ရေကာတာတည်ဆောက်ရေးကို ဒေသခံများသဘောတူလက်ခံခြင်းမရှိလျှင် ကေအန်ပီပီဖက်မှ ခွင့်မပြုနိုင်ဟုပြောဆိုထားသဖြင့် ကုမ္ပဏီဘက်မှ ရှေ့တိုးဆောင်ရွက်လျှင် နှစ်ဖက်တပ်ပစ်ခတ်နိုင်ပြီး ငြိမ်းချမ်းရေးပျက်ပြားသွားနိုင်သည်ကိုစိုးရိမ်ကြောင်း ကယားပြည်နယ်ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်ရေးကွန်ယက်(KSPMN)မှ လွိုင်ကော်မြို့နေကိုယ်စားလှယ် စောအားလ်ဒိုက ပြောသည်။
“ကေအန်ပီပီဘက်နဲ့ ချုပ်ဆိုထားတဲ့ သဘောတူညီချက်ထဲမှာ အကြီးစားစီမံကိန်းကိုလုပ်ဆောင်မယ်ဆိုရင် လူထုရဲ့ဆန္ဒကိုရယူရမယ်၊ နောက်ပြီးတော့ ပွင့်လင်းမြင်သာမှုရှိရမယ်လို့ သူတို့ပြောတယ်။ ဒါပေမယ့် ရေအားလျှပ်စစ်မှာ ပြောထားတာကတော့ လူထုဘက်ကပဲရှိ မယ်ပေါ့ လူထုကမလုပ်ဘူးဆိုရင် မလုပ်ဘူးပေါ့ ကေအန်ပီပီကခွင့်မပြုပဲနဲ့ သူတို့လုပ်မယ်ဆိုရင် ကေအန်ပီပီကလည်းပစ်မှာပဲလေး။ အဲ့လိုဆိုရင် ငြိမ်းချမ်းရေးပျက်မှာပေါ့” ဟု ၎င်းကပြောသည်။
တိုင်းရင်းသားဒေသမှ အရပ်ဖက်လူမှုအဖွဲ့အစည်းများအားလုံးပါဝင်သည့် အရပ်ဖက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ် တစ်ရပ်ကိုအောက်တိုဘာလ ၁၇-၁၈ရက်ထိ ရန်ကုန်မြို့ရှိပန်ဒါဟိုတယ်တွင် နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့စဉ်တွင်လည်း ကယားပြည်နယ် ငြိမ်းချမ်းရေးဖြစ်စဉ်လေ့လာစောင့်ကြည့်ရေးကိုယ်စားလှယ်များကလည်း ၎င်းကိစ္စရပ်များကိုဆွေးနွေးတင်ပြ ခဲ့ကြသည်ဟုသိရသည်။
“ကျနော်တို့ ကရင်နီပြည် ကိုယ်စားလှယ်တွေကခုလက်ရှိဖြစ်ပျက်နေတဲ့ ပြည်နယ်တွင်းတပ်တွေရဲ့ လှုပ်ရှားမှုတို့၊ ပွန်ချောင်းရေကာ တာတည်ဆောက်မှာတို့ စတဲ့ကျနော်တို့ရဲတွေ့ရှိချက်တွေကိုဆွေးနွေးခဲ့ပါတယ်။” ဟုကယား(ကရင်နီ)ပြည်နယ် မောဒူကလားမေး လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ လူ့စွမ်းအားအရင်းအမြစ် မန်နေဂျာဦးမြာရယ်ကပြောပါသည်။
အောက်တိုဘာလ ၁၈ ရက််နေ့ကစောလုံ-ဟော်ခမ်းရေကာတနှင့်ပတ်သက်၍ ကရင်နီအမျိုးသားတိုးတက်ရေးပါတီက အစိုးရနှင့်ရေရှည်ကောင်းမွန်သည့် ဆက်ဆံရေးတည်ဆောက်ရန်အတွက်သာ လေ့လာဆန်းစစ်မှုလုပ်ဆောင်ရန်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ဆောက်လုပ်ရန်ခွင့်ပြုသည့်အဆင့်မဟုတ်ကြောင်း သဘောထားထုတ်ပြန်ကြေညာခဲ့သည်။
KNPP အနေဖြင့် ပြည်နယ်အစိုးရနှင့် မေလ ၂၃ ရက်နေ့တွင် တစ််ကြိမ်သာတွေ့ဆုံနိုင်ခဲ့ပြီး ပြည်ထောင်စုအစိုးရနှင့် ယခုအချိန်ထိတွေ့ ဆုံဆွေးနွေးမှု မရှိသေးကြောင်းထုတ်ပြန်ကြေညာချက်ထဲတွင် ဖော်ပြပါရှိပါသည်။
ပြည်နယ်အစိုးရနှင့်တွေ့ဆုံစဉ်တွင် ပြည်နယ်လျှပ်စစ်စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီးက စော်လုံ-ဟောခမ်းဒေသတွင် ရေအားလျှပ်စစ်စီမံကိန်းအတွက် ပဏာမတိုင်းတာသည့် အဆင့်ကိုလုပ်ဆောင်ရန်ရှိသဖြင့် ခွင့်ပြုရန် တောင်းဆိုဆွေးနွေးခဲ့ခြင်း သာဖြစ်သည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထးပါသည်။
ရေကာတာစီမံကိန်းအနီးပတ်ဝန်းကျင်တွင်လည်းယခင်လက KNPP တပ်ဖွဲ့များက လှုပ်ရှားသွားလာမှုများရှိခဲ့သည်ဟုလည်းသိရသည်။ တစ်ဖက်တွင်လည်းအစိုးရတပ်များက နယ်မြေခံKNPP တပ်များကို အကြောင်းကြားခြင်းမရှိဘဲသွားလာနေသည့် စစ်ကြောင်းများ လည်းရှိနေသည့်အတွက် ထိပ်တိုက်တွေ့ဆုံကတိုက်ပွဲပြန်လည်ဖြစ်ပွားနိုင်သည်ဟုလည်း ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်သူများကသုံး သပ်ပြောဆိုကြပါသည်။







