KIA တပ်မဟာ (၁) ရှေ့တန်း စခန်းငယ် (၁)ခု မြန်မာအစိုးရတပ် သိမ်းပိုက်

KIA တပ်မဟာ (၁) ရှေ့တန်း စခန်းငယ် (၁)ခု မြန်မာအစိုးရတပ် သိမ်းပိုက်

ကချင်ပြည်နယ်မြောက်ဘက် မြစ်ကြီးနား-ပူတာအိုလမ်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၁) ရှေ့တန်း စခန်းငယ် (၁)ခု ကို ပြီးခဲ့သည့် နှစ်ရက်က မြန်မာအစိုးရတပ်မှ အင်အားအလုံးအရင်းဖြင့် သိမ်းပိုက်လိုက်ကြောင်း KIA သတင်းရပ်ကွက် က ဆိုသည်။

အင်အားအလုံးအရင်းဖြင့် အစိုးရစစ်ကြောင်း ဝင်ရောက်လာသောကြောင့် စစ်သား (၁၀) ခန့်သာရှိသော KIA တပ်ရင်း (၂၂)၊ Kawng Ja (ကောင်ဂျာ) စခန်းကို နိုဝင်ဘာ (၁၃) အင်္ဂါနေ့ ရှောင်ပေးခဲ့ရသည်ဟု KIA က ဆိုသည်။

အဆိုပါ KIA စခန်းသည် မလိခချောင်း အနောက်ဘက်ခြမ်း KIA တပ်မဟာ (၁) နှင့် တပ်မဟာ (၂) နယ်မြေကြား တည်ရှိပြီး စစ်ရေးအရ အချက်ခြာကျသော တည်နေရာဖြစ်ကြောင်း KIA က ဆိုသည်။

ယခုကဲ့သို့ မြန်မာအစိုးရတပ်၏ KIA စခန်းငယ်ကို သိမ်းပိုက်မှုကြောင့် အဆိုပါဒေသတွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လာနိုင်သည်ဟု လိုင်ဇာ က KIA အရာရှိများ ဆိုသည်။

Most read this week

April 24, 2024
ဖားကန့်မြို့ ဆယ်ဇင်းတပ်စခန်းဖြစ်တဲ့ ခမရ ၁၁၆ တပ်ရင်းကို KIA ပူးပေါင်းတပ်တွေက ဧပြီလ ၂၃ ရက်နေ့ ည ၁၂...
လွတ်မြောက်လာပြီဖြစ်တဲ့ ဘာသာရေးဆရာ ၃ ဦးနဲ့ကျောင်းစောင့် ၂ ဦး၊ PCGအဖွဲ့များအားတွေ့ရစဉ် (Crd- မော်ဖောင်းနှစ်ခြင်းအသင်းတော်)
April 23, 2024
မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာက ဖမ်းခံသွားရတဲ့ ဘာသာရေးဆရာ ၃ ဦးနဲ့ ကျောင်းစောင့် ၂ ဦး...
April 19, 2024
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်မှာရှိတဲ့ အကျဉ်းထောင်မှာဆူပူမှုဖြစ်ပြီး အကျဉ်းသား ၄...