အမျိုးသမီး အကြမ်းဖက်မှု ပပျောက်ရေး ရုပ်ရှင်ပွဲတော် မြစ်ကြီးနားတွင် ပြုလုပ်မည်

အမျိုးသမီး အကြမ်းဖက်မှု ပပျောက်ရေး ရုပ်ရှင်ပွဲတော် မြစ်ကြီးနားတွင် ပြုလုပ်မည်

ကမ္ဘာတစ်ဝန်းတွင် ကျားမရေးရာ တန်းတူ အခြေပြု အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာ ၂ ရက်နေ့တွင် မြစ်ကြီးနားမြို့ မနောကွင်း၌ ‘ထာဝရ ဖဲကြိုးဖြူ’ ရုပ်ရှင်ပွဲတော် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် ‘အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ဥပဒေဖြင့် ကာကွယ်ပေး’ ဆိုသည့် ဆောင်ပုဒ်ဖြစ်သည်။

ယခုလို ရုပ်ရှင်ပွဲတော်ပြုလုပ်ရခြင်းနှင့်ပတ်သက်ပြီး ထာဝရ ဖဲကြိုးဖြူမှ ညွှန်ကြားရေးမှူး ဒေါ်မေစပယ်ဖြူကတော့ “ခု ကျမတို့ ပြသမှာက စိတ်ကူးယဉ်ဆန်ဆန်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွေ မဟုတ်ပါဘူး။ တစ်ကယ်ကို အမျိုးသမီးတွေအပေါ် အကြမ်းဖက်ခံ နေရတာတွေကို ဖြစ်ရပ်မှန်း ရိုက်ကူးထားတာတွေပါ။ အရင်က ဘယ်လောက်ဘဲ အမျိုးသမီးအကြမ်းဖက်မှု ပပျောက်ရေးအတွက် လက်ကမ်းစာစောင်တွေ၊ ဗီနိုင်းတွေ နဲ့ လူပ်ရှားမှု ဘယ်လောက်လုပ်ခဲ့ပေမယ့် ထိရောက်မူသိပ်မရှိတာတွေ့ရတယ်။ ဥပမာ ကချင်ဆရာမလေး ၂ ဦးအမှုလို လက်သည်မပေါ်တဲ့ အမှု တွေ များလာတဲ့တွက် လူတွေရဲ့ရင်ထဲ ပိုထိရောက်အောင်လို့ ဒီနှစ်မှာတော့ ရုပ်ရုင်ကို ပါထည့်သွင်းပြသသွားဖို့ စီစဉ်ခဲ့ကြတာပါ။” ဟု ပြောသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မူ ပပျောက်ရေးတွင် သက်ဆိုင်ရာ အစ်ိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များ သာ မဟုတ်ဘဲ လူတိုင်း တစ်ဦးစီတိုင်းမှာ တာဝန်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

ယခုပြမည့်ရုပ်ရှင်ပွဲတော်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးကို ထင်ဟပ်စေသော အသိပညာပေး ဇာတ်လမ်းတို၊ ရုပ်ရှင်များနှင့် မှတ်တမ်း ရုပ်ရှင်များကို ပြသသွားမည့်အပြင် ဉာဏ်စမ်းပဟေဠိ၊ တေးသရုပ်ဖော်ဇာတ်လမ်းများ၊ ပြခန်းများနှင့် လူထုအသိပညာပေးလူပ်ရှားမူများ ထည့်သွင်း ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ကုလသမဂ္ဂ၏ (၅၄) ကြိမ်မြောက် အထွေထွေညီလာခံ၏ မျက်နှာစုံညီအစည်းအဝေး ဆုံးဖြတ်ချက်အရ နိုဝင်ဘာ၂၅ ရက်ကို အမျိုးသမီးပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အဖြစ် သတ်မှတ်ခဲ့ကြပြီး ကမ္ဘာတစ်ဝန်းတွင်လည်း နှစ်စဉ် နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာလ ၁၀ ရက်နေ့ထိကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာအဖြစ်သတ်မှတ်ကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး လူပ်ရှားမူများ ပြုလုပ်ကြသည်။

မြန်မာနိုင်ငံတွင်လည်း လွန်ခဲ့သော အချိန်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး လူပ်ရှားမူများကို လုပ်ခဲ့ကြသော်လည်း ရုပ်ရှင်ထည့်သွင်းပြသခြင်းသည် ပထမအကြိမ်ဖြစ်သည်။ ပထမဆုံး အကြိမ်တွင် ပြသသည့် ရုပ်ရှင်ပွဲတော်ကို မြို့ကြီး (၆)မြို့တွင်သာ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...