KIA တပ်မဟာ (၁) ရှေ့တန်း စခန်းငယ် (၁)ခု မြန်မာအစိုးရတပ် သိမ်းပိုက်

KIA တပ်မဟာ (၁) ရှေ့တန်း စခန်းငယ် (၁)ခု မြန်မာအစိုးရတပ် သိမ်းပိုက်

ကချင်ပြည်နယ်မြောက်ဘက် မြစ်ကြီးနား-ပူတာအိုလမ်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၁) ရှေ့တန်း စခန်းငယ် (၁)ခု ကို ပြီးခဲ့သည့် နှစ်ရက်က မြန်မာအစိုးရတပ်မှ အင်အားအလုံးအရင်းဖြင့် သိမ်းပိုက်လိုက်ကြောင်း KIA သတင်းရပ်ကွက် က ဆိုသည်။

အင်အားအလုံးအရင်းဖြင့် အစိုးရစစ်ကြောင်း ဝင်ရောက်လာသောကြောင့် စစ်သား (၁၀) ခန့်သာရှိသော KIA တပ်ရင်း (၂၂)၊ Kawng Ja (ကောင်ဂျာ) စခန်းကို နိုဝင်ဘာ (၁၃) အင်္ဂါနေ့ ရှောင်ပေးခဲ့ရသည်ဟု KIA က ဆိုသည်။

အဆိုပါ KIA စခန်းသည် မလိခချောင်း အနောက်ဘက်ခြမ်း KIA တပ်မဟာ (၁) နှင့် တပ်မဟာ (၂) နယ်မြေကြား တည်ရှိပြီး စစ်ရေးအရ အချက်ခြာကျသော တည်နေရာဖြစ်ကြောင်း KIA က ဆိုသည်။

ယခုကဲ့သို့ မြန်မာအစိုးရတပ်၏ KIA စခန်းငယ်ကို သိမ်းပိုက်မှုကြောင့် အဆိုပါဒေသတွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လာနိုင်သည်ဟု လိုင်ဇာ က KIA အရာရှိများ ဆိုသည်။

ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...
ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...