ရှမ်းမြောက် ကချင်အမျိုးသမီးကြီး ကို RCSS ပစ်သတ်ဟု ရွာသားများ ဆို

ရှမ်းမြောက် ကချင်အမျိုးသမီးကြီး ကို RCSS ပစ်သတ်ဟု ရွာသားများ ဆို

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အနီး တောင်ယာမှအပြန် အသက် ၆၀ ကချင်အမျိုးသမီးကြီး Ma Lawk အား ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS စစ်သားများ ပစ်သတ်ခြင်းဖြစ်သည်ဟု ဒေသခံရွာသားများ ဆိုပါသည်။

လားရှိုး-နမ္မတူ လမ်းမပေါ် မန်ပြိန်းရွာပတ်ဝန်းကျင်တွင် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS နှင့် တအာင်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ပူးပေါင်းတပ်ကြား နိုဝင်ဘာ (၁၇) ညနေပိုင်း တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ဒေါ် Ma Lawk ပစ်သတ်ခံရသော နေရာသည် တိုက်ပွဲ ဖြစ်ပွားသော နေရာနှင့် ဆန့်ကျင်ဘက် နေရာဖြစ်ကြောင်းနှင့် ပစ်ခတ်မှု မလုပ်ခင်မှာလည်း ၎င်းတို့ရှိသော နေရာတွင် မည်သည့် စစ်သားမှ မရှိကြောင်း၊ ၎င်းတို့သည် သာမန် အရပ်သား အဘွားကြီးများသာ ဖြစ်ကြောင်းကို “ရှမ်းဘာသာလို နှင့် မြန်မာဘာသာလို” အော်ဟစ်ပြီး ပြောဆိုခဲ့ကြောင်း ဒေသခံများ ဆိုပါသည်။

“ဒါဟာ တောင်ပိုင်းအဖွဲ့ (RCSS)တွေ ပစ်သတ်တယ်လို့ ဆိုပါတယ်။ ရှမ်းပြည်တောင်ပိုင်းအဖွဲ့ (RCSS)က ရှမ်းပြည်မြောက်ပိုင်းမှာနေထိုင်တဲ့ ကချင်တွေကို အကြိမ်ကြိမ်အခါခါ တခြား တော်လှန်ရေး အဖွဲ့တွေ မလိုလားကြောင်း ရံဖန်ရံခါ သတိပေး ပြောဆိုမှု ရှိခဲ့ဘူးတယ်။ အခုဆို တောင်ယာလုပ်တဲ့ ပြည်သူတွေကို နှိပ်စက်လာပါပြီ။ ဒါဟာ စနစ်တကျလုပ်တာဖြစ်တယ်။ တောင်ပိုင်းတပ် (RCSS)က မြန်မာစစ်တပ်နဲ့ ပေါင်းပြီး ပြဿနာ မဖြစ် ဖြစ်အောင် ဖန်တီးနေတယ်လို့မြင်ပါတယ်” ဟု ဒေသခံ စစ်ရေးသုံးသပ်သူ တစ်ဦး ပြောပါသည်။

စနေနေ့ ပစ်သတ်ခံရသော ဒေါ် Ma Lawk သည် လားရှိုးအနောက်ဘက် ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော် မန်ပြိန်းရွာသား ဖြစ်သည်။

နိုဝင်ဘာ ၁၇၊ ၂၀၁၈ လားရှိုး-နမ္မတူလမ်း မန်ပြိန်းရွာအနီး တိုက်ပွဲတွင် ပစ်သတ်ခံတဲ့ အသက် ၆၀ ကချင်အမျိုးသမီးကြီး Ma lawk

ယခု လုပ်ရပ်သည် ၎င်းနယ်မြေမှ ကချင်လူမျိုးများကို ရှင်းလင်းရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း အထက်က စစ်ရေးသုံးသပ်သူ ဆက်ဆိုသည်။

“သူတို့ (RCSS)က ရှမ်းပြည်မြောက်ပိုင်းမှာ ကချင်လွတ်လပ်ရေး တပ်မတော် KIA ရှိတာကို မလိုလားဘူး။ အဲဒီ နယ်မြေဘက်မှာ ကချင်လူမျိုးတွေ အများကြီး နေထိုင်ကြတယ်။ အဲလို ဆိုတော့ အဲဒီနယ်မြေမှာရှိတဲ့ ကချင်လူမျိုးတွေကို တခြားနယ်မြေဘက်ဆီကို ပြောင်းရွှေ့သွားဖို့ လုပ်ဆောင်ခြင်းဖြစ်မယ်လို့ မြင်ပါတယ်။”

၂၀၁၅ အောက်တိုဘာလတွင် မြန်မာအစိုးရနှင့် တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး NCA စာချုပ်ကို လက်မှတ်ရေးထိုး ပြီးနောက် ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS တပ်ဖွဲ့များ အင်အားအလုံးအရင်းဖြင့် ရှမ်းပြည်မြောက်ပိုင်းကို တက်လာခဲ့ပြီး မကြာမီ TNLA နှင့် SSPP တပ်ဖွဲ့တို့နှင့် စစ်ရေး ပဋိပက္ခများ တိုး၍ ဖြစ်ပွားလာခြင်းဖြစ်သည်။

ရှမ်းပြည်မြောက်ပိုင်း RCSS တပ်ဖွဲ့ စစ်ရေးလှုပ်ရှားမှုနောက်တွင် အမြဲတမ်းလိုလို မြန်မာအစိုးရတပ်များ လည်း လိုက်ပါနေကြောင်း ဒေသခံများ ဆိုပါသည်။

အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...
May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...