NCA လက်မှတ်ရေးထိုးပြီးဖြစ်သဖြင့် ဥပဒေပြင်ပမဟုတ်တော့ကြောင်း RCSS/SSA ပြော

NCA လက်မှတ်ရေးထိုးပြီးဖြစ်သဖြင့် ဥပဒေပြင်ပမဟုတ်တော့ကြောင်း RCSS/SSA ပြော
NCA သဘောတူညီချက်စာချုပ် အခန်း ၆ အချက်နံပတ် ၂၄
NCA သဘောတူညီချက်စာချုပ် အခန်း ၆ အချက်နံပတ် ၂၄

RCSS/SSA နှင့်ပတ်သက်ဆက်နွယ်သူများအား ၁၇-၁ ဖြင့် အရေးယူမည်ဟု ကျေးလက်အုပ်ချုပ်ရေးမှူးများအး သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲအခြေစိုက် စကခ ၁ မှ အောက်တိုဘာလ ၃၁ ရက်နေ့က ခေါ်ယူပြောဆို လိုက်သည့် အပေါ် ဗိုလ်မှူးကြီးစိုင်းငင်း က ထိုသို့ပြောဆိုလိုက်သည်။

“RCSS/SSA က NCA အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်တယ်။ NCA ထဲမှာတဲ့ အခန်း ၆ ပုဒ်မ ၂၄ ပါ အချက် ၄ ချက် ပါအတိုင်းဆိုရင် RCSS/SSA ကိုအဲလိုစွပ်စွဲလို့မရဘူး။ စွပ်စွဲပိုင်ခွင့်မရှိဘူး။ တကယ်လို့ စကခ ၁ က လူထုကို အမှန်တကယ်ပြောရတယ်ဆိုရင်လည်း ပြန်ပြီးတော့ ရုပ်သိမ်းပေးပါ။ ဒါမှမဟုတ်ရင်တော့ ဒီစွပ်စွဲ ချက်ဟာ NCA နဲ့လုံးဝ မကိုက်ညီဘူးဆိုတာကိုကျနော်တို့ တရားဝင်စာရေးသားပေးပို့ရမှာဖြစ်ပါတယ်။ ”- ဟု RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းငင်းက သျှမ်းသံတော်ဆင့်အားပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်နေ့က ကျောက်မဲမြို့နယ်အတွင်းရှိ ကျေးလက်၊ အုပ်စု အကြီးအကဲ များအားခေါ်ယူကာ RCSS/SSA နှင့်ပတ်သက်ဆက်နွယ်ပါက ဥပဒေ ပြင်ပအဖွဲ့အစည်းနှင့် ဆက်သွယ်မှု ဟုဆိုကာ ၁၇-၁ ဥပဒေဖြင့်အရေးယူမည်ဖြစ်ကြောင်း ပြောဆိုသည်ဟု RCSS/SSA ပိုင် Taifreedom ၀က်ပ်ဆိုက်တွင်ဖော်ပြသကဲ့သို့ နိုင်ငံရေးပါတီဝင် ကျောက်မဲဒေသခံတဦးကလည်း သျှမ်းသံတော်ဆင့် အားပြောသည်။

“NCA သဘောတူညီချက်စာချုပ်ပါအရေးကြီးအချက်အလက်များကောက်နှုတ်ရေးသားထားသည့် စာအုပ်တွင် အခန်း ၆ ယုံကြည်မှုတည်ဆောက်ခြင်းနှင့်စပ်လျဉ်းသည့်ဆောင်ရွက်ရမည့်အချက်များ အချက်နံပတ် ၂၄ (က နှင့် ခ) တွင် NCA လက်မှတ်ရေးထိုး သူများနှင့်ပတ်သက်သည့် မည်သည့်ပုဂ္ဂိုလ်သို့မဟုတ် အဖွဲ့အစည်း ကိုမျှ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရဖြစ်စေ၊ မတရားအသင်း အက်ဥပဒေအရဖြစ်စေ အရေးမယူရန် ” – ဟု ပါရှိသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA သည် ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၅ အောက်တိုဘာလ ၁၂ ရက်နေ့က အကြမ်းဖက်သူများအဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း အစိုးရက ထုတ်ပြန်ကြေငြာထားသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...