ဖားကန့် ကျောက်စိမ်းကုမ္ပဏီ နှင့် ရေမဆေးသမား ကြား အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွား

ဖားကန့် ကျောက်စိမ်းကုမ္ပဏီ နှင့် ရေမဆေးသမား ကြား အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွား

ဖားကန့်၊ နန့်မှော်ကျေးရွာအနီး ကျောက်စိမ်းတူးဖော် ကုမ္ပဏီတစ်ခုတွင် ရေမဆေးသမားများနှင့် အစိုးရ လုံခြုံရေးစစ်သားများကြား ပဋိပက္ခဖြစ်ပွားမှုကြောင့် ရေမဆေးသမားတစ်ဦး သေနတ်ထိမှန် သေဆုံးမှု ယနေ့ နိုဝင်ဘာ ၁၉ မှာ ဖြစ်ပွားခဲ့သည်။

အချိန် ညနေ ၃နာရီခန့် တွင် ကျောက်စိမ်းသစ်ရွက် ကုမ္ပဏီလုပ်ကွက် အတွင်း ရေမဆေးကျောက်ရှာဖွေသူများ အချိန်ပိုင်းဝင်ရောက်တူးဖော်ရန်စောင့်ဆိုင်းနေစဉ်လုံခြုံရေးစစ်သားများက ရေမဆေးသမားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ် လိုက်ခြင်းဖြစ်သည်ဟု ရေမဆေးသမား Ah Sau က ကချင်သတင်းဌာန KNG ကို ပြောသည်။

အဆိုပါ လုံခြုံရေးစစ်သားများသေနတ်ဖြင့် ပစ်ခေတ်မှုကြောင့် ရေမဆေးသမားများက ကုမ္ပဏီတဲအိမ်များ၊ ကားများကို မီးရှို့ဖျက်ဆီးခြင်းဖြင့် တုန့်ပြန်ခဲ့သည်ဟု သူဆက်ပြောသည်။

အခင်းဖြစ်ပွားသောနေရာတွင် အုပ်ချုပ်ရေးမှူးများနှင့် အခြားသောအဖွဲ့အစည်းများကလည်း လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...