အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နှစ် (၃၀)ပြည့် အခမ်းအနား မြစ်ကြီးနားတွင် ကျင်းပ

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နှစ် (၃၀)ပြည့် အခမ်းအနား မြစ်ကြီးနားတွင် ကျင်းပ

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ် (၃၀)ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ မြစ်ကြီးနားမြို့ စုပေါင်းရုံးတွင်ပြုလုပ်ခဲ့သည်။

နှစ်စဉ် နှစ်ပတ်လည်အထိမ်းအမှတ်ပြုလုပ်ရခြင်းမှာ အုပ်ချုပ်ရေးဝန်ထမ်းများနှင့်သက်ဆိုင်သော ကျင့်ဝတ်သိက္ခာများကိုသတ်မှတ်ထားသည့်အတွက် ဝန်ထမ်းတစ်ဦးချင်း၏ အနေအထားများကို ဖော်ထုတ်ချီးမြင့်ပေးပြီး ဌာန၏ ဂုဏ်သိက္ခာကိုမြင့်တင်ပေးသောပွဲဖြစ်သည်ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူး ဦးသန်းဝင်း ပြောဆိုသည်။



လက်ရှိအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြေယာစီမံခန့်ခွဲရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အသင်းဖွဲ့မှတ်ပုံတင်လုပ်ငန်းများ၊ အခြားသောဌာနများနှင့် ပေါင်းစပ်လုပ်ကိုင်သောလုပ်ငန်းများ၊ နေရပ်စွန့်ခွာစစ်ရှောင်မိသာစုများကို စားနပ်ရိက္ခာထောက်ပေးသောလုပ်ငန်းများ လုပ်ဆောင်နေခြင်းကိုလည်းပြောဆိုသည်။



အဆိုပါ နှစ်ပတ်လည်အခန်းအနားတွင် ဝန်ထမ်းများကို ဝတ်စုံများထောက်ပ့ံပေးခြင်းနှင့် ဗလာမပါငွေသား ကျပ် သိန်း ၃ဝဖိုး ကံစမ်းမဲများကိုလည်း ဖွင့်ဖောက်ပေးသွားမည်ဖြစ်သည်။

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...