လူက ပိုုဆင်းရဲလိုု့ ပိုုဒုုက္ခရောက်ယုံုပဲ။” ၎င်းက မှတ်ချက်ပြုပြောဆိုသည်။

ထိုု အစီရင်ခံစာထုုတ်ပြန်ခဲ့မှုနှင့် ပတ်သက်၍ မြန်မာ့တပ်မတော်မှ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေး ညွန်ကြားရေးမှူးရုံုးမှ တာဝန်ရှိသူများကိုု ဆက်သွယ်မေးမြန်းရန် ပေးအပ်ထားသည့် တယ်လီဖုုန်းများကိုု ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။

လားဟူအမျိုးသား ဖွံ့ဖြိုးရေးအဖွဲ့ LNDO အဖွဲ့သည် ထိုုင်းနုုိင်ငံ ချင်းမုုိင်မြို့တွင် ၁၉၉၇ ခုုနှစ်မှ စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့် တိုုင်းရင်းသားအဖွဲ့အစည်းတစ်ခုုဖြစ်ပြီး ဘိန်းအစားထိုုးသီးနှံ စိုုက်ပျိုးရေး အပါအဝင် လားဟူအရေးနှင့် ဘဝ တိုုးတက်ကောင်းမွန်ရေးအတွက် လှုပ်ရှားဆောင် ရွက်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...