UNA နှင့် ကချင်အဖွဲ့စည်းများ ဖယ်ဒရယ်အရေး ၂ရက် တွေ့ဆုံ ဆွေးနွေး

UNA နှင့် ကချင်အဖွဲ့စည်းများ ဖယ်ဒရယ်အရေး ၂ရက် တွေ့ဆုံ ဆွေးနွေး

စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် UNA (United Nationalities Alliance) အဖွဲ့ဝင်ပါတီများနှင့် ကချင်ပြည်နယ်အခြေစိုက်အဖွဲ့အစည်းများက ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ နှစ်ရက်ကြာ နှီးနှောဖလှယ်ပွဲတစ်ရပ်ကို နိုဝင်ဘာ ၂၇ ရက်နေ့ မြစ်ကြီးနားမြို့ Madira Hotel တွင် ပြုလုပ်ပါသည်။

ဆွေးနွေးပွဲတွင် UNA ဦးဆောင်ပြီး ‘အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် ရှေ့ဆက်ဘယ်လိုဆောင်ရွက်သွားမည်’ ဟူသောအချက်ဖြင့် ကချင်ပြည်နယ်အတွင်း ရှိ နိုင်ငံရေးပါတီများနှင့် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့အဓိကဆွေးနွေးဖြစ်တာက UNA ကဘယ်လိုဖွဲ့စည်းထားတယ်။ UNA ကဘယ်လိုလမ်းကြောင်းမှာသွားနေတယ်။ အခြေခံမူတွေကဘာလဲ။ သမိုင်းကြောင်းတွေပါတယ်။ UNA က ပြုစု ဆွေးနွေးထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအခြေမူများကို ဆွေးနွေးတင်ပြတဲ့သဘောပါ။ ပြီးရင်ဒီမှာ ရရှိတဲ့ အချက်အလက်များကို မူတည်ပြီး UNA အဖွဲ့အစည်းတွေကြား ပြန်လည်ပြုပြင်သင့်တဲ့အချက်များကိုပြုပြင်ရန်အတွက်လုပ်ဆောင်ခြင်းဖြစ်သည်” ဟု UNA မှတာဝန်ရှိသူ ဦးစိုင်းကျော်ညွတ်က ပြောဆိုသည်။

UNA မှာ တိုင်းရင်းသားနိုင်ငံရေးပါတီ (၁၅)ပါတီ ဖွဲ့စည်း ထားပြီး ရေရှည်ပြည်ထောင်စုတည်ဆောက်ရေး တွင် တစ်စိတ်တစ်ပိုင်းပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်သောကြောင့် ရည်ရွယ်ချက်နှင့် မူ တူရန်လိုကြောင်း ကို ဆက်ပြောသည်။

ပါတီ နှင့် လူမှုအဖွဲ့အစည်းများမှ ဆွေးနွေးပွဲ ပါဝင်တက်ရောက်သူ ကိုယ်စားလှယ် (၅၀)ခန့် ရှိပြီး ယနေ့ ဒုတိယနေ့တွင် ကချင်ပြည်နယ် နိုင်ငံရေး၊ စီးပွားရေး အကြပ်တည်း နှင့် UNA ရပ်တည်ချက်များ ကို မနောကွင်း Majoi ခန်းမတွင် တင်ပြဆွေးနွေးသွားကြပါသည်။

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...