တစ်ဆို့နေသည့်ငြိမ်းချမ်းရေးဖြစ်စဉ် စုပေါင်းအဖြေရှာရန် အစိုးရကိုယ်စားလှယ် နှင့် RCSS ချင်းမိုင်တွင်တွေ့ဆုံ

တစ်ဆို့နေသည့်ငြိမ်းချမ်းရေးဖြစ်စဉ် စုပေါင်းအဖြေရှာရန် အစိုးရကိုယ်စားလှယ် နှင့် RCSS ချင်းမိုင်တွင်တွေ့ဆုံ

တစ်ဆို့နေသော ငြိမ်းချမ်းရေးဖြစ်စဉ်အား အဖြေရှာရန်တွက်ဟုဆိုကာ အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် PC နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS တို့ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် အလွှတ်သဘောတွေ့ဆုံကြောင်းသိရသည်။

နို၀င်ဘာလ ၁၆ ရက် ညနေ ၅ နာရီ တွင် ချင်းမိုင်မြို့တွင်ပြုလုပ်မည့် တွေ့ဆုံပွဲသို့ အစိုးရ PC ဘက်မှ ဒု- ဗိုလ်ချုပ်ကြီးခင်ဇော်ဦး (ငြိမ်း) ဦးဆောင်သည့် ဦးဇော်ဌေး၊ ဦးအောင်စိုး၊ ဦးလှမောင်ရွှေ ၊ ကူညီဆောင်ရွက်ရေး ဦးကျော်လင်းဦး တို့ ပါ၀င်ပြီး RCSS/SSA ဘက်မှ ဗိုလ်ချုပ်ကြီးယွက်စစ် ကိုယ်တိုင် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့မှ တက်ဆွေးနွေးခဲ့ကြောင်းသိရသည်။

“အဓိကကတော့ ပြီးခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲက တစ်ဆို့နေတာတွေကိုဒီမှာ ပြန်ပြီးတွေ့ဆုံပြီး နည်းလမ်း ရှာတာဖြစ်ပါတယ်။ ဥပမာ အစိုးရတပ်မတော်နဲ့ RCSS/SSA တို့မကြာခဏ ပစ်ခတ်တိုက်ခိုက်မှု တွေဖြစ်ပွါးနေရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးဖြေရှင်းဖို့ ပြီးခဲ့တဲ့ ဂျူလိုင်လတုန်းက PC နဲ့ တွေ့ဆုံ တုန်းက သုံးသပ်လို့မပြီးသေးတဲ့ Bilateral Ceasefire Agreement တွေ။ အခုချိန်အထိ ၄ လ ထဲဝင်လာပြီ။ BCA သုံးသပ်လို့မပြီးသေးတဲ့အပြင် ထိပ်သီးတွေ့ဆုံပွဲတုန်းကဆွေးနွေးတာလည်း ထပ်ပြီးတော့ တစ်ဆို့မှုတွေ ထပ်ရှိလာတယ်ဆိုတော့ – ဒါတွေကိုဆွေးနွေးကြမှာဖြစ်တယ် “- ဟု ပြည်ထောင်စုအင်စတီကျုမှ ဒါရိုက်တာ ဦးခွန်စိုင်းကပြောသည်။

ငြိမ်းချမ်းရေး ကော်မရှင် PC သည် နို၀င်ဘာလ ၁၆ ရက်တွင် RCSS နို၀င်ဘာလ ၁၇ ရက်နေ့တွင် KNU နို၀င်ဘာလ ၁၈ ရက်နေ့တွင် KNPP နှင့် KIO တို့နှင့်တွေ့ဆုံမည်ဖြစ်ကြောင်းလည်း သိရသည်။

အောက်တိုဘာလ ၁၅ နှင့် ၁၆ ရက်နေ့ ထိပ်သီးတွေ့ဆုံမှုနောက်ပိုင်း KNU အနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး မည်သည့် တရားဝင်တွေ့ဆုံ ဆွေးနွေးမှုများ တက်ရောက်မည်မဟုတ်သေးကြောင်း၊ သို့သော်အလွှတ်သဘောတွေ့ဆုံမည်ဆိုပါက တွေ့ဆုံမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၀ ရက်နေ့ ဗဟိုကော်မတီအစည်းအဝေးအပြီး ထုတ်ပြန်ကြေငြာထားသည်။

 

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...