တရားစွဲဆို ခံနေရသော ကချင်သူငယ် ဆန္ဒပြပွဲ အမှု နောက်ဆုံး သက်သေကို စစ်ဆေး

တရားစွဲဆို ခံနေရသော ကချင်သူငယ် ဆန္ဒပြပွဲ အမှု နောက်ဆုံး သက်သေကို စစ်ဆေး

တပ်မတော်ကိုအသရေဖျက်မှုဖြင့် တရားစွဲဆို ခံနေရသော ကချင်ဆန္ဒပြ လူငယ်ခေါင်းဆောင် ၃ဦး အမှု နောက်ဆုံးကျန်ရှိသော သက်သေတစ်ဦးကို ယနေ့ မနက် မြစ်ကြီးနား မြို့နယ်တရားရုံးတွင် ထပ်မံစစ်ဆေးခဲ့သည်။

တရားရုံး စစ်ဆေးမှုတွင် စစ်တပ်မှ Lai Nawng Hku (လိုင်နှောင်ခူး) ပိတ်မိပြည်သူများကို ‘ရိုက်နက် ခြိမ်းခြောက်’ မှုများ ပြုလုပ်သည်ဟု ပြောဆိုချက်ပေါ် မှန်ကန်မှုရှိ မရှိကို လက်တွေ့စစ်တပ်မှ ခေါ်ဆောင်သွားပြီး နှိပ်စက်မှုခံခဲ့ရသော Slg. Zaw Tawng (ဆလန် ဇော်တောင်)ကို စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ရှေ့နေ Mung Seng Tu က ကချင်သတင်းဌာန KNG ကို ပြောသည်။

လာမယ့် နိုဝင်ဘာလ ၂၈ရက်နေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ ဒုတိယ ဗိုလ်မှူးကြီးမျိုးမင်းဦး တရားလိုပြုကာ ကချင်ဆန္ဒပြ ခေါင်းဆောင် Lum Zawng (လွမ်းဇောင်း)၊ Zau Jat (ဇော်ဂျတ်) နှင့် Nang Pau (ဒေါ်နန်ပူ) တို့ ကို စွဲဆိုထားသော အမှုကို အပြီးသတ်လျှောက်လွဲချက်ပေးသွားမည်ဖြစ်ကြောင်းကိုလည်း သူက ဆက်ပြောသည်။

အဆိုပါ အမှုနှင့်ပတ်သက်ပြီး မြို့နယ်တရားရုံးတွင် စစ်ဆေးခဲ့သောရုံးချိန်းအကြိမ်ပေါင်း(၂၉)ကြိမ်ရှိခဲ့ပြီး တရားလိုဖြစ်သူ မပခ ဒုတိယ ဗိုလ်မှူးကြီးမျိုးမင်းဦးက ၃ကြိမ် တက်ရောက်ခဲ့ကြောင်းသိရသည်။

Most read this week

January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...
January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...
January 13, 2026
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး...